• Follow Us on

Home ပဲခူးတိုင္း၊ မင္းလွၿမိဳ႕ ၿမိဳ႕မေစ်းရွိ US ေရႊဆိုင္မွ ေရႊတစ္ပိႆာေပ်ာက္ဆံုးခဲ့သည့္အမႈ တစ္ပတ္အၾကာတြင္ ဖမ္းဆီးရမိ

ပဲခူးတိုင္း၊ မင္းလွၿမိဳ႕ ၿမိဳ႕မေစ်းရွိ US ေရႊဆိုင္မွ ေရႊတစ္ပိႆာေပ်ာက္ဆံုးခဲ့သည့္အမႈ တစ္ပတ္အၾကာတြင္ ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕၊ ၿမိဳ႕မေစ်းရွိ US ေရႊဆိုင္မွေရႊတစ္ပိႆာေပ်ာက္ဆံုးခဲ့သည့္အမႈ တစ္ပတ္အၾကာတြင္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ အဆိုပါၿမိဳ႕မေစ်းရွိ US ေရႊဆိုင္ပိုင္ရွင္မွ ဒီဇင္ဘာလ ၁ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ခန္႔တြင္ ဆိုင္ဖြင့္ရန္ေရာက္ရွိ လာၿပီး ေရႊထုတ္အား မွန္ဗီ႐ိုအံဆြဲတြင္ထည့္ၿပီး ဆိုင္အျပင္သို႔ေခတၱသြားေနစဥ္ မွန္ဗီ႐ိုထဲမွ ေရႊထည္ပစၥည္းမ်ဳိးစံု ၂၈၂ မ်ဳိးပါ ရွိသည့္ စုစုေပါင္းအေလးခ်ိန္ တစ္ပိႆာ ၁၁ က်ပ္သားေက်ာ္(တန္ဖိုးေငြ၁၃၅,၅၇၄,၀၀၀ က်ပ္)ပါ ေပ်ာက္ဆုံးသြားသျဖင့္ တိုင္တန္းခဲ့သည္။

အဆိုပါ ေပ်ာက္ဆုံးသြားသည့္ ေ႐ႊထည္ပစၥည္းမ်ားကို စုံစမ္းအေရးယူေပးရန္ မင္းလွၿမိဳ႕မရဲစခန္းတြင္ (ပ)၅၂၅ / ၂၀၂၀၊ ရာဇ သတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ထို႔ေနာက္ စုံစမ္းေဖာ္ထုတ္ရာ ယခင္ျပစ္ခ်က္ေဟာင္း႐ွိသူ အုတ္ဖိုၿမိဳ႕နယ္၊ အိုးသည္ကုန္းၿမိဳ႕၊ ဓႏု၀တီရပ္ကြက္ေန ေက်ာ္ လြင္ႏိုင္(ခ) ေက်ာ္ႀကီးႏွင့္ ၎၏ဇနီး မရီရီလြင္တို႔အား ျပည္သူမ်ား၏ သတင္းေပးခ်က္အရ လူမ႐ွိခ်ိန္၌ ေ႐ႊဆိုင္တြင္ေ႐ႊအထုပ္ကို ေတြ႕႐ွိသျဖင့္ ခိုးယူခဲ့ၿပီး ပစၥည္းမ်ားထဲမွ ေ႐ႊႀကိဳး (၁) ကုံးကို ေရာင္းခ်ခဲ့သည္။

က်န္ပစၥည္းမ်ားကို ၎၏ေနအိမ္အတြင္း၌ ေျမႀကီးအတြင္းျမဳပ္ႏွံထားရာ ရဲတပ္ဖြဲ႕မွသက္ေသမ်ားႏွင့္အတူ စံုစမ္းရွာ ေဖြရာ က်န္႐ွိသည့္ေ႐ႊထည္ပစၥည္း ၂၈၁ မ်ဳိးကို ဒီဇင္ဘာ ၇ ရက္ေန႔ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

၎တို႔ႏွစ္ဦးအား မင္းလွၿမိဳ႕မရဲစခန္းမွ (ပ)၅၂၅/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ထားၿပီး ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ပဲခူးတိုင်း၊ မင်းလှမြို့ မြို့မစျေးရှိ US ရွှေဆိုင်မှ ရွှေတစ်ပိဿာပျောက်ဆုံးခဲ့သည့်အမှု တစ်ပတ်အကြာတွင် ဖမ်းဆီးရမိ ……………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ မြို့မစျေးရှိ US ရွှေဆိုင်မှရွှေတစ်ပိဿာပျောက်ဆုံးခဲ့သည့်အမှု တစ်ပတ်အကြာတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အဆိုပါမြို့မစျေးရှိ US ရွှေဆိုင်ပိုင်ရှင်မှ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဆိုင်ဖွင့်ရန်ရောက်ရှိ လာပြီး ရွှေထုတ်အား မှန်ဗီရိုအံဆွဲတွင်ထည့်ပြီး ဆိုင်အပြင်သို့ခေတ္တသွားနေစဉ် မှန်ဗီရိုထဲမှ ရွှေထည်ပစ္စည်းမျိုးစုံ ၂၈၂ မျိုးပါ ရှိသည့် စုစုပေါင်းအလေးချိန် တစ်ပိဿာ ၁၁ ကျပ်သားကျော်(တန်ဖိုးငွေ၁၃၅,၅၇၄,၀၀၀ ကျပ်)ပါ ပျောက်ဆုံးသွားသဖြင့် တိုင်တန်းခဲ့သည်။

အဆိုပါ ပျောက်ဆုံးသွားသည့် ရွှေထည်ပစ္စည်းများကို စုံစမ်းအရေးယူပေးရန် မင်းလှမြို့မရဲစခန်းတွင် (ပ)၅၂၅ / ၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့နောက် စုံစမ်းဖော်ထုတ်ရာ ယခင်ပြစ်ချက်ဟောင်းရှိသူ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ဓနုဝတီရပ်ကွက်နေ ကျော် လွင်နိုင်(ခ) ကျော်ကြီးနှင့် ၎င်း၏ဇနီး မရီရီလွင်တို့အား ပြည်သူများ၏ သတင်းပေးချက်အရ လူမရှိချိန်၌ ရွှေဆိုင်တွင်ရွှေအထုပ်ကို တွေ့ရှိသဖြင့် ခိုးယူခဲ့ပြီး ပစ္စည်းများထဲမှ ရွှေကြိုး (၁) ကုံးကို ရောင်းချခဲ့သည်။

ကျန်ပစ္စည်းများကို ၎င်း၏နေအိမ်အတွင်း၌ မြေကြီးအတွင်းမြုပ်နှံထားရာ ရဲတပ်ဖွဲ့မှသက်သေများနှင့်အတူ စုံစမ်းရှာ ဖွေရာ ကျန်ရှိသည့်ရွှေထည်ပစ္စည်း ၂၈၁ မျိုးကို ဒီဇင်ဘာ ၇ ရက်နေ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား မင်းလှမြို့မရဲစခန်းမှ (ပ)၅၂၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#PeopleMedia


Share this post