• Follow Us on

Home ပဲခူးၿမိဳ႕ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးဧရိယာအတြင္း၌ ဗုံးေပါက္ကြဲမႈသည္ သမာတဲ့နည္း၊ ေရြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တဲ့သေဘာျဖစ္ေၾကာင္း NLD အမွတ္(၁) တိုင္းအမတ္ေျပာဆို

ပဲခူးၿမိဳ႕ ေရြးေကာက္ပြဲေကာ္မရွင္႐ုံးဧရိယာအတြင္း၌ ဗုံးေပါက္ကြဲမႈသည္ သမာတဲ့နည္း၊ ေရြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တဲ့သေဘာျဖစ္ေၾကာင္း NLD အမွတ္(၁) တိုင္းအမတ္ေျပာဆို

Share this post

ပဲခူးၿမိဳ႕နယ္၊ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးဧရိယာအတြင္း ၃ နာရီအခ်ိန္တြင္ ေပါက္ကြဲမႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ People Media မွ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အမွတ္-၁ ဦးၫြန္႔ေရႊ (NLD ပါတီ)အား ဆက္သြယ္ေမးျမန္းမႈကို ေဖာ္ျပလိုက္ရပါတယ္။

People Media – ျဖစ္စဥ္ေလးကို ေျပာျပေပးပါဦး။

ဦးၫြန္႔ေရႊ – ကၽြန္ေတာ္တို႔က အကုန္လံုးဒီေန႔ ၿမိဳ႕နယ္ေကာ္မရွင္႐ံုးမွာ ပါတီစံုကကိုယ္စားလွယ္ေတြအကုန္လံုးက စစ္တပ္ေတြက ပို႔လိုက္တဲ့ ႀကိဳတင္မဲေတြကို စစ္ေဆးတာေပါ့။ စစ္ေဆးတာ ပထမရက္ေတြကဆိုရင္ ညပိုင္းအထိေရာက္တယ္။ ဒီေန႔ကေတာ့ လူခြဲၿပီးစစ္လိုက္တဲ့အခါက်ေတာ့ အခ်ိန္နည္းနည္းျမန္သြားတာေပါ့။ အဲဒါၿပီးလို႔ ဒီကကိုယ္စားလွယ္ေတြအကုန္ ျပန္သြားတဲ့အခ်ိန္မွာ ထေပါက္တာပဲ။ ေပါက္တာက ကၽြန္ေတာ္တို႔သိရသေလာက္ကေတာ့ ႐ံုးစင္၀င္ေအာက္က ေပါက္တာလို႔သိရတယ္။ အခုေတာ့ ကၽြန္ေတာ္တို႔လည္း သြားၾကည့္လို႔မရဘူး။ အကုန္လံုး အ၀င္ေတြပိတ္ထားလိုက္ၿပီ။ ပိတ္ထားၿပီးေတာ့ စစ္တာေဆးတာေတြလုပ္ေနတယ္။ အခုအေျခအေနကေတာ့ ဗံုးေပါက္တာဟုတ္တယ္။ လူကေတာ့ အထိအခိုက္မရွိဘူးလို႔ေတာ့ ေျပာတယ္။ တျခားဟို စာရြက္စာတမ္းေတြေတာ့ ထိခိုက္လိမ့္မယ္။ က်န္ တာေတာ့ အတိအက်မသိႏိုင္ေသးဘူး။ ႀကိဳတင္မဲပံုးေတြ၊ မဲစာရြက္ေတြ ပါ၊ မပါလည္း ကၽြန္ေတာ္တို႔ မသိေသးဘူး။ ျပန္၀င္လို႔မရေတာ့ အကုန္လံုးပိတ္ထားတယ္။ ေကာ္မရွင္႐ံုးရဲ႕ စင္၀င္ေအာက္မွာ ေပါက္တာပါ။ ခန္႔မွန္းေျခ ကၽြန္ေတာ္တို႔ျပန္လာတာက တစ္နာရီခြဲေလာက္ျဖစ္မယ္။ အဲဒီအခ်ိန္ေလာက္ က ျဖစ္တာပါ။

People Media – ဆရာ့အေနနဲ႔ အျခားမွတ္ခ်က္ ေျပာေပးပါဦး။

ဦးၫြန္႔ေရႊ – ဒါက မသမာတဲ့နည္းေပါ့ေလ။ ဒါေရြးေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္တာပဲဆိုတဲ့ သေဘာပါေန တာေပါ့။ ဘာျဖစ္လို႔လည္းဆိုေတာ့ ပထမေန႔ကလည္း ကၽြန္ေတာ္တို႔ဒီက ကိုယ္စားလွယ္ေတြအားလံုး ဟာ ႏိုင္ငံျခားကပို႔တဲ့ ႀကိဳတင္မဲေတြရယ္၊ ျပည္တြင္းပို႔ ႀကိဳတင္မဲေတြကို ကၽြန္ေတာ္တို႔စစ္ၿပီးေတာ့ သက္ဆိုင္ရာ မဲပံုးေတြထဲကို ျပန္ထည့္ေနတဲ့အခ်ိန္ေလ။ မေန႔ကလုပ္တဲ့အခ်ိန္ကေတာ့ ညဘက္ ၇ နာရီ၊ ၈ နာရီေလာက္အထိေရာက္သြားတယ္။ ဒီေန႔ေတာ့ စံုမယ္၊ တပ္မဲက ပိုမ်ားတယ္ဆိုၿပီးေတာ့ လုပ္တဲ့အခ်ိန္မွာ သူတို႔သိထားလို႔ လာၿပီးေတာ့ ဒီဗံုးကိုလာထားတယ္လို႔ ယံုၾကည္ယူဆတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က ဒီေန႔လူခြဲၿပီးေတာ့ ကိုယ္စားလွယ္ေတြအကုန္လံုးခြဲၿပီးေတာ့ စစ္လိုက္တဲ့အခါက်ေတာ့ ပိုျမန္သြားတယ္။ ျမန္သြားတဲ့အခါက်ေတာ့ ကိုယ္စားလွယ္ေတြအကုန္လံုးေတာ့ လြတ္သြားတယ္။ ကၽြန္ ေတာ္တို႔ အကုန္လံုးျပန္ထြက္လာၿပီးတဲ့အခါက်မွ ေပါက္တယ္ဆိုေတာ့ ေနာက္ပိုင္းျပႆနာေတာ့ ကၽြန္ ေတာ္တို႔ မသိေတာ့ဘူး။

#PeopleMedia #ေပါက္ကြဲမႈ #UEC #ပဲခူးၿမိဳ႕

(Unicode)
ပဲခူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးဧရိယာအတွင်း၌ ဗုံးပေါက်ကွဲမှုသည် သမာတဲ့နည်း၊ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့သဘောဖြစ်ကြောင်း NLD အမှတ်(၁) တိုင်းအမတ်ပြောဆို
………………………………………………….

ပဲခူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးဧရိယာအတွင်း ၃ နာရီအချိန်တွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ People Media မှ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်-၁ ဦးညွန့်ရွှေ (NLD ပါတီ)အား ဆက်သွယ်မေးမြန်းမှုကို ဖော်ပြလိုက်ရပါတယ်။

People Media – ဖြစ်စဉ်လေးကို ပြောပြပေးပါဦး။

ဦးညွန့်ရွှေ – ကျွန်တော်တို့က အကုန်လုံးဒီနေ့ မြို့နယ်ကော်မရှင်ရုံးမှာ ပါတီစုံကကိုယ်စားလှယ်တွေအကုန်လုံးက စစ်တပ်တွေက ပို့လိုက်တဲ့ ကြိုတင်မဲတွေကို စစ်ဆေးတာပေါ့။ စစ်ဆေးတာ ပထမရက်တွေကဆိုရင် ညပိုင်းအထိရောက်တယ်။ ဒီနေ့ကတော့ လူခွဲပြီးစစ်လိုက်တဲ့အခါကျတော့ အချိန်နည်းနည်းမြန်သွားတာပေါ့။ အဲဒါပြီးလို့ ဒီကကိုယ်စားလှယ်တွေအကုန် ပြန်သွားတဲ့အချိန်မှာ ထပေါက်တာပဲ။ ပေါက်တာက ကျွန်တော်တို့သိရသလောက်ကတော့ ရုံးစင်ဝင်အောက်က ပေါက်တာလို့သိရတယ်။ အခုတော့ ကျွန်တော်တို့လည်း သွားကြည့်လို့မရဘူး။ အကုန်လုံး အဝင်တွေပိတ်ထားလိုက်ပြီ။ ပိတ်ထားပြီးတော့ စစ်တာဆေးတာတွေလုပ်နေတယ်။ အခုအခြေအနေကတော့ ဗုံးပေါက်တာဟုတ်တယ်။ လူကတော့ အထိအခိုက်မရှိဘူးလို့တော့ ပြောတယ်။ တခြားဟို စာရွက်စာတမ်းတွေတော့ ထိခိုက်လိမ့်မယ်။ ကျန် တာတော့ အတိအကျမသိနိုင်သေးဘူး။ ကြိုတင်မဲပုံးတွေ၊ မဲစာရွက်တွေ ပါ၊ မပါလည်း ကျွန်တော်တို့ မသိသေးဘူး။ ပြန်ဝင်လို့မရတော့ အကုန်လုံးပိတ်ထားတယ်။ ကော်မရှင်ရုံးရဲ့ စင်ဝင်အောက်မှာ ပေါက်တာပါ။ ခန့်မှန်းခြေ ကျွန်တော်တို့ပြန်လာတာက တစ်နာရီခွဲလောက်ဖြစ်မယ်။ အဲဒီအချိန်လောက် က ဖြစ်တာပါ။

People Media – ဆရာ့အနေနဲ့ အခြားမှတ်ချက် ပြောပေးပါဦး။

ဦးညွန့်ရွှေ – ဒါက မသမာတဲ့နည်းပေါ့လေ။ ဒါရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်တာပဲဆိုတဲ့ သဘောပါနေ တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ပထမနေ့ကလည်း ကျွန်တော်တို့ဒီက ကိုယ်စားလှယ်တွေအားလုံး ဟာ နိုင်ငံခြားကပို့တဲ့ ကြိုတင်မဲတွေရယ်၊ ပြည်တွင်းပို့ ကြိုတင်မဲတွေကို ကျွန်တော်တို့စစ်ပြီးတော့ သက်ဆိုင်ရာ မဲပုံးတွေထဲကို ပြန်ထည့်နေတဲ့အချိန်လေ။ မနေ့ကလုပ်တဲ့အချိန်ကတော့ ညဘက် ၇ နာရီ၊ ၈ နာရီလောက်အထိရောက်သွားတယ်။ ဒီနေ့တော့ စုံမယ်၊ တပ်မဲက ပိုများတယ်ဆိုပြီးတော့ လုပ်တဲ့အချိန်မှာ သူတို့သိထားလို့ လာပြီးတော့ ဒီဗုံးကိုလာထားတယ်လို့ ယုံကြည်ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီနေ့လူခွဲပြီးတော့ ကိုယ်စားလှယ်တွေအကုန်လုံးခွဲပြီးတော့ စစ်လိုက်တဲ့အခါကျတော့ ပိုမြန်သွားတယ်။ မြန်သွားတဲ့အခါကျတော့ ကိုယ်စားလှယ်တွေအကုန်လုံးတော့ လွတ်သွားတယ်။ ကျွန် တော်တို့ အကုန်လုံးပြန်ထွက်လာပြီးတဲ့အခါကျမှ ပေါက်တယ်ဆိုတော့ နောက်ပိုင်းပြဿနာတော့ ကျွန် တော်တို့ မသိတော့ဘူး။

#PeopleMedia #ပေါက်ကွဲမှု #UEC #ပဲခူးမြို့


Share this post