• Follow Us on

Home ပဲခူးတိုင်းဒေသကြီး၌ သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ပဲခူးတိုင်းဒေသကြီး၌ သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

ပဲခူး၊ ဒီဇင်ဘာ ၁၃ (People Media)

 

ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၌ သတင်းထောက်အဖြစ်လုပ်ကိုင်သည့် လူထုအလင်း သတင်းအေဂျင်စီမှ သတင်းထောက်ဦးဇော်ဝင်းသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံ များထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်က ဦးဇော်ဝင်းသည် နေအိမ်မှ ထွက်ခွာစဉ် ပုတီးကုန်း-သဲကုန်းသွားကားလမ်းပေါ်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ပုတီးကုန်း-သဲကုန်းသွားကားလမ်းပေါ်မှာ ဖြစ်တာပါ၊ အပစ်ခံရတဲ့သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးပါတယ်၊ ရုပ်အလောင်းကိုတော့ ပဲခူးဆေးရုံကိုပို့ပြီးတော့ ဆေးစစ်ချက် ယူ ထားပါတယ်” ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့သည့်လပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အမည်မသိသေနတ်သမားများ၏ လုပ်ကြံသတ် ဖြတ်မှုကြောင့် သတင်းထောက်တစ်ဦးသေဆုံးခဲ့ပြီး ယခုတွင် ဒုတိယအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်မှု ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia #ပဲခူး #သတင်းထောက်

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post