• Follow Us on

Home ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ (၈၈) လုံးနှင့် အခန်းပေါင်း (၂၅၉၉) ခန်းထိ တိုးချဲ့ တည်ဆောက်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ (၈၈) လုံးနှင့် အခန်းပေါင်း (၂၅၉၉) ခန်းထိ တိုးချဲ့ တည်ဆောက်ထား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံးနှင့် အခန်းပေါင်း ၂၅၉၉ ခန်းထိ တိုးချဲ့ တည်ဆောက်ထားပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဇန်နဝါရီလအတွင်း ပျူမြို့ဟောင်း ခရီး သွားလုပ်ငန်း မြှင့်တင်နိုင်ရေး အပျော်တမ်း စက်ဘီးစီးပွဲတော်အား အားကစားသမား ၃၅၀ ကျော်ဖြင့် တည် ငြိမ်အေးချမ်းစည်ကား သိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွား လုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ဆောင် ရွက်သွားနိုင်ရေး ကြိုးစားလျက် ရှိကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဟိုတယ်လုပ်ငန်းများ၊ စား သောက်ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများလည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်ဝန်ဆောင်မှုဝန်ထမ်းများ ၉၅ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီသာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စစ်ဆေး ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်    ခရီးစဉ်ဒေသများ သန့်ရှင်းသပ်ရပ်စေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျ တပ်ဆင်ထားနိုင်ရန်နှင့် Public Toilet များ နိုင်ငံတကာအဆင့်မီမြှင့်တင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်” ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တည်းခို ရိပ်သာခုနစ်ခု သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းသို့ အဆင့်မြှင့်တင်ခြင်းတစ်ခုတို့အား ရှင်းလင်းတင်ပြရာ  တက်ရောက်လာသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက ဟိုတယ်၊ တည်းခိုရိပ်သာ ၇၇ ခုနှင့် အခန်း ပေါင်း ၂၂၇၂ ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်/တည်းခိုရိပ်သာ ၈၈ လုံးနှင့် အခန်းပေါင်း ၂၅၉၉ ခန်း ရှိခဲ့ပြီး ဖြစ်သဖြင့်  ဟိုတယ်၊ တည်းခိုရိပ်သာ ၁၁ ခုနှင့် အခန်းပေါင်း ၃၂၇ ခန်း ပိုမိုတိုးတက်လာကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post