• Follow Us on

Home ပဲ့ထိန္းဒံုးပ်ံမ်ားႏွင့္အဆင္ေျပသည့္ႏ်ဴကလီးယားပစၥည္းမ်ား ေျမာက္ကိုရီးယားတီထြင္ထားႏိုင္ၿပီဟု ကုလ သမဂၢအစီရင္ခံစာေဖာ္ျပ

ပဲ့ထိန္းဒံုးပ်ံမ်ားႏွင့္အဆင္ေျပသည့္ႏ်ဴကလီးယားပစၥည္းမ်ား ေျမာက္ကိုရီးယားတီထြင္ထားႏိုင္ၿပီဟု ကုလ သမဂၢအစီရင္ခံစာေဖာ္ျပ

Share this post

ကုလသမဂၢ၊ ၾသဂုတ္ ၄

ႏ်ဳကလီးယားလက္နက္အစီအစဥ္ကို ေျမာက္ကိုရီးယားႏိုင္ငံဆက္လက္ဖိအားေပးေနၿပီး ပဲ့ထိန္းဒံုးက်ည္ထိပ္ဖူး မ်ားႏွင့္ အံ၀င္သည့္ အေသးစားႏ်ဴကလီးယားပစၥည္းမ်ားကို ထုတ္လုပ္ထားႏိုင္ေၾကာင္း ႏိုင္ငံအမ်ားအျပားက ယံုၾကည္ေနသည္ဟု ကုလသမဂၢလွ်ိဳ႕၀ွက္အစီရင္ခံစာတစ္ရပ္တြင္ပါ၀င္သည္။

ကုလသမဂၢပိတ္ဆို႔အေရးယူမႈမ်ားကိုေစာင့္ၾကည့္သည့္ အမွီအခိုကင္းသည့္ကၽြမ္းက်င္သူမ်ား၏အစီရင္ခံ စာတြင္ ေျမာက္ကိုရီးယား၏ေနာက္ဆံုးႏ်ဴကလီးယားစမ္းသပ္မႈ ၆ ႀကိမ္တြင္ ႏ်ဴကလီးယားပစၥည္းမ်ားကို အ႐ြယ္အစား ေသးရန္ ေအာင္ျမင္ခဲ့ႏိုင္ေၾကာင္း အမည္မေဖာ္ထားသည့္ႏိုင္ငံမ်ားကယံုၾကည္ေနၾကသည္ဟု အစီရင္ခံစာတြင္ ပါ၀င္သည္။

ထိုၾကားျဖတ္အစီရင္ခံစာကို ကုလသမဂၢလံုျခံဳေရးေကာင္စီ၏ အဖြဲ႔၀င္ ၁၅ ႏိုင္ငံပါ၀င္သည့္ ေျမာက္ကိုရီး ယားႏိုင္ငံဆိုင္ရာပိတ္ဆို႔အေရးယူမႈေကာ္မတီကို တနလၤာေန႔တြင္ တင္သြင္းခဲ့သည္။

ကုလသမဂၢဆိုင္ရာေျမာက္ကိုရီးယားသံအဖြဲ႔က ထိုအစီရင္ခံစာႏွင့္ပတ္သက္၍ တစံုတရာမွတ္ခ်က္မျပဳေသးေခ်။ ႏိုင္ငံျပင္ပမွဖိအားႏွင့္စစ္ေရးၿခိမ္းေျခာက္မႈမ်ားေလ်ာ့က်မသြားေသာ္လည္း ေျမာက္ကိုရီးယားႏိုင္ငံ၏ႏ်ဴကလီး ယားလက္နက္မ်ားသည္ ေဘးကင္းလံုျခံဳေရးႏွင့္အနာဂတ္မ်ားကို အာမခံႏိုင္သျဖင့္ စစ္ပြဲမ်ားထပ္ျဖစ္ေတာ့မ ည္မဟုတ္ဟု ၿပီးခဲ့သည့္တစ္ပတ္တြင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအြန္ကေျပာသည္။

ႏ်ဴကလီးယားလက္နက္ႏွင့္ပဲ့ထိန္းဒံုးက်ည္အစီအစဥ္မ်ားေၾကာင့္ ၂၀၀၆ ခုႏွစ္ကစတင္ၿပီး ကုလသမဂၢက ေျမာက္ကိုရီးယားႏိုင္ငံကို ပိတ္ဆို႔အေရးယူမ်ားျပဳလုပ္ခဲ့သည္။

Ref : North Korea has ‘probably’ developed nuclear devices to fit ballistic missiles: UN report

#PeopleMedia

(unicode)
ပဲ့ထိန်းဒုံးပျံများနှင့်အဆင်ပြေသည့်နျူကလီးယားပစ္စည်းများ မြောက်ကိုရီးယားတီထွင်ထားနိုင်ပြီဟု ကုလ သမဂ္ဂအစီရင်ခံစာဖော်ပြ
………………………………………………………

ကုလသမဂ္ဂ၊ ဩဂုတ် ၄

နျုကလီးယားလက်နက်အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံဆက်လက်ဖိအားပေးနေပြီး ပဲ့ထိန်းဒုံးကျည်ထိပ်ဖူး များနှင့် အံဝင်သည့် အသေးစားနျူကလီးယားပစ္စည်းများကို ထုတ်လုပ်ထားနိုင်ကြောင်း နိုင်ငံအများအပြားက ယုံကြည်နေသည်ဟု ကုလသမဂ္ဂလျှို့ဝှက်အစီရင်ခံစာတစ်ရပ်တွင်ပါဝင်သည်။

ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုများကိုစောင့်ကြည့်သည့် အမှီအခိုကင်းသည့်ကျွမ်းကျင်သူများ၏အစီရင်ခံ စာတွင် မြောက်ကိုရီးယား၏နောက်ဆုံးနျူကလီးယားစမ်းသပ်မှု ၆ ကြိမ်တွင် နျူကလီးယားပစ္စည်းများကို အရွယ်အစား သေးရန် အောင်မြင်ခဲ့နိုင်ကြောင်း အမည်မဖော်ထားသည့်နိုင်ငံများကယုံကြည်နေကြသည်ဟု အစီရင်ခံစာတွင် ပါဝင်သည်။

ထိုကြားဖြတ်အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် မြောက်ကိုရီး ယားနိုင်ငံဆိုင်ရာပိတ်ဆို့အရေးယူမှုကော်မတီကို တနင်္လာနေ့တွင် တင်သွင်းခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားသံအဖွဲ့က ထိုအစီရင်ခံစာနှင့်ပတ်သက်၍ တစုံတရာမှတ်ချက်မပြုသေးချေ။ နိုင်ငံပြင်ပမှဖိအားနှင့်စစ်ရေးခြိမ်းခြောက်မှုများလျော့ကျမသွားသော်လည်း မြောက်ကိုရီးယားနိုင်ငံ၏နျူကလီး ယားလက်နက်များသည် ဘေးကင်းလုံခြုံရေးနှင့်အနာဂတ်များကို အာမခံနိုင်သဖြင့် စစ်ပွဲများထပ်ဖြစ်တော့မ ည်မဟုတ်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကပြောသည်။

နျူကလီးယားလက်နက်နှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကြောင့် ၂၀၀၆ ခုနှစ်ကစတင်ပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့အရေးယူများပြုလုပ်ခဲ့သည်။

Ref : North Korea has ‘probably’ developed nuclear devices to fit ballistic missiles: UN report

#PeopleMedia


Share this post