• Follow Us on

Home ပဲခူး PDF အဖွဲ့ဝင် ကျား (၁၈) ဦး၊ မ (၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရ

ပဲခူး PDF အဖွဲ့ဝင် ကျား (၁၈) ဦး၊ မ (၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရ

Share this post

ပဲခူး၊ ဒီဇင်ဘာလ ၂၂ (People Media)

 

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပဲခူး PDF အဖွဲ့ဝင် ကျား (၁၈) ဦး၊ မ (၁) ဦး စုစုပေါင်း ၁၉ ဦးနှင့်အတူ လက်နက်များ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက်တွင် ပဲခူး PDF အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့်သည် ပဲခူးမြို့မှ ခရီးသည်တင် ယာဉ်လိုင်းဖြင့် မန္တလေးမြို့သို့ လိုက်ပါလာကြောင်း သိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၅၈) ၌ ခန့်လင်းနိုင်(ခ)ကို ဖမ်းဆီးရမိခဲ့သည်။

 

ထိုနောက် တရားခံ ခန့်လင်းနိုင်၏ ထွက်ဆိုချက်အရ ပဲခူးမြို့တွင် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိ သည့် မြတ်ကိုကိုလင်း၊ ပြည့်ဖြိုးအောင်၊ ဇင်ဝင်းထွန်းနှင့် အောင်ဇာထွန်းတို့ အပါအဝင် ပဲခူးမြို့ PDF အဖွဲ့ဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၉ ဦးတို့အား လက်နက်ငယ်မျိုးစုံ ၄ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ကျည်မျိုးစုံ ၁၂၄ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၇ လုံး၊ TNT ယမ်း ၃ တုံး၊ ယမ်းထုပ် ၁၁ ထုပ်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန် ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပဲခူးမြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်း ၉ ကြိမ် ဆောင်ရွက်ခဲ့သည်။

 

#PeopleMedia #ပဲခူးPDF

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post