• Follow Us on

Home ပဲခူးမြို့၌ မီးပလပ်ပေါက်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် (၁၅) လုံး မီးလောင်ကျွမ်း၊ မိသား စုဝင် (၁၀၀) ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့

ပဲခူးမြို့၌ မီးပလပ်ပေါက်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် (၁၅) လုံး မီးလောင်ကျွမ်း၊ မိသား စုဝင် (၁၀၀) ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့

Share this post

နေပြည်တော်၊ မတ် ၇

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာ(စက်ပိုင်း)ရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ မီးပလပ်ပေါက်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် (၁၅) လုံးခန့် မီးလောင်ကျွမ်းပြီး၊ မိသားစု (၁၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၅ ရက်တွင် ပဲခူးမြို့၌ မီးပျက်ရာ နံနက် ၃ နာရီကျော်၌  နေအိမ်တစ်လုံး၏ မီးပလပ်ပေါက်မှ ရှော့ဖြစ်ကာ အနီးရှိ နေအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ရသော်လည်း ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

 

“ဟင်းချက်တဲ့အချိန်မှာ မီးကပြတ်သွားတာ။ မီးပြက်တာကို ပလက်ပေါက်မဖြုတ်တော့ မီးလည်းလာရော ရှော့ ဖြစ်သွားတာ။ ဆိုးတာက မီးလောင်တာကို မပြောဘဲနဲ့ တယောက်ထဲ မီးသတ်တော့ ပိုဆိုးသွားတယ်။ လူတွေ တော့ ထိခိုက်မှုမရှိဘူး။ ပိုက်ဆံတွေ၊ ဆိုင်ကယ်တွေ မီးထဲပါသွားတယ်။ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်တွေလည်း မီးလောင်တဲ့အထဲပါသွားတယ်။ အဲ့ဒီအိမ်က အမျိုးသမီးကိုတော့ သက်ဆိုင်ရာကခေါ်သွားတယ်” လို့ ရပ်ကွက် နေပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၁၅) လုံးခန့် ဆုံးရူံးသွားပြီး၊ နေအိမ်များ မီးလောင်းကျွမ်းခံခဲ့ရသည့်  မိသား စုဝင် (၁၀၀) ကျော်ကို လက်ရှိတွင် သီရိဂေဟာဘုန်းတော်ကြီးကျောင်း၌ နေရာချပေးထားပြီး၊  ယင်းမိသားစု ဝင်များအား ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၆၉၃၈၁၄၇၀၅ သို့ ခေါ်ဆို လှူဒါန်းနိုင် ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ပဲခူးမြို့

 

(unicode)


……………………………………

 


 


 


 


 


 

Photo – Credit

 



Share this post