• Follow Us on

Home ပဲ့ထိန်းဒုံးအစစ် ဂျပန်မြင်ရတော့မည်ဟု မြောက်ကိုရီးယားသတိပေး


Share this post







(Unicode)
ပဲ့ထိန်းဒုံးအစစ် ဂျပန်မြင်ရတော့မည်ဟု မြောက်ကိုရီးယားသတိပေး
………………………………………………………

မြောက်ကိုရီးယားအစိုးရပိုင်ရုပ်သံလိုင်းက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို မိုက်မဲတဲ့ အစွန်းရောက်နိုင်ငံရေးသမားတစ်ဦးအဖြစ် ဝေဖန်ပုတ်ခတ်ခဲ့ပြီး မကြာခင်မှာ ပဲ့ထိန်းဒုံးအစစ်ကို ၄င်းအနေနဲ့ မြင်တွေ့ရတော့မယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ကြာသတေးနေ့က ၄င်းတို့ရဲ့ ဧရာမအကြီးစား ရော့ကတ်လောင်ချာကို လေးကြိမ် မြောက်အဖြစ် အရှေ့ကမ်းရိုးတန်းပင်လယ်ထဲ တာတိုဒုံးများပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးစမ်းသပ်မှုရလဒ်အပေါ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကျေနပ်လျက်ရှိနေတယ်လို့ နိုင်ငံပိုင်းရုပ်သံလိုင်းက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုဟာ ဂျပန်နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ ဂျပန်နိုင်ငံတို့က စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အာဘေးက ကြာသတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

Ref; https://www.aljazeera.com/

#PeopleMedia #International


Share this post