• Follow Us on

Home ပဲခူးမြို့၌ ဓါတ်တိုင်အောက်တွင် ထောင်ထားသည့် မိုင်းပေါက်ကွဲရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးမြို့၌ ဓါတ်တိုင်အောက်တွင် ထောင်ထားသည့် မိုင်းပေါက်ကွဲရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

ပဲခူး၊ ဇန်နဝါရီ ၁ (People Media)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းမြောက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမ ဓါတ်တိုင်အောက်၌ ထောင်ထားသည့် မိုင်းပေါက်ကွဲရာ မ(၃)ဦး၊ ကျား(၂)ဦး စုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၈း၂၀ အချိန်က ပေါက်တာပါ။ ဓါတ်တိုင်အောက်မှာ ထောင်ထားတဲ့ မိုင်း ပေါက်ကွဲသွားတာ ကျား ၃ ဦး၊ မ ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ကို လိုအပ်တဲ့ ကျန်းမာရေး အကူအညီတွေ ဆောင်ရွက်ပေးခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲသည့်နေရာကို တာဝန်ရှိသူများက စစ်ဆေးရာ PVC ပိုက် အပိုင်းအစများ၊ သံတိုသံစများတို့ကို တွေ့ရကြောင်း ဆိုသည်။

#PeopleMedia #ပဲခူးမြို့

(unicode)


…………………………………………………….

 


 


 


 


 



Share this post