• Follow Us on

Home ပဲခူး၌ တပ္မ ၆၆ မွ ေဂါက္ကြင္းတည္ေဆာက္ရန္ ေျမဧက ၅၀၀ ေလ်ာက္ ထားမႈအေပၚ ေျမဧက ေလ်ာ့ခ်ရန္ တုိင္းလႊတ္ေတာ္၌ ဒီခ်ဳပ္အမတ္ေ ဆြးေႏြး

ပဲခူး၌ တပ္မ ၆၆ မွ ေဂါက္ကြင္းတည္ေဆာက္ရန္ ေျမဧက ၅၀၀ ေလ်ာက္ ထားမႈအေပၚ ေျမဧက ေလ်ာ့ခ်ရန္ တုိင္းလႊတ္ေတာ္၌ ဒီခ်ဳပ္အမတ္ေ ဆြးေႏြး

Share this post

ပဲခူး၊ ဇူလိုင္ ၂၇

ပဲခူး၌ တပ္မ ၆၆ မွ ေဂါက္ကြင္းတည္ေဆာက္ရန္ ေျမဧက ၅၀၀ ေလ်ာက္ထားမႈအေပၚ ေျမဧက ေလ်ာ့ခ်ရန္ တုိင္းလႊတ္ေတာ္၌ သဲကုန္းၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္လင္းထိုက္က အႀကံ ျပဳေဆြးေႏြးလုိက္ပါတယ္။

“ကြ်န္ေတာ္ကလႊတ္ေတာ္ထဲမွာေမးတယ္ဆိုတာက ေျမလြတ္ေျမ႐ိုင္းဧက ၅၀၀ ေက်ာ္ကို တပ္မ ၆၆ က ေဂါက္ ကြင္းေဆာက္ဖို႔ ေလွ်ာက္တယ္။ ေလွ်ာက္တာက ဥပေဒအရေလွ်ာက္လို႔ရတယ္။ ေလွ်ာက္ထားႏိုင္တဲ့ပမာဏ ထက္ ပိုမ်ားေနတဲ့အတြက္ စိစစ္ေလွ်ာ့ခ်ဖို႔ လႊတ္ေတာ္မွာေမးခြန္းေမးတာပါခင္ဗ်။ အခုကေျမေနရာက အရႈပ္ အရွင္းကင္းတဲ့အတြက္ ဗဟိုေျမလြတ္ေျမ႐ိုင္းေကာ္မတီကိုေတာ့ တင္လိုက္ၿပီ။ အရႈပ္အရွင္းကင္းတယ္ဆိုေတာ့ ဗဟိုကေတာ့ခ်ထားေပးဖို႔မ်ားတယ္။ ဒါေပမဲ့ အဲဒီအဆင့္ေလးမွာ တိုင္းအစိုးရအဖြဲ႔က အခ်ိန္မွီေလး ဒါကို စိစစ္ သုံးသပ္ေစခ်င္တာ။ စိစစ္ေလွ်ာ့ခ်ၿပီးမွ တိုင္းအစိုးရကလိုသေလာက္ခ်ထားေပးဖို႔ မွတ္ခ်က္ကေလးေပးႏိုင္ဖို႔ ကြ်န္ေတာ္က ေမးခြန္းေမးတာပါ။ ေျဖတဲ့အခ်ိန္အထိေတာ့ ေလွ်ာ့ခ်ဖို႔မွတ္ခ်က္မွီႏိုင္ပါေသးတယ္။ တကယ့္ ၿပဳိင္ပြဲ၀င္ေဂါက္ကြင္းႀကီးေတြေတာင္မွ ဧက ၁၄၀ ပဲလိုတယ္ေလ။ တပ္မေတာ္ေဂါက္ေလ့က်င့္ေရးကြင္း ၉ က်င္း ကြင္းေတြဆိုရင္ ဧက ၅၀ ေလာက္ပဲလိုတယ္ဆိုတာကို ကြ်န္ေတာ္တင္ျပခဲ့ပါတယ္” ဟု ၎ကေျပာသည္။

ဇူလိုင္ ၂၄ ရက္၌ က်င္းပခဲ့သည့္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္တြင္ အဆိုပါ တပ္မ ၆၆ မွ ေရျပာဆန္းေဂါက္ ကြင္း တည္ေဆာက္ရန္ ကြင္း ၃ ကြင္း ေျမေနရာဧက ၅၀၀ ေက်ာ္အား ေတာင္းခံမႈကို စိစစ္သုံးသပ္ေပးရန္ တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္လင္းထိုက္က ေမးခြန္းေမးျမန္းခဲ့ျခင္းျဖစ္သည္။

“သိမ္းဆည္းလယ္ယာေျမေတြေတာင္ မေျပလည္ေသးတဲ့အေနအထားမွာထပ္ၿပီး ေျမလြတ္ေျမ႐ိုင္း ေလွ်ာက္ ထားတဲ့ကိစၥေတြပါလာရင္ဘာပဲေျပာေျပာ လက္ရွိလုပ္ကိုင္ေနတဲ့အစိုးရေရာ တပ္မေတာ္အေနနဲ႔ေရာ ျပည္သူ႔ ၾကားပုံရိပ္ေကာင္းတည္ေဆာက္ဖို႔အခက္အခဲျဖစ္ႏိုင္တယ္’’ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ လင္းထိုက္က မွတ္ခ်က္ျပဳေျပာသည္။

#PeopleMedia #တပ္မ၆၆

(unicode)
ပဲခူး၌ တပ်မ ၆၆ မှ ဂေါက်ကွင်းတည်ဆောက်ရန် မြေဧက ၅၀၀ လျောက် ထားမှုအပေါ် မြေဧက လျော့ချရန် တိုင်းလွှတ်တော်၌ ဒီချုပ်အမတ် ေဆွးနွေး
………………………………………………………

ပဲခူး၊ ဇူလိုင် ၂၇

ပဲခူး၌ တပ်မ ၆၆ မှ ဂေါက်ကွင်းတည်ဆောက်ရန် မြေဧက ၅၀၀ လျောက်ထားမှုအပေါ် မြေဧက လျော့ချရန် တိုင်းလွှတ်တော်၌ သဲကုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က အကြံ ပြုဆွေးနွေးလိုက်ပါတယ်။

“ကျွန်တော်ကလွှတ်တော်ထဲမှာမေးတယ်ဆိုတာက မြေလွတ်မြေရိုင်းဧက ၅၀၀ ကျော်ကို တပ်မ ၆၆ က ဂေါက် ကွင်းဆောက်ဖို့ လျှောက်တယ်။ လျှောက်တာက ဥပဒေအရလျှောက်လို့ရတယ်။ လျှောက်ထားနိုင်တဲ့ပမာဏ ထက် ပိုများနေတဲ့အတွက် စိစစ်လျှော့ချဖို့ လွှတ်တော်မှာမေးခွန်းမေးတာပါခင်ဗျ။ အခုကမြေနေရာက အရှုပ် အရှင်းကင်းတဲ့အတွက် ဗဟိုမြေလွတ်မြေရိုင်းကော်မတီကိုတော့ တင်လိုက်ပြီ။ အရှုပ်အရှင်းကင်းတယ်ဆိုတော့ ဗဟိုကတော့ချထားပေးဖို့များတယ်။ ဒါပေမဲ့ အဲဒီအဆင့်လေးမှာ တိုင်းအစိုးရအဖွဲ့က အချိန်မှီလေး ဒါကို စိစစ် သုံးသပ်စေချင်တာ။ စိစစ်လျှော့ချပြီးမှ တိုင်းအစိုးရကလိုသလောက်ချထားပေးဖို့ မှတ်ချက်ကလေးပေးနိုင်ဖို့ ကျွန်တော်က မေးခွန်းမေးတာပါ။ ဖြေတဲ့အချိန်အထိတော့ လျှော့ချဖို့မှတ်ချက်မှီနိုင်ပါသေးတယ်။ တကယ့် ပြိုင်ပွဲဝင်ဂေါက်ကွင်းကြီးတွေတောင်မှ ဧက ၁၄၀ ပဲလိုတယ်လေ။ တပ်မတော်ဂေါက်လေ့ကျင့်ရေးကွင်း ၉ ကျင်း ကွင်းတွေဆိုရင် ဧက ၅၀ လောက်ပဲလိုတယ်ဆိုတာကို ကျွန်တော်တင်ပြခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ဇူလိုင် ၂၄ ရက်၌ ကျင်းပခဲ့သည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် အဆိုပါ တပ်မ ၆၆ မှ ရေပြာဆန်းဂေါက် ကွင်း တည်ဆောက်ရန် ကွင်း ၃ ကွင်း မြေနေရာဧက ၅၀၀ ကျော်အား တောင်းခံမှုကို စိစစ်သုံးသပ်ပေးရန် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းထိုက်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

“သိမ်းဆည်းလယ်ယာမြေတွေတောင် မပြေလည်သေးတဲ့အနေအထားမှာထပ်ပြီး မြေလွတ်မြေရိုင်း လျှောက် ထားတဲ့ကိစ္စတွေပါလာရင်ဘာပဲပြောပြော လက်ရှိလုပ်ကိုင်နေတဲ့အစိုးရရော တပ်မတော်အနေနဲ့ရော ပြည်သူ့ ကြားပုံရိပ်ကောင်းတည်ဆောက်ဖို့အခက်အခဲဖြစ်နိုင်တယ်’’ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော် လင်းထိုက်က မှတ်ချက်ပြုပြောသည်။

#PeopleMedia #တပ်မ၆၆


Share this post