• Follow Us on

Home ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ကုိ ရာထူးမွ ဖယ္ရွားရန္ႏွင့္ ဆရာ/ဆရာမမ်ားကုိ ဝန္ခ်ေတာင္းျပန္ရန္ အေျခခံႏွင့္ အဆင့္ျမင့္ပညာေရးဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္မႈ ေကာ္မတီ သေဘားထားထုတ္ျပန္

ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ကုိ ရာထူးမွ ဖယ္ရွားရန္ႏွင့္ ဆရာ/ဆရာမမ်ားကုိ ဝန္ခ်ေတာင္းျပန္ရန္ အေျခခံႏွင့္ အဆင့္ျမင့္ပညာေရးဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္မႈ ေကာ္မတီ သေဘားထားထုတ္ျပန္

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၇

ဝန္ႀကီးခ်ဳပ္အဆင့္အတန္းႏွင့္ေလ်ာ္ညီမႈမရွိသည့္ ဦးဝင္းသိန္းအား လက္ရွိရာထူးမွ အျမန္ဆုံးဖယ္ရွားၿပီး အေရးယူမႈျပဳလုပ္ရန္ႏွင့္ ၎မွ ဆရာ/ဆရာမမ်ားအေပၚ ေစာ္ကားမႈမ်ားအတြက္ တရားဝင္ ဝန္ခ်ေတာင္း ပန္မႈကုိ အစုိးရအဖြဲ႔မွ အျမန္ဆုံးေဆာင္ရြက္ေပးရန္ အေျခခံႏွင့္အဆင့္ျမင့္ပညာေရးဆုိင္ရာပူးေပါင္းေဆာင္ ရြက္မႈ ေကာ္မတီမွ ယေန႔ သေဘားထားထုတ္ျပန္လုိက္သည္။

ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းသည္ ေအာက္တုိဘာ(၅)ရက္ေန႔၌ ဒမငယ္ေက်းရြာလူထုေတြ႔ဆုံပြဲတြင္ ဝန္ထမ္းအိမ္ယာမ်ား တည္ေဆာက္ေပးႏုိင္ရန္ တင္ျပခ်က္အေပၚ ”ဝန္ထမ္းအိမ္ယာ မရွိတာေကာင္းတယ္။ ဆရာ/ဆရာမေတြ ရပ္ထဲရြာထဲေနေတာ့ ဒီက ရြာသူ/ရြာသားေတြနဲ႔ အိမ္ေထာင္က်။ အဲ့ဒါမွ ျပန္ေျပာင္းမသြားမွာ။ ျပန္ေျပာင္းသြားရင္ ဝန္ထမ္းလုိအပ္ခ်က္ရွိၿပီ။ ရြာက ကာလသားေတြကလည္း ဆရာမေတြကုိ ရည္းစားစကား လုိက္ေျပာၾက။ ဒါမွ ဆရာမေတြ ရြာမွာၿမဲမွာ”ဟု ေျပာဆုိခဲ့သည္။

လက္ရွိအခ်ိန္၌ ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္၏ ေျပာဆုိခ်က္အေပၚ ပညာေရးဝန္ထမ္းမ်ားအပါအဝင္ ျပည္သူမ်ားက ေဝဖန္ေျပာဆုိလွ်က္ရွိသည္။ အဆုိပါ ေျပာဆုိခဲ့ျခင္းအေပၚ ေတာင္းပန္ေၾကာင္း ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္း က မီဒီယာအခ်ဳိ႕ကုိ ထုတ္ေဖာ္ေျပာဆုိခဲ့သည္။

(unicode)
ပဲခူးတိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားရန်နှင့် ဆရာ/ဆရာမများကို ဝန်ချတောင်းပြန်ရန် အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ သဘေားထားထုတ်ပြန်
………………………………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၁၇

ဝန်ကြီးချုပ်အဆင့်အတန်းနှင့်လျော်ညီမှုမရှိသည့် ဦးဝင်းသိန်းအား လက်ရှိရာထူးမှ အမြန်ဆုံးဖယ်ရှားပြီး အရေးယူမှုပြုလုပ်ရန်နှင့် ၎င်းမှ ဆရာ/ဆရာမများအပေါ် စော်ကားမှုများအတွက် တရားဝင် ဝန်ချတောင်း ပန်မှုကို အစိုးရအဖွဲ့မှ အမြန်ဆုံးဆောင်ရွက်ပေးရန် အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှု ကော်မတီမှ ယနေ့ သဘေားထားထုတ်ပြန်လိုက်သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အောက်တိုဘာ(၅)ရက်နေ့၌ ဒမငယ်ကျေးရွာလူထုတွေ့ဆုံပွဲတွင် ဝန်ထမ်းအိမ်ယာများ တည်ဆောက်ပေးနိုင်ရန် တင်ပြချက်အပေါ် ”ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်။ ဆရာ/ဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီက ရွာသူ/ရွာသားတွေနဲ့ အိမ်ထောင်ကျ။ အဲ့ဒါမှ ပြန်ပြောင်းမသွားမှာ။ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။ ရွာက ကာလသားတွေကလည်း ဆရာမတွေကို ရည်းစားစကား လိုက်ပြောကြ။ ဒါမှ ဆရာမတွေ ရွာမှာမြဲမှာ”ဟု ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ ပဲခူးတိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်အပေါ် ပညာရေးဝန်ထမ်းများအပါအဝင် ပြည်သူများက ဝေဖန်ပြောဆိုလျှက်ရှိသည်။ အဆိုပါ ပြောဆိုခဲ့ခြင်းအပေါ် တောင်းပန်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း က မီဒီယာအချို့ကို ထုတ်ဖော်ပြောဆိုခဲ့သည်။


Share this post