• Follow Us on

Home ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းထားခြင်း၊ သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများမရှိကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောဆို

ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းထားခြင်း၊ သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများမရှိကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းထားခြင်း၊ သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများမရှိကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့၌ ပြောဆိုလိုက်ပါတယ်။

 

ပျူစောထီးအဖွဲ့များကို တပ်မတော်မှ စစ်သင်တန်းများပေးနေကြောင်း စွဲချက်များနဲ့ပတ်သက်လို့ ဆောင်ရွက် ခြင်းမရှိကြောင်းလည်း တပ်မတော်က ငြင်းဆိုပါတယ်။

 

“ပျူစောထီးအဖွဲ့နဲ့ ပတ်သက်လို့ ဖွဲ့စည်းထားခြင်းမရှိပါ။ ထိုကြောင့် ဒီအဖွဲ့များအပေါ်မှာ မည်သည့် သဘော ထားမျှလည်းမရှိပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံအတွင်း၌ နေထိုင်သူများသည် တည်ဆဲဥပဒေနှင့်အညီ နေထိုင်ရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ နေထိုင်ခြင်းမရှိပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများ၊ ပြစ်ဒဏ်များကိုပါ ခံစားရမည်ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံအတွင်း နေထိုင်သော မည်သူမဆို တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ဥပဒေချိုးဖောက် ပါက ထိုက်သင့်သောအရေးယူမှုများရှိမှာဖြစ်ပြီး ပြစ်ဒဏ်များ ခံစားရမည်ဖြစ်ကြောင်း၊ သို့ပါ၍ ပျူစောထီးအဖွဲ့ များအား ဖွဲ့စည်းထားခြင်း၊ သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများမရှိကြောင်း ပျူစောထီးအဖွဲ့ သတင်းသည် Online Media ပေါ်တွင် ရေးသားနေမှုများသာ တွေ့ရှိရကြောင်း” တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

 

#PeopleMedia #ပျူစောထီးအဖွဲ့

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 


 



Share this post