• Follow Us on

Home ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ်အနှစ် (၂၀) အမိန့် ချမှတ်

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ်အနှစ် (၂၀) အမိန့် ချမှတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ (People Media)

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား စုစုပေါင်း အမှုခုနစ်မှုအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်သည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စား မှုများရှိသောကြောင့် အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ဆေးတွေ့ရှိချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် နိုင်ငံရေးရာ ထူးလက်ရှိဖြစ်ခဲ့စဉ်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ မိမိတစ်ဦးတည်း သဘောဖြင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သုံးစွဲခြင်းနှင့် ပါတီလုပ်ငန်းများတွင် သုံးစွဲထောက်ပံ့ခြင်း၊ ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်း များ အဆင်ပြေချောမွေ့စေရေးအတွက် ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီဥက္ကဋ္ဌတစ်ဦးထံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ ကို လက်ခံရယူပြီး အလှူငွေစာရင်းတွင် ထည့်သွင်းရေးသားမှုမပြုခြင်းစသည်တို့အပါအဝင် အဂတိလိုက်စားမှုများ စွာကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ  ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်မှုအမှတ် ၁/၂၀၂၁ မှ  ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁၊ ၂/၂၀၂၁၊ ၃/၂၀၂၁၊ ၄/ ၂၀၂၁၊ ၅/၂၀၂၁ နှင့် ၇/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃နှစ်စီဖြင့် ၁၈ နှစ် ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ အတွက် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post