• Follow Us on

Home ပဲခူးတိုင်းအတွင်း လာမည့်နှစ်တွင် နေကြာဧက (၈၅၀၀၀) ကျော် စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက် ရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

ပဲခူးတိုင်းအတွင်း လာမည့်နှစ်တွင် နေကြာဧက (၈၅၀၀၀) ကျော် စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက် ရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

Share this post

နေပြည်တော်၊ မတ် ၇

 

ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့် နှစ်တွင် နေကြာဧက ၈၅၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံပိုလျှံမှုရှိစေရန် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြို့နယ်အလိုက် အမှန်တကယ် နေကြာစိုက်ပျိုး ဖြစ်ထွန်းစေမယ့် စိုက်ပျိုးမြေတွေ ရှာဖွေဖို့ တစ်ကွင်းတစ် ဆက်တည်း ဧကများစွာ တို့ချဲ့စိုက်ပျိုးဖို့ လိုအပ်ပြီး အသိပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်တွေ ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစုတွေ ထောက်ပံ့ပေးခြင်းနဲ့ ရေရရှိရေးတွေကို ဆောင်ရွက်ပေးကြရမှာဖြစ်တယ်။ မျိုးစုဆောင်း ဝယ်ယူ ရာမှာ ဒေသနဲ့ကိုက်ညီပြီး အထွက်နှုန်းတိုးတက်တဲ့ နေကြာမျိုးတွေ ကြိုတင်ဝယ်ယူနိုင်ဖို့ စီမံဆောင်ရွက်ထား ကြရမှာဖြစ်တယ်” ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

 

ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက စိုက်ပျိုးထွက်ရှိလာသည့် နေကြာများ ဈေး ကွက်ခိုင်မာမှုရှိစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် အခြေအနေများ၊ သွင်း အားစုနှင့် နေကြာမျိုး လိုအပ်ချက်ကြိုတင်စုဆောင်းထားရန်၊ စိုက်ပျိုးရေရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ စက်ယန္တရားများ ထောက်ပံ့ပေးမည့် အခြေအနေများနှင့် ခရိုင်အလိုက် နေကြာစိုက်ပျိုးသွားမည့် မြေနေရာ စာရင်းပြုစုထားရှိမှု၊ အသိပညာပေး လုပ်ငန်းများနှင့် ကြိုတင်ကွင်းဆင်း ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post