• Follow Us on

Home ပဲခူးၿမိဳ႕၌ လုပ္ငန္းရွင္ ဦးတင္ေမာင္ႏိုင္ဆိုသူသည္ စက္မႈဇုန္သစ္ အေကာင္အထည္ေဖာ္ေနမႈကို ပဲခူးၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေရႊပုံ မသိရွိဟုဆို၊ အဆိုပါစီမံကိန္းသည္ တိုင္းလႊတ္ေတာ္သို႔ တင္ျပထားျခင္း မရွိေၾကာင္း ပဲခူးၿမိဳ႕ တိုင္းအမတ္ေျပာဆို

ပဲခူးၿမိဳ႕၌ လုပ္ငန္းရွင္ ဦးတင္ေမာင္ႏိုင္ဆိုသူသည္ စက္မႈဇုန္သစ္ အေကာင္အထည္ေဖာ္ေနမႈကို ပဲခူးၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေရႊပုံ မသိရွိဟုဆို၊ အဆိုပါစီမံကိန္းသည္ တိုင္းလႊတ္ေတာ္သို႔ တင္ျပထားျခင္း မရွိေၾကာင္း ပဲခူးၿမိဳ႕ တိုင္းအမတ္ေျပာဆို

Share this post

“ျပည္သူေတြကေနၿပီးေတာ့ အစိုးရအဖြဲ႕ကိုအယံုအၾကည္မဲ့ေအာင္၊ မဲ့ေစႏိုင္တဲ့အလုပ္မ်ဳိးကို မလုပ္ဖို႔နဲ႔၊ ဘာ ပဲျဖစ္ျဖစ္ စက္မႈဇုန္မေျပာနဲ႔ တျခားစီမံခ်က္တစ္ခုခုရွိရင္ေတာင္ လႊတ္ေတာ္ကိုတင္ျပၿပီးေတာ့ အစီရင္ခံရမွာျဖစ္ တဲ့အတြက္ေၾကာင့္ အစိုးရအေနနဲ႔ တာ၀န္ပ်က္ကြက္မႈတစ္ခုလို႔ ကၽြန္ေတာ္ယူဆတယ္” ဦးၫြန္႔ေရႊ(ပဲခူးၿမိဳ႕ တိုင္းေဒသႀကီး အမွတ္-၁)

ပဲခူးတိုင္းေဒသႀကီး၊ပဲခူးၿမိဳ႕ ကလိေက်း႐ြာအပိုင္၌ လုပ္ငန္းရွင္ ဦးတင္ေမာင္ႏိုင္ဆိုသူသည္ စက္မႈဇုန္အသစ္ တည္ေဆာက္ျခင္း၊ စက္မႈဇုန္ အသုံးျပဳရန္ လွ်ပ္စစ္မီးသြယ္ထားျခင္းမ်ားႏွင့္ပတ္သက္ၿပီး တိုင္းေဒသႀကီးလႊတ္ ေတာ္က ခြင့္ျပဳထားျခင္းမရွိသည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး People Media က ပဲခူးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေရႊပုံႏွင့္ ဦးၫြန္႔ေရႊ(ပဲခူးၿမိဳ႕ တိုင္းေဒသႀကီး အမွတ္-၁)တို႔၏ သေဘာထားမ်ားကို ဆက္ သြယ္ေမးျမန္းခဲ့သည္။

ထိုကဲ့သို႔ လုပ္ငန္းရွင္ ဦးတင္ေမာင္ႏိုင္သည္ စက္မႈဇုန္အေကာင္ထည္ေဖာ္ျခင္း၊ စက္မႈဇုန္အသုံးျပဳရန္ လွ်ပ္စစ္မီး သြယ္တန္းေနမႈမ်ားကို ပဲခူးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေရႊပုံက People Media ၏ ေမးျမန္းမႈကို ေျပာဆိုခဲ့သည္။

ဦးၫြန္႔ေရႊ (ပဲခူးၿမိဳ႕ တိုင္းေဒသႀကီး အမွတ္ – ၁)

People Media – ပဲခူးတိုင္းေဒႀကီးအတြင္းမွာ စက္မႈဇုန္တည္ေဆာက္ေနတာနဲ႔ပတ္သက္ၿပီး တိုင္းအစိုးရအဖြဲ႕ အေနနဲ႔ သိရွိထားပါသလား။

ဦးၫြန္႔ေရႊ – အဲဒါက အစိုးရအဖြဲ႕က ကၽြန္ေတာ္တို႔ဆီကို မတင္ဘူးဗ်။ လႊတ္ေတာ္ကိုမတင္လို႔ ၿပီးခဲ့တဲ့ ၁၅ ႀကိမ္ ေျမာက္လႊတ္ေတာ္မွာ ေမးထားတယ္။ ပုဂၢလိကနဲ႔ အစိုးရနဲ ႔ေရာေရာေထြးေထြးျဖစ္ေနတယ္။ ပုဂၢလိကကပဲ လုပ္သလား၊ အစိုးရက ဘယ္လိုပါ၀င္ပတ္သက္သလဲ၊ ႏိုင္ငံေတာ္ရဲ႕ ဘာေတြအက်ဳိးအျမတ္ခံစားခြင့္ရွိသလဲ၊ ပုဂၢလိကနဲ႔ဘယ္လို အခ်ဳိးအစားနဲ႔လုပ္မွာလည္းဆိုၿပီးေတာ့ ေမးခြန္းေမးထားတယ္။ အဲဒီလႊတ္ေတာ္ၿပီးေတာ့ ၁၀ ရက္အတြင္း ျပန္ေျဖေပးပါဆိုၿပီး လႊတ္ေတာ္ဥကၠ႒ကလည္း အစိုးရအဖြဲ႕ကို သတိေပးထားတယ္။ ဒါေပမဲ့ အခုအခ်ိန္ထိျပန္မေျဖဘူး။ လုပ္ေနတဲ့သေဘာက အဲဒီအထဲမွာ ပုဂၢလိကလုပ္ငန္းရွင္တစ္ဦးက လုပ္ေနတာ။ ဒါေပမဲ့အစိုးရကလည္း ေျမယာေလ်ာ္ေၾကးတို႔ ဘာတို႔နဲ႔ပတ္သက္ၿပီးေတာ့ အစိုးရကလည္း ပါ၀င္ပတ္သက္မႈ ရွိတယ္။ အစိုးရက အစိုးရႏႈန္းနဲ႔ေပးေလ်ာ္မွာတို႔ ဘာတို႔လုပ္လာတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔က လက္ခံလို႔ မရဘူး။ ပုဂၢလိကလုပ္တယ္ဆိုရင္ အဲဒီကလယ္သမားေတြနဲ႔ လက္ရွိေျမယာေပါက္ေစ်းနဲ႔ ၀ယ္ရင္၀ယ္ေပါ့။ ၀ယ္ၿပီးလုပ္ေပါ့။ မလုပ္ဘဲနဲ႔ ဒီအစိုးရဆီ၀င္ၿပီးေတာ့ အစိုးရသတ္မွတ္တဲ့ ေျမယာေလ်ာ္ေၾကးကို သေဘာမတူတဲ့ လူေတြဟာ ခ႐ိုင္ေထြအုပ္က တစ္ခါ အင္အားသံုး၀င္ၿပီး ဘူဒိုဇာနဲ႔ထိုးတာဘာညာလုပ္လာတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ လႊတ္ေတာ္က ၾကည့္ေနလို႔မရေတာ့ဘူး။ အခုကၽြန္ေတာ္တို႔လည္း ၀င္ၿပီးေျပာရဆိုရ၊ လုပ္ရတဲ့ သေဘာမ်ဳိးပါ။

People Media – ဒီလိုလုပ္ေဆာင္လာတဲ့လုပ္ရပ္ေတြအေပၚမွာ ဆရာ့အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ။

ဦးၫြန္႔ေရႊ – ျပည္သူေတြကေနၿပီးေတာ့ အစိုးရအဖြဲ႕ကိုအယံုအၾကည္မဲ့ေအာင္၊ မဲ့ေစႏိုင္တဲ့အလုပ္မ်ဳိးကို မလုပ္ဖို႔နဲ႔၊ ဘာပဲျဖစ္ျဖစ္ စက္မႈဇုန္မေျပာနဲ႔ တျခားစီမံခ်က္တစ္ခုခုရွိရင္ေတာင္ လႊတ္ေတာ္ကိုတင္ျပၿပီးေတာ့ အစီရင္ခံရမွာျဖစ္ တဲ့အတြက္ေၾကာင့္ အစိုးရအေနနဲ႔ တာ၀န္ပ်က္ကြက္မႈတစ္ခုလို႔ ကၽြန္ေတာ္ယူဆတယ္။ ပုဂၢလိကကိုေပးထားတယ္။ ဘယ္လိုအတိုင္းအတာနဲ႔ ခြင့္ျပဳတယ္၊ ဒီေျမယာဧကက အက်ယ္ႀကီးျဖစ္တယ္။ ဘယ္လိုေၾကာင့္ လႊတ္ေတာ္ကိုမတင္ဘဲနဲ႔ လုပ္သလဲ။ စီမံခ်က္က ဘယ္လိုေတြလည္းဆိုတာကို ကၽြန္ ေတာ္တို႔က ဘာမွန္းမသိရဘူး။ ကၽြန္ေတာ္တို႔သိရတာက အဲဒီပုဂၢလိက လုပ္ငန္းရွင္ရဲ႕ ေရးဆြဲထားတဲ့စီမံခ်က္ပဲ ကၽြန္ေတာ္တို႔သိရတယ္။ အစိုးရကေနၿပီးေတာ့ အဲဒီအတိုင္းလုပ္မွာလား၊ မလုပ္ဘူးလားဆိုတာ ကၽြန္ေတာ္တို႔က ဘာမွမသိရဘူး။ အဲဒီအထဲမွာ အစိုးရရဲ႕ အေဆာက္အဦေတြျဖစ္တဲ့ ေစ်းေတြ၊ ႐ံုးေတြ၊ ရဲစခန္းေတြ၊ ေက်ာင္း ေတြစသည္ျဖင့္ အဲဒါေတြပါလ်ာထားတာေတြ႕ေနရတဲ့အတြက္ေၾကာင့္ ဒီဟာေတြကို အစိုးရအေနနဲ႔ ဘယ္လို ပါ၀င္ပတ္သက္ထားလည္း အဲဒါေမးတာ အခုအခ်ိန္ထိ လာေျဖျခင္းမရွိေသးပါဘူး။

People Media – ဘယ္ပုဂၢလိကလုပ္ငန္းရွင္ဆိုတာ ေျပာျပေပးပါဦး။

ဦးၫြန္႔ေရႊ – ပုဂၢလိကလုပ္ငန္းရွင္ဆိုတာက ဦးတင္ေမာင္ႏိုင္ပါ။

People Media – လက္ရွိအေျခအေနမွာေရာ အဲဒီေျမေနရာမွာ ဘာေတြဆက္လက္လုပ္ေဆာင္ေနတာမ်ဳိးရွိလဲ။
ဦးၫြန္႔ေရႊ – သူတို႔ကေတာ့ ဆက္လုပ္ေနတာပဲ။ လမ္းေတြေဖာက္တယ္။ စက္႐ံုေတြေဆာက္ေနတာေပါ့။ အဲဒီ ဟာလည္း ကၽြန္ေတာ္တို႔မွာ အခုအခ်ိန္ထိ သဲသဲကြဲကြဲမသိရဘူး။ အစိုးရဆီက ဒီေျမေတြဟာ လယ္ေျမေတြ ျဖစ္တဲ့အတြက္ေၾကာင့္ အျခားနည္းသံုးစြဲခြင့္ရထားလား၊ မရထားလားဆိုတာလည္း အစိုးရဆီက တစ္စံုတရာ ေျဖၾကား ျခင္းမရွိေသးဘူး။

#PeopleMedia #ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ #ပဲခူးၿမိဳ႕

(unicode)
ပဲခူးမြို့၌ လုပ်ငန်းရှင် ဦးတင်မောင်နိုင်ဆိုသူသည် စက်မှုဇုန်သစ် အကောင်အထည်ဖော်နေမှုကို ပဲခူးမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေပုံ မသိရှိဟုဆို၊ အဆိုပါစီမံကိန်းသည် တိုင်းလွှတ်တော်သို့ တင်ပြထားခြင်း မရှိကြောင်း ပဲခူးမြို့ တိုင်းအမတ်ပြောဆို
………………………………………………………….

“ပြည်သူတွေကနေပြီးတော့ အစိုးရအဖွဲ့ကိုအယုံအကြည်မဲ့အောင်၊ မဲ့စေနိုင်တဲ့အလုပ်မျိုးကို မလုပ်ဖို့နဲ့၊ ဘာ ပဲဖြစ်ဖြစ် စက်မှုဇုန်မပြောနဲ့ တခြားစီမံချက်တစ်ခုခုရှိရင်တောင် လွှတ်တော်ကိုတင်ပြပြီးတော့ အစီရင်ခံရမှာဖြစ် တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ တာဝန်ပျက်ကွက်မှုတစ်ခုလို့ ကျွန်တော်ယူဆတယ်” ဦးညွန့်ရွှေ(ပဲခူးမြို့ တိုင်းဒေသကြီး အမှတ်-၁)

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ ကလိကျေးရွာအပိုင်၌ လုပ်ငန်းရှင် ဦးတင်မောင်နိုင်ဆိုသူသည် စက်မှုဇုန်အသစ် တည်ဆောက်ခြင်း၊ စက်မှုဇုန် အသုံးပြုရန် လျှပ်စစ်မီးသွယ်ထားခြင်းများနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ် တော်က ခွင့်ပြုထားခြင်းမရှိသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး People Media က ပဲခူးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေပုံနှင့် ဦးညွန့်ရွှေ(ပဲခူးမြို့ တိုင်းဒေသကြီး အမှတ်-၁)တို့၏ သဘောထားများကို ဆက် သွယ်မေးမြန်းခဲ့သည်။

ထိုကဲ့သို့ လုပ်ငန်းရှင် ဦးတင်မောင်နိုင်သည် စက်မှုဇုန်အကောင်ထည်ဖော်ခြင်း၊ စက်မှုဇုန်အသုံးပြုရန် လျှပ်စစ်မီး သွယ်တန်းနေမှုများကို ပဲခူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေပုံက People Media ၏ မေးမြန်းမှုကို ပြောဆိုခဲ့သည်။

ဦးညွန့်ရွှေ (ပဲခူးမြို့ တိုင်းဒေသကြီး အမှတ် – ၁)

People Media – ပဲခူးတိုင်းဒေကြီးအတွင်းမှာ စက်မှုဇုန်တည်ဆောက်နေတာနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ အနေနဲ့ သိရှိထားပါသလား။

ဦးညွန့်ရွှေ – အဲဒါက အစိုးရအဖွဲ့က ကျွန်တော်တို့ဆီကို မတင်ဘူးဗျ။ လွှတ်တော်ကိုမတင်လို့ ပြီးခဲ့တဲ့ ၁၅ ကြိမ် မြောက်လွှတ်တော်မှာ မေးထားတယ်။ ပုဂ္ဂလိကနဲ့ အစိုးရနဲ ့ရောရောထွေးထွေးဖြစ်နေတယ်။ ပုဂ္ဂလိကကပဲ လုပ်သလား၊ အစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ နိုင်ငံတော်ရဲ့ ဘာတွေအကျိုးအမြတ်ခံစားခွင့်ရှိသလဲ၊ ပုဂ္ဂလိကနဲ့ဘယ်လို အချိုးအစားနဲ့လုပ်မှာလည်းဆိုပြီးတော့ မေးခွန်းမေးထားတယ်။ အဲဒီလွှတ်တော်ပြီးတော့ ၁၀ ရက်အတွင်း ပြန်ဖြေပေးပါဆိုပြီး လွှတ်တော်ဥက္ကဋ္ဌကလည်း အစိုးရအဖွဲ့ကို သတိပေးထားတယ်။ ဒါပေမဲ့ အခုအချိန်ထိပြန်မဖြေဘူး။ လုပ်နေတဲ့သဘောက အဲဒီအထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက လုပ်နေတာ။ ဒါပေမဲ့အစိုးရကလည်း မြေယာလျော်ကြေးတို့ ဘာတို့နဲ့ပတ်သက်ပြီးတော့ အစိုးရကလည်း ပါဝင်ပတ်သက်မှု ရှိတယ်။ အစိုးရက အစိုးရနှုန်းနဲ့ပေးလျော်မှာတို့ ဘာတို့လုပ်လာတဲ့အခါကျတော့ ကျွန်တော်တို့က လက်ခံလို့ မရဘူး။ ပုဂ္ဂလိကလုပ်တယ်ဆိုရင် အဲဒီကလယ်သမားတွေနဲ့ လက်ရှိမြေယာပေါက်စျေးနဲ့ ဝယ်ရင်ဝယ်ပေါ့။ ဝယ်ပြီးလုပ်ပေါ့။ မလုပ်ဘဲနဲ့ ဒီအစိုးရဆီဝင်ပြီးတော့ အစိုးရသတ်မှတ်တဲ့ မြေယာလျော်ကြေးကို သဘောမတူတဲ့ လူတွေဟာ ခရိုင်ထွေအုပ်က တစ်ခါ အင်အားသုံးဝင်ပြီး ဘူဒိုဇာနဲ့ထိုးတာဘာညာလုပ်လာတဲ့အခါကျတော့ ကျွန်တော်တို့ လွှတ်တော်က ကြည့်နေလို့မရတော့ဘူး။ အခုကျွန်တော်တို့လည်း ဝင်ပြီးပြောရဆိုရ၊ လုပ်ရတဲ့ သဘောမျိုးပါ။

People Media – ဒီလိုလုပ်ဆောင်လာတဲ့လုပ်ရပ်တွေအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဦးညွန့်ရွှေ – ပြည်သူတွေကနေပြီးတော့ အစိုးရအဖွဲ့ကိုအယုံအကြည်မဲ့အောင်၊ မဲ့စေနိုင်တဲ့အလုပ်မျိုးကို မလုပ်ဖို့နဲ့၊ ဘာပဲဖြစ်ဖြစ် စက်မှုဇုန်မပြောနဲ့ တခြားစီမံချက်တစ်ခုခုရှိရင်တောင် လွှတ်တော်ကိုတင်ပြပြီးတော့ အစီရင်ခံရမှာဖြစ် တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ တာဝန်ပျက်ကွက်မှုတစ်ခုလို့ ကျွန်တော်ယူဆတယ်။ ပုဂ္ဂလိကကိုပေးထားတယ်။ ဘယ်လိုအတိုင်းအတာနဲ့ ခွင့်ပြုတယ်၊ ဒီမြေယာဧကက အကျယ်ကြီးဖြစ်တယ်။ ဘယ်လိုကြောင့် လွှတ်တော်ကိုမတင်ဘဲနဲ့ လုပ်သလဲ။ စီမံချက်က ဘယ်လိုတွေလည်းဆိုတာကို ကျွန် တော်တို့က ဘာမှန်းမသိရဘူး။ ကျွန်တော်တို့သိရတာက အဲဒီပုဂ္ဂလိက လုပ်ငန်းရှင်ရဲ့ ရေးဆွဲထားတဲ့စီမံချက်ပဲ ကျွန်တော်တို့သိရတယ်။ အစိုးရကနေပြီးတော့ အဲဒီအတိုင်းလုပ်မှာလား၊ မလုပ်ဘူးလားဆိုတာ ကျွန်တော်တို့က ဘာမှမသိရဘူး။ အဲဒီအထဲမှာ အစိုးရရဲ့ အဆောက်အဦတွေဖြစ်တဲ့ စျေးတွေ၊ ရုံးတွေ၊ ရဲစခန်းတွေ၊ ကျောင်း တွေစသည်ဖြင့် အဲဒါတွေပါလျာထားတာတွေ့နေရတဲ့အတွက်ကြောင့် ဒီဟာတွေကို အစိုးရအနေနဲ့ ဘယ်လို ပါဝင်ပတ်သက်ထားလည်း အဲဒါမေးတာ အခုအချိန်ထိ လာဖြေခြင်းမရှိသေးပါဘူး။

People Media – ဘယ်ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုတာ ပြောပြပေးပါဦး။

ဦးညွန့်ရွှေ – ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုတာက ဦးတင်မောင်နိုင်ပါ။

People Media – လက်ရှိအခြေအနေမှာရော အဲဒီမြေနေရာမှာ ဘာတွေဆက်လက်လုပ်ဆောင်နေတာမျိုးရှိလဲ။
ဦးညွန့်ရွှေ – သူတို့ကတော့ ဆက်လုပ်နေတာပဲ။ လမ်းတွေဖောက်တယ်။ စက်ရုံတွေဆောက်နေတာပေါ့။ အဲဒီ ဟာလည်း ကျွန်တော်တို့မှာ အခုအချိန်ထိ သဲသဲကွဲကွဲမသိရဘူး။ အစိုးရဆီက ဒီမြေတွေဟာ လယ်မြေတွေ ဖြစ်တဲ့အတွက်ကြောင့် အခြားနည်းသုံးစွဲခွင့်ရထားလား၊ မရထားလားဆိုတာလည်း အစိုးရဆီက တစ်စုံတရာ ဖြေကြား ခြင်းမရှိသေးဘူး။

#PeopleMedia #ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ #ပဲခူးမြို့


Share this post