• Follow Us on

Home ပဲရစ္ၿမိဳ႕မွတိုက္ခိုက္မႈေၾကာင့္ သံသယတရားခံပါကစၥတန္အမ်ိဳးသားအပါအ၀င္ လူ ၇ ေယာက္ကိုဖမ္းဆီး

ပဲရစ္ၿမိဳ႕မွတိုက္ခိုက္မႈေၾကာင့္ သံသယတရားခံပါကစၥတန္အမ်ိဳးသားအပါအ၀င္ လူ ၇ ေယာက္ကိုဖမ္းဆီး

Share this post

ပဲရစ္၊ စက္တင္ဘာ ၂၆
 
ျပင္သစ္ႏုိင္ငံၿမိဳ႕ေတာ္ပဲရစ္႐ွိ သေရာ္စာမဂၢဇင္း ခ်ာလီ ဟက္ဒို ႐ံုးေဟာင္းနားတြင္ျဖစ္ပြားသည့္ တိုက္ခိုက္ မႈေၾကာင့္လူ ၇ ေယာက္ကို ထိန္းသိမ္းထားသည္ဟု အာဏာပိုင္မ်ားကေျပာသည္။
 
ေသာၾကာေန႔ကတိုက္ခိုက္မႈသည္ အသားခုတ္ဓားအ႐ွည္ကိုင္ထားသည့္အမ်ိဳးသားတစ္ေယာက္ေၾကာင့္ လူ ၂ ေယာက္ဒဏ္ရာရသြားျခင္းျဖစ္သည္။
 
ပါကစၥတန္ႏုိင္ငံမွလာေသာအသက္ ၁၈ ႏွစ္အ႐ြယ္အမ်ိဳးသား တစ္ေယာက္ကို အခင္းျဖစ္ရာအနီးတြင္ ဖမ္းဆီးခဲ့ၿပီး ေနာက္ထပ္ ၇ ေယာက္ကိုလည္း ထိန္းသိမ္းစစ္ေဆးေနသည္ဟု ရဲမ်ားကေျပာသည္။
 
အၾကမ္းဖက္ျဖစ္ရပ္အေနျဖင့္ စံုစမ္းစစ္ေဆးေနသည္ဟုသိရသည္။
 
ထိုျဖစ္ရပ္သည္ သိသာထင္႐ွားေသာအစၥလာမ္အစြန္းေရာက္အၾကမ္းဖက္မႈဟု ျပည္ထဲေရး၀န္ႀကီး ဂ်ာရတ္ ဒါမာနင္ကေျပာသည္။
 
၂၀၁၅ ခုႏွစ္ကလည္း ခ်ာလီ ဟက္ဒို႐ံုးကို ဘာသာေရးအစြန္းေရာက္ ၂ ေယာက္ျပဳလုပ္ခဲ့သည့္အၾကမ္းဖက္မႈ ေၾကာင့္ လူ ၂ ေယာက္ေသဆံုးခဲ့ၿပီး အၾကမ္းဖက္သမား ၂ ေယာက္ကိုကူညီမႈျဖင့္ လူ ၁၄ ေယာက္ကို တရား႐ံုးတင္စစ္ေဆးမႈမ်ားျပဳလုပ္ေနခ်ိန္တြင္ ယခုျဖစ္ရပ္ျဖစ္လာသည္။
 
Ref : Seven detained after knife attack near ex-Charlie Hebdo offices
 
#PeopleMedia
 
(Unicode)
ပဲရစ်မြို့မှတိုက်ခိုက်မှုကြောင့် သံသယတရားခံပါကစ္စတန်အမျိုးသားအပါအဝင် လူ ၇ ယောက်ကိုဖမ်းဆီး
…………………………………….
 
ပဲရစ်၊ စက်တင်ဘာ ၂၆
 
ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်ရှိ သရော်စာမဂ္ဂဇင်း ချာလီ ဟက်ဒို ရုံးဟောင်းနားတွင်ဖြစ်ပွားသည့် တိုက်ခိုက် မှုကြောင့်လူ ၇ ယောက်ကို ထိန်းသိမ်းထားသည်ဟု အာဏာပိုင်များကပြောသည်။
 
သောကြာနေ့ကတိုက်ခိုက်မှုသည် အသားခုတ်ဓားအရှည်ကိုင်ထားသည့်အမျိုးသားတစ်ယောက်ကြောင့် လူ ၂ ယောက်ဒဏ်ရာရသွားခြင်းဖြစ်သည်။
 
ပါကစ္စတန်နိုင်ငံမှလာသောအသက် ၁၈ နှစ်အရွယ်အမျိုးသား တစ်ယောက်ကို အခင်းဖြစ်ရာအနီးတွင် ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၇ ယောက်ကိုလည်း ထိန်းသိမ်းစစ်ဆေးနေသည်ဟု ရဲများကပြောသည်။
 
အကြမ်းဖက်ဖြစ်ရပ်အနေဖြင့် စုံစမ်းစစ်ဆေးနေသည်ဟုသိရသည်။
 
ထိုဖြစ်ရပ်သည် သိသာထင်ရှားသောအစ္စလာမ်အစွန်းရောက်အကြမ်းဖက်မှုဟု ပြည်ထဲရေးဝန်ကြီး ဂျာရတ် ဒါမာနင်ကပြောသည်။
 
၂၀၁၅ ခုနှစ်ကလည်း ချာလီ ဟက်ဒိုရုံးကို ဘာသာရေးအစွန်းရောက် ၂ ယောက်ပြုလုပ်ခဲ့သည့်အကြမ်းဖက်မှု ကြောင့် လူ ၂ ယောက်သေဆုံးခဲ့ပြီး အကြမ်းဖက်သမား ၂ ယောက်ကိုကူညီမှုဖြင့် လူ ၁၄ ယောက်ကို တရားရုံးတင်စစ်ဆေးမှုများပြုလုပ်နေချိန်တွင် ယခုဖြစ်ရပ်ဖြစ်လာသည်။
 
Ref : Seven detained after knife attack near ex-Charlie Hebdo offices
 
#PeopleMedia

Share this post