• Follow Us on
Latest News

Home ပျဉ်းမနားမြို့နယ်၌ KTV ဆိုင် မန်နေဂျာအပါအဝင် ဆို/ပျော် ၅၇ ဦးကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ

ပျဉ်းမနားမြို့နယ်၌ KTV ဆိုင် မန်နေဂျာအပါအဝင် ဆို/ပျော် ၅၇ ဦးကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ KTV ဆိုင်ဖွင့်လှစ်လုပ်ကိုင်သူနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၅၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၁ ရက် ည ၁၀ နာရီတွင် ပျဉ်းမနားမြို့၊ သောဂဝတီရပ်ကွက်အတွင်း ရွာကောက်နယ် မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ 145 KTV စားသောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာ၌ KTV ၌ တည်းခိုနေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ဆိုင်မန်နေဂျာဖြစ်သူ ဦးဟန်ဝင်းအောင်အပါအဝင် အမျိုးသား ၃၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး  တောင်ဥက္ကလာပမြို့နယ်မှ မမဇ္ဇူအပါအဝင် အမျိုးသမီး ၂၇ ဦးတို့အား KTV ဆိုင်ဖွင့်လှစ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဆိုင်ပိုင်ရှင် ကျော်ဌေးနှင့် မန်နေဂျာ ဟန်ဝင်းအောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ မန်နေဂျာဖြစ်သူ ဟန်ဝင်းအောင်အပါအဝင် အမျိုးသား/အမျိုးသမီး ၅၇ ဦးတို့အား ရွာကောက်နယ်မြေရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) ဖြင့် အသီးသီး အမှုဖွင့်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #သဘာဝဘေးအန္တရာယ်ဆိုင်ရာ #ပျဉ်းမနားမြို့

 

(unicode)


……………………………………………………………..

 


 


 


 


 


 

Photo – Credit

 

#PeopleMedia #သဘာဝဘေးအန်တရာယျဆိုငျရာ #ပဉြျးမနားမွို့


Share this post