• Follow Us on

Home ပူတာအိုမြို့တွင် ယခုနှစ်ဆောင်းရာသီ၌ အနိမ့်ဆုံးအပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ရှိနိုင်မည်ဟုဆို


Share this post

ပူတာအို၊ ဒီဇင်ဘာ ၁၇


ပူတာအိုမြို့တွင် လွန်ခဲ့သည့်(၂)နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဆောင်းရာသီ၌ အအေးဓာတ် ပိုခြင်း လျှော့ခြင်း မျိုးရှိမည် မဟုတ်ဘဲ ယခင်နှစ်များက အတိုင်းသာ အအေးဓာတ်ရှိမည်ဖြစ်ေ ကြာင်း ပူတာအိုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုဦးစီးမှူး ဦးအားဆီဆဲက ပြောပြ သည်။


ပူတာအိုမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ၏ အနိမ့်ဆုံးအပူချိန်မှာ ၂ဒီဂရီစင်တီ ဂရိတ်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ၏ အနိမ့်ဆုံးအပူချိန်မှာ ၂ဒသမ၅ဒီဂရီစင်တီဂရိတ်ြ ဖစ်ကြောင်း သိရပြီး ယခု ၂၀၁၉ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့၌ အနိမ့်ဆုံးအပူချိန် ၃ဒသမ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်း ခဲ့ကြောင်း ပူတာအိုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။


မီးမီး

#PeopleMedia

(unicode)
ပူတာအိုမြို့တွင် ယခုနှစ်ဆောင်းရာသီ၌ အနိမ့်ဆုံးအပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ရှိနိုင်မည်ဟုဆို
………………………………………………………………………………..

ပူတာအို၊ ဒီဇင်ဘာ ၁၇

ပူတာအိုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ စောင့်ကြည့်ခန့်မှန်းချက်အရ ပူတာအိုမြို့တွင် ယခုနှစ်ဆောင်းရာသီ၌ အနိမ့်ဆုံးအပူချိန် ၂ဒီဂရီစင်တီဂရိတ်ခန့်အထိရှိနိုင်မည် ဖြစ်ကြောင်း ယင်းဌာန၏ တာဝန်ရှိသူက ဆိုသည်။

ပူတာအိုမြို့တွင် လွန်ခဲ့သည့်(၂)နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဆောင်းရာသီ၌ အအေးဓာတ် ပိုခြင်း လျှော့ခြင်း မျိုးရှိမည် မဟုတ်ဘဲ ယခင်နှစ်များက အတိုင်းသာ အအေးဓာတ်ရှိမည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုဦးစီးမှူး ဦးအားဆီဆဲက ပြောပြသည်။

”ဒီနှစ်ဆောင်းရာသီအနိမ့်ဆုံးအပူချိန်က အရင်နှစ်တွေ အတိုင်းပဲဖြစ်မြဲအတိုင်းသာရှိပါမယ် အအေးဆုံးလကတော့ ဇန်နဝါရီလဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပူတာအိုမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ၏ အနိမ့်ဆုံးအပူချိန်မှာ ၂ဒီဂရီစင်တီဂရိတ်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ၏ အနိမ့်ဆုံးအပူချိန်မှာ ၂ဒသမ၅ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်း သိရပြီး ယခု ၂၀၁၉ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့၌ အနိမ့်ဆုံးအပူချိန် ၃ဒသမ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်း ခဲ့ကြောင်း ပူတာအိုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ပူတာအိုဒေသ၏ ဆောင်းရာသီကာလမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ကြောင်းနှင့် ဆောင်းရာသီ၌ ပူတာအိုခရိုင်အတွင်း အအေးဆုံးမြို့များမှာ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူး စသည့် ဖြစ်ကြောင်းကိုလည်း သိရသည်။

မီးမီး

#PeopleMedia


Share this post