• Follow Us on

Home ပဲခူးတိုင္းအစိုးရအဖြဲ႕ဝင္ဝန္ႀကီးအခ်ိဳ႕ကို မေခ်မငံေျပာဆိုသည့္ တိုင္းအတြင္းေရးမွဴး ေနျပည္ေတာ္သို႔ ေရႊ႕ေျပာင္းခံရ

ပဲခူးတိုင္းအစိုးရအဖြဲ႕ဝင္ဝန္ႀကီးအခ်ိဳ႕ကို မေခ်မငံေျပာဆိုသည့္ တိုင္းအတြင္းေရးမွဴး ေနျပည္ေတာ္သို႔ ေရႊ႕ေျပာင္းခံရ

Share this post

ပဲခူး၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ဝန္ႀကီးအခ်ိဳ႕ႏွင့္ အစည္းအေဝးတစ္ခုတြင္ မေခ်မငံေျပာဆိုခဲ့သည့္ ပဲခူးတိုင္း ေဒသႀကီး အစိုးရအဖြဲ႕အတြင္းေရးမွဴး ဦးခင္ေမာင္ဆန္းသည္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊ႕ခံလိုက္ရသည္။

“အဲ့ဒါကေတာ့ ဟုတ္ပါတယ္၊ အစည္းအေဝးမွာ ျဖစ္တယ္ဆိုေပမယ့္ ဒီလိုမ်ိဳးေလးေတာ့ ျဖစ္ပါတယ္၊ ေအာ္ဒါ ထြက္တာပဲရွိပါတယ္၊ ဘယ္ေတာ့ ေျပာင္းမယ္ဆိုတာကေတာ့ မသိေသးပါဘူး” ဟု ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

တာဝန္ေရႊ႕ေျပာင္းခံရသည့္ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္ဆန္းသည္ ေျမယာ ေလွ်ာက္ထားခြင့္ႏွင့္ပတ္သက္၍ အစိုးရအဖြဲ႕မွ ျပန္လည္စိစစ္ရန္ ေျပာၾကားျခင္းအား မေက်နပ္သျဖင့္ မေခ်မငံေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက ေျပာသည္။

တာဝန္ေရႊ႕ေျပာင္းခံရသည့္ ဦးခင္ေမာင္ဆန္းသည္ ယခင္ျပဳလုပ္သည့္ အစည္းအေဝးတစ္ခုတြင္လည္း တိုင္း အစိုးရအဖြဲ႕ဝင္အခ်ိဳ႕အား မေခ်မငံ ေျပာဆိုမႈမ်ားရွိခဲ့၍ သတိေပးခံထားရသူျဖစ္ၿပီး ယခု ဒုတိယတစ္ႀကိမ္မွာေတာ့ ပဲခူးတိုင္းေဒသႀကီးမွ အစိုးရအဖြဲ႕အတြင္းေရးမွဴး တာဝန္မွ ေရႊ႕ေျပာင္းလိုက္ျခင္းျဖစ္သည္။

Photo – ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕

#PeopleMedia #ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕

(unicode)
ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့ကို မချေမငံပြောဆိုသည့် တိုင်းအတွင်းရေးမှူး နေပြည်တော်သို့ ရွှေ့ပြောင်းခံရ
……………………………………………………..

ပဲခူး၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နှင့် အစည်းအဝေးတစ်ခုတွင် မချေမငံပြောဆိုခဲ့သည့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းသည် နေပြည်တော်သို့ ပြောင်းရွှေ့ခံလိုက်ရသည်။

“အဲ့ဒါကတော့ ဟုတ်ပါတယ်၊ အစည်းအဝေးမှာ ဖြစ်တယ်ဆိုပေမယ့် ဒီလိုမျိုးလေးတော့ ဖြစ်ပါတယ်၊ အော်ဒါ ထွက်တာပဲရှိပါတယ်၊ ဘယ်တော့ ပြောင်းမယ်ဆိုတာကတော့ မသိသေးပါဘူး” ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာဝန်ရွှေ့ပြောင်းခံရသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းသည် မြေယာ လျှောက်ထားခွင့်နှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ ပြန်လည်စိစစ်ရန် ပြောကြားခြင်းအား မကျေနပ်သဖြင့် မချေမငံပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာဝန်ရွှေ့ပြောင်းခံရသည့် ဦးခင်မောင်ဆန်းသည် ယခင်ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင်လည်း တိုင်း အစိုးရအဖွဲ့ဝင်အချို့အား မချေမငံ ပြောဆိုမှုများရှိခဲ့၍ သတိပေးခံထားရသူဖြစ်ပြီး ယခု ဒုတိယတစ်ကြိမ်မှာတော့ ပဲခူးတိုင်းဒေသကြီးမှ အစိုးရအဖွဲ့အတွင်းရေးမှူး တာဝန်မှ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

Photo – ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

#PeopleMedia #ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့


Share this post