• Follow Us on

Home ပူတာအို၌ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ရန္ ေလဆိပ္ႏွင့္ ကားဂိတ္မ်ားတြင္ ကာကြယ္ေရးလုပ္ငန္းမ်ား ပိိိုမိုလုပ္ေဆာင္ေန

ပူတာအို၌ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ရန္ ေလဆိပ္ႏွင့္ ကားဂိတ္မ်ားတြင္ ကာကြယ္ေရးလုပ္ငန္းမ်ား ပိိိုမိုလုပ္ေဆာင္ေန

Share this post

ျမစ္ႀကီးနား၊ ေဖေဖာ္ဝါရီ – ၁၅

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာ ကြယ္ေရးလုပ္ငန္းမ်ား ေလဆိပ္ႏွင့္ ကားဂိတ္တို႔၌ ပိုမိုလုပ္ေဆာင္ေနေၾကာင္း ၿမိဳ႕နယ္ျပည္သူ့က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ကို႐ိုနာ ဗိုင္းရပ္စ္ကူးဆက္ျပန္႔ပြားမႈႀကိဳတင္ကာကြယ္ေရးလုပ္ငန္းကို မႈလကပိုင္းက ပူတာအိုေလ ဆိပ္တြင္သာေဆာင္ရြက္ၿပီး ႏိုင္ငံတကာတြင္ကူးဆက္မႈပိုမိုျမင့္တက္ေနျခင္းေၾကာင့္ ကားဂိတ္မ်ားအထိပါ က်န္းမာေရးစစ္ေဆးမႈမ်ား အျပင္ အဝင္ခရီးသည္မ်ားကို အဖ်ားတိုင္းျခင္းမ်ား လုပ္ငန္းမ်ားကိုမိုပို လုပ္​ေဆာင္ေနေၾကာင္း ပူတာအိုၿမိဳ႕နယ္ က်န္းမာေရးမွဴး ေဒၚရြယ္ဂေရာင့္က ဆိုသည္။

”ကြၽန္မာတို႔ က်န္းမာေရးဝန္ထမ္းေတြ အေလ့အက်နဲ႔ ဦးေဆာင္ၿပီးမွသြားစစ္တယ္။ ေန႔တိုင္းေလယာဥ္လာတိုင္းေပါ႔ ကြင္းခ်ိန္ ဘယ္ခ်ိန္လဲဆိုတာ ကြၽန္မတို႔ကႀကိဳတင္ေရာက္ၿပီးမွ လာတဲ့လူတိုင္းကိုစစ္တယ္​။ ဒီေလဆိပ္အျပက္ြၽန္မတို႔ မူလာရွီးဒီ ဂိတ္မွာ အဝင္ကို စစ္တယ္”ဟု ေဒၚရြယ္ဂေရာင့္ကေျပာသည္။

ဤသို႔ စစ္ေဆးရာတြင္ တစ္ေန႔လွ်င္ လူဦးေရ(၁၀၀)​ေက်ာ္ခန္႔ကိုေန႔စဥ္ စစ္ေဆးေပးေလ့ရွိေနၿပီး ဇန္နဝါရီ (၂၇) ရက္ေန႔မွ စတင္စစ္ေဆးခဲ့ရာ ယေန႔ထိ သံသယလူနာမေတြ႕ရွိရေသးေၾကာင္း ၎၏ ေျပာဆိုခ်က္အရ သိရသည္။

”ေန႔တိုင္းေတာ့ စစ္တယ္တာေပမယ့္ဒီေန႔အထိ သံသယလူနာတို႔ အဖ်ားရွိတာတို႔ေတာ့ မရ္ှိေသးဘူး”ဟု ဆရာမ ေဒၚရြယ္ဂေရာင့္ကေျပာသည္။

ၿမိဳ႕နယ္ျပည္သူ့က်န္းမာေရးအေနျဖင့္ ယခုကဲ့သို႔ႀကိဳတင္ကာကြယ္စစ္ေဆးျခင္းအျပင္ သံသယလူနာေတြ႕ရွိပါက သီးသန္႔ထားကာ ေစာင့္ၾကည့္ကုသႏိုင္ရန္ ျပည္သူ့ေဆး႐ုံႀကီးတြင္ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္ရြက္ထားၿပီျဖစ္ေၾကာင္းလည္း သိရသည္။

ကခ်င္ျပည္နယ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ျမန္မာ-တ႐ုတ္တရားဝင္ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ ကန္ပိုက္တည္ဂိတ္၊ ပန္ဝါဂိတ္၊ လြယ္ဂ်ယ္ဂိတ္မ်ားတြင္လည္း ေစာင့္ၾကည့္စစ္ေဆးျခင္းလုပ္ငန္းမ်ားကိုအရွိန္အဟုန္ျမင့္တင္ ေဆာင္ရြက္လ်က္ရွိေနေၾကာင္း ကခ်င္ျပည္ နယ္ျပည္သူ့က်န္းမာေရးဦးစီးဌာနမွသိရသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၂၁ ဦးရွိၿပီး ၁၃ ဦးမွာ ေရာဂါပိုး လုံးဝမရွိေၾကာင္း အစိုးရ က်န္းမာေရးဝန္ႀကီးဌာနက ယ​ေန႔နံနက္ပိုင္းတြင္ေၾကျငာခဲ့ သည္။

ယေန႔ နံနက္ပိုင္းအထိ ကမၻာတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၇၁၀၂ ဦး၊ ေသဆုံးသူ ၁၅၂၆ ရွိၿပီျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတြင္ ၁၅၂၃ ဦး၊ ဖိလစ္ပိုင္၊ ေဟာင္ေကာင္နဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ ၁ ဦးစီ ေသဆုံးခဲ့ၿပီး ေရာဂါ ေပ်ာက္ကင္းသက္သာသူ ၈၂၇၆ ရွိအထိ ရွိလာၿပီျဖစ္ေၾကာင္းသိရသည္။

လြမ္းေအာင္

#peoplemedia #ျမစ္ဖ်ားဧရာ

(unicode)
ပူတာအို၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် လေဆိပ်နှင့် ကားဂိတ်များတွင် ကာကွယ်ရေးလုပ်ငန်းများ ပိိိုမိုလုပ်ဆောင်နေ

မြစ်ကြီးနား၊ ဖေဖော်ဝါရီ – ၁၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ လေဆိပ်နှင့် ကားဂိတ်တို့၌ ပိုမိုလုပ်ဆောင်နေကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုရိုနာ ဗိုင်းရပ်စ်ကူးဆက်ပြန့်ပွားမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မှုလကပိုင်းက ပူတာအိုလေ ဆိပ်တွင်သာဆောင်ရွက်ပြီး နိုင်ငံတကာတွင်ကူးဆက်မှုပိုမိုမြင့်တက်နေခြင်းကြောင့် ကားဂိတ်များအထိပါ ကျန်းမာရေးစစ်ဆေးမှုများ အပြင် အဝင်ခရီးသည်များကို အဖျားတိုင်းခြင်းများ လုပ်ငန်းများကိုမိုပို လုပ်​ဆောင်နေကြောင်း ပူတာအိုမြို့နယ် ကျန်းမာရေးမှူး ဒေါ်ရွယ်ဂရောင့်က ဆိုသည်။

”ကျွန်မာတို့ ကျန်းမာရေးဝန်ထမ်းတွေ အလေ့အကျနဲ့ ဦးဆောင်ပြီးမှသွားစစ်တယ်။ နေ့တိုင်းလေယာဥ်လာတိုင်းပေါ့ ကွင်းချိန် ဘယ်ချိန်လဲဆိုတာ ကျွန်မတို့ကကြိုတင်ရောက်ပြီးမှ လာတဲ့လူတိုင်းကိုစစ်တယ်​။ ဒီလေဆိပ်အပြင်ကျွန်မတို့ မူလာရှီးဒီ ဂိတ်မှာ အဝင်ကို စစ်တယ်”ဟု ဒေါ်ရွယ်ဂရောင့်ကပြောသည်။

ဤသို့ စစ်ဆေးရာတွင် တစ်နေ့လျှင် လူဦးရေ(၁၀၀)​ကျော်ခန့်ကိုနေ့စဥ် စစ်ဆေးပေးလေ့ရှိနေပြီး ဇန်နဝါရီ (၂၇) ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့ထိ သံသယလူနာမတွေ့ရှိရသေးကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။

”နေ့တိုင်းတော့ စစ်တယ်တာပေမယ့်ဒီနေ့အထိ သံသယလူနာတို့ အဖျားရှိတာတို့တော့ မရ်ှိသေးဘူး”ဟု ဆရာမ ဒေါ်ရွယ်ဂရောင့်ကပြောသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးအနေဖြင့် ယခုကဲ့သို့ကြိုတင်ကာကွယ်စစ်ဆေးခြင်းအပြင် သံသယလူနာတွေ့ရှိပါက သီးသန့်ထားကာ စောင့်ကြည့်ကုသနိုင်ရန် ပြည်သူ့ဆေးရုံကြီးတွင်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားပြီဖြစ်ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြန်မာ-တရုတ်တရားဝင် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တည်ဂိတ်၊ ပန်ဝါဂိတ်၊ လွယ်ဂျယ်ဂိတ်များတွင်လည်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုအရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း ကချင်ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၁ ဦးရှိပြီး ၁၃ ဦးမှာ ရောဂါပိုး လုံးဝမရှိကြောင်း အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယ​နေ့နံနက်ပိုင်းတွင်ကြေငြာခဲ့ သည်။

ယနေ့ နံနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၁၀၂ ဦး၊ သေဆုံးသူ ၁၅၂၆ ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံတွင် ၁၅၂၃ ဦး၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး ရောဂါ ပျောက်ကင်းသက်သာသူ ၈၂၇၆ ရှိအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။

လွမ်းအောင်

#peoplemedia #မြစ်ဖျားဧရာ


Share this post