• Follow Us on
Latest News

Home ပဲခူးလူထုအေျချပဳ ဖ်ားနာကုအခမဲ့ေဆးခန္းအလွဴရွင္နည္းပါး၍ ေရရွည္ရပ္တည္ရန္ ခက္ခဲလာ

ပဲခူးလူထုအေျချပဳ ဖ်ားနာကုအခမဲ့ေဆးခန္းအလွဴရွင္နည္းပါး၍ ေရရွည္ရပ္တည္ရန္ ခက္ခဲလာ

Share this post

ပဲခူး၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပဲခူးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဖြင့္လွစ္ထားလ်က္ရွိသည့္ Bago Community Fever Clinic (လူထုအေျချပဳဖ်ားနာ ကုအခမဲ့ေဆးခန္း) သည္ လက္တေလာအေျခအေနတြင္ အလႉရွင္ နည္းပါးလာ၍ အခမဲ့ေဆးခန္းကို ေရရွည္ ဆက္လက္ဖြင့္လွစ္ထားရန္ ခတ္ခဲလ်က္ရွိေၾကာင္း ပဲခူးလူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္းတာဝန္ခံ ေဒါက္တာေနမ်ိဳးကေျပာသည္။
အဆိုပါ Fever Clinicကို လြန္ခဲ့သည့္ ၈ လခန႔္က စတင္ကာ ဆရာဝန္မ်ားအသင္းမွ ဆရာဝန္မ်ား ထည့္ဝင္ေငြ ျဖင့္ ဖြင့္လွစ္ခဲ့ကာ ရပ္တည္ခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတစ္လလွ်င္ လိုအပ္သည့္ပစၥည္းမ်ားအတြက္ တစ္ရက္လွ်င္ ကုန္က်စရိတ္ သိန္း(၆၀)နီးပါးထိရွိလာသည့္အတြက္ အလွဴရွင္မ်ားမရွိပါက ေရရွည္ဖြင့္နိုင္ရန္ ခတ္ခဲေနၾကျခင္းျဖစ္ေၾကာင္း ဆိုသည္။
“ကၽြန္ေတာ္တို႔က တစ္ေန႔ကို တစ္သိန္းခြဲႏွစ္သိန္းေလာက္ ကုန္တယ္၊ အစိုးရလည္း ဆယ့္ငါးသိန္းေပးတာ ႏွစ္လပဲ ရွိေသးတယ္၊ အလွဴရွင္ေတြလည္း ပင္ပန္းေတာ့ နည္းလာတာေပါ့၊ အဲ့ေတာ့ ေနာက္ပိုင္း ပစၥည္းအလွဴ ကလည္း နည္းလာေတာ့ ေရရွည္ဆိုရင္ေတာ့ ရပ္တည္ဖို႔ ခက္လာတာေပါ့” ဟု ေဒါက္တာေနမ်ိဳးက ေျပာသည္။
COVID-19 ပထမလိူင္းတြင္ လူနာအနည္းငယ္သာ လာေရာက္ျပသၾကေသာ္လည္း COVID-19 ဒုတိယလိူင္း တြင္ လူနာမ်ားလာသည့္ ကုန္က်စရိတ္လည္း တိုးလာေၾကာင္း၊ လက္ရွိ တစ္လလွ်င္ ကုန္က်စရိတ္ သိန္း (၆၀) ဝန္းက်င္ရွိေၾကာင္း သို႔ျဖစ္၍ ေရရွည္ဖြင့္လွစ္ရန္ ခက္ခဲလာနိုင္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
Bago Community Fever Clinic မွာ ၈ လအတြင္း လာေရာက္ျပသသူ ၁၀၀၀ ေက်ာ္ခန႔္ရွိၿပီး ယင္းတို႔ထဲမွ ၄၀၀ ေက်ာ္မွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသည္ကို စစ္ေဆးေတြ႕ခဲ့ေၾကာင္းသိရသည္။
Photo – Credit
#PeopleMedia
(unicode)
ပဲခူးလူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းအလှူရှင်နည်းပါး၍ ရေရှည်ရပ်တည်ရန် ခက်ခဲလာ
……………………………………………..
ပဲခူး၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပဲခူးမြို့ မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားလျက်ရှိသည့် Bago Community Fever Clinic (လူထုအခြေပြုဖျားနာ ကုအခမဲ့ဆေးခန်း) သည် လက်တလောအခြေအနေတွင် အလှူရှင် နည်းပါးလာ၍ အခမဲ့ဆေးခန်းကို ရေရှည် ဆက်လက်ဖွင့်လှစ်ထားရန် ခတ်ခဲလျက်ရှိကြောင်း ပဲခူးလူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာနေမျိုးကပြောသည်။
အဆိုပါ Fever Clinicကို လွန်ခဲ့သည့် ၈ လခန့်က စတင်ကာ ဆရာဝန်များအသင်းမှ ဆရာဝန်များ ထည့်ဝင်ငွေ ဖြင့် ဖွင့်လှစ်ခဲ့ကာ ရပ်တည်ခဲ့သော်လည်း ယခုနောက်ပိုင်းတစ်လလျှင် လိုအပ်သည့်ပစ္စည်းများအတွက် တစ်ရက်လျှင် ကုန်ကျစရိတ် သိန်း(၆၀)နီးပါးထိရှိလာသည့်အတွက် အလှူရှင်များမရှိပါက ရေရှည်ဖွင့်နိုင်ရန် ခတ်ခဲနေကြခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်တို့က တစ်နေ့ကို တစ်သိန်းခွဲနှစ်သိန်းလောက် ကုန်တယ်၊ အစိုးရလည်း ဆယ့်ငါးသိန်းပေးတာ နှစ်လပဲ ရှိသေးတယ်၊ အလှူရှင်တွေလည်း ပင်ပန်းတော့ နည်းလာတာပေါ့၊ အဲ့တော့ နောက်ပိုင်း ပစ္စည်းအလှူ ကလည်း နည်းလာတော့ ရေရှည်ဆိုရင်တော့ ရပ်တည်ဖို့ ခက်လာတာပေါ့” ဟု ဒေါက်တာနေမျိုးက ပြောသည်။
COVID-19 ပထမလိူင်းတွင် လူနာအနည်းငယ်သာ လာရောက်ပြသကြသော်လည်း COVID-19 ဒုတိယလိူင်း တွင် လူနာများလာသည့် ကုန်ကျစရိတ်လည်း တိုးလာကြောင်း၊ လက်ရှိ တစ်လလျှင် ကုန်ကျစရိတ် သိန်း (၆၀) ဝန်းကျင်ရှိကြောင်း သို့ဖြစ်၍ ရေရှည်ဖွင့်လှစ်ရန် ခက်ခဲလာနိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
Bago Community Fever Clinic မှာ ၈ လအတွင်း လာရောက်ပြသသူ ၁၀၀၀ ကျော်ခန့်ရှိပြီး ယင်းတို့ထဲမှ ၄၀၀ ကျော်မှာ COVID-19 ရောဂါပိုး ကူးစက်ခံရသည်ကို စစ်ဆေးတွေ့ခဲ့ကြောင်းသိရသည်။
Photo – Credit
#PeopleMedia


Share this post