• Follow Us on

Home ပဲရစ္ၿမိဳ႕ခံမ်ား အလံုပိတ္ကန္႔သတ္မႈခ်ိဳးေဖာက္ျခင္း႐ွိ၊ မ႐ွိ ျပင္သစ္ရဲမ်ားတိုးႁမွင့္စစ္ေဆး

ပဲရစ္ၿမိဳ႕ခံမ်ား အလံုပိတ္ကန္႔သတ္မႈခ်ိဳးေဖာက္ျခင္း႐ွိ၊ မ႐ွိ ျပင္သစ္ရဲမ်ားတိုးႁမွင့္စစ္ေဆး

Share this post

ပဲရစ္၊ ႏို၀င္ဘာ ၁၆
 
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေလွ်ာ့ခ်ႏိုင္ရန္ထုတ္ျပန္ထားသည့္စည္းကမ္းမ်ားကို ၿမိဳ႕ခံမ်ားေသခ်ာ လိုက္နာေစရန္ သီတင္းပတ္ကုန္တြင္ ျပင္သစ္ရဲမ်ားက ထိန္းခ်ဳပ္မႈမ်ားတိုးႁမွင့္ျပဳလုပ္ေနသည္။
 
လူအခ်ိဳ႕စည္းကမ္းေဖာက္ဖ်က္ေနသည္ဟု သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ အ႐ွိန္တိုးႁမွင့္ လုပ္ေဆာင္ျခင္းျဖစ္သည္။
 
ေႏြဦးကာလတြင္ပထမဆံုးသတ္မွတ္ခဲ့သည့္အလံုပိတ္ကန္႔သတ္မႈကဲ့သို႔ ယခုတႀကိမ္တြင္ စည္း ကမ္းလိုက္နာၾကျခင္းမ႐ွိဟု ၀န္ႀကီးခ်ဳပ္ ဂၽြန္ ကတ္စ္တက္စ္ကေျပာသည္။
 
စေနေန႔မနက္အေစာပိုင္းတြင္ ပဲရစ္ၿမိဳ႕အနီး လူ ၄၀၀ နီးပါးပါ၀င္ေသာတရားမ၀င္ေပ်ာ္ပြဲ႐ႊင္ပြဲတခုကို ရဲမ်ားက ၿဖိဳခြဲခဲ့ရသည္။
 
ေအာက္တိုဘာလကုန္မွစတင္၍သက္ေရာက္ေသာအလံုပိတ္ကန္႔သတ္မႈအရ ပဲရစ္ၿမိဳ႕ခံမ်ားသည္ အစားအစာႏွင့္မျဖစ္မေနလိုအပ္ေသာအစားအစာမ်ားကို၀ယ္ရန္ႏွင့္ တေန႔လွ်င္တနာရီၾကာ ေလ့က်င့္ခန္းလုပ္ရန္တို႔အတြက္သာ အိမ္ျပင္ထြက္ႏိုင္မည္ျဖစ္သည္။
 
ျပင္သစ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္အတည္ျပဳလူနာ ၁.၉ သန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၄၄၅၄၈ ေယာက္ႏွင့္ ေဆး႐ံုဆင္းသူ ၁၃၉၈၁၀ ေယာက္႐ွိသည္။
 
Ref : French police increase COVID-19 lockdown checks in Paris
 
#PeopleMedia
 
(unicode)
ပဲရစ်မြို့ခံများ အလုံပိတ်ကန့်သတ်မှုချိုးဖောက်ခြင်းရှိ၊ မရှိ ပြင်သစ်ရဲများတိုးမြှင့်စစ်ဆေး
…………………………………………..
 
ပဲရစ်၊ နိုဝင်ဘာ ၁၆
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလျှော့ချနိုင်ရန်ထုတ်ပြန်ထားသည့်စည်းကမ်းများကို မြို့ခံများသေချာ လိုက်နာစေရန် သီတင်းပတ်ကုန်တွင် ပြင်သစ်ရဲများက ထိန်းချုပ်မှုများတိုးမြှင့်ပြုလုပ်နေသည်။
 
လူအချို့စည်းကမ်းဖောက်ဖျက်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အရှိန်တိုးမြှင့် လုပ်ဆောင်ခြင်းဖြစ်သည်။
 
နွေဦးကာလတွင်ပထမဆုံးသတ်မှတ်ခဲ့သည့်အလုံပိတ်ကန့်သတ်မှုကဲ့သို့ ယခုတကြိမ်တွင် စည်း ကမ်းလိုက်နာကြခြင်းမရှိဟု ဝန်ကြီးချုပ် ဂျွန် ကတ်စ်တက်စ်ကပြောသည်။
 
စနေနေ့မနက်အစောပိုင်းတွင် ပဲရစ်မြို့အနီး လူ ၄၀၀ နီးပါးပါဝင်သောတရားမဝင်ပျော်ပွဲရွှင်ပွဲတခုကို ရဲများက ဖြိုခွဲခဲ့ရသည်။
 
အောက်တိုဘာလကုန်မှစတင်၍သက်ရောက်သောအလုံပိတ်ကန့်သတ်မှုအရ ပဲရစ်မြို့ခံများသည် အစားအစာနှင့်မဖြစ်မနေလိုအပ်သောအစားအစာများကိုဝယ်ရန်နှင့် တနေ့လျှင်တနာရီကြာ လေ့ကျင့်ခန်းလုပ်ရန်တို့အတွက်သာ အိမ်ပြင်ထွက်နိုင်မည်ဖြစ်သည်။
 
ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်အတည်ပြုလူနာ ၁.၉ သန်းကျော်ရှိပြီး သေဆုံးသူ ၄၄၅၄၈ ယောက်နှင့် ဆေးရုံဆင်းသူ ၁၃၉၈၁၀ ယောက်ရှိသည်။
 
Ref : French police increase COVID-19 lockdown checks in Paris
 
#PeopleMedia

Share this post