• Follow Us on

Home ပြဲစားကုိ တစ္ဦးလွ်င္ ေငြက်ပ္(၃၄)သိန္းေပး၍ ရန္ကုန္သုိ႔ ခုိးဝင္ရန္လာ သည့္ ဘဂၤလီ(၆)ဦး မေကြးတုိင္း၌ ဖမ္းမိ

ပြဲစားကုိ တစ္ဦးလွ်င္ ေငြက်ပ္(၃၄)သိန္းေပး၍ ရန္ကုန္သုိ႔ ခုိးဝင္ရန္လာ သည့္ ဘဂၤလီ(၆)ဦး မေကြးတုိင္း၌ ဖမ္းမိ

Share this post

မေကြး၊ မတ္ – ၂၁

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး-ပဒါန္းသြားကားလမ္းမိုင္တိုင္(၁၈/၃)ႏွင့္(၁၈/၄)ၾကားတြင္ ဘဂၤလီက်ား (၅) ဦး ႏွင့္ မ(၁)ဦး စုစုေပါင္း (၆) ဦးကို မတ္လ ၂၁ ရက္ နံနက္ ၅ နာရီ ၄၅ မိနစ္အခ်ိန္က ဖမ္းဆီးရမိခဲ့သည္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွ အမ္းေတာင္ေျခသို႔ မတ္လ ၂ ရက္ နံနက္ (၂) ရက္ၾကာ ခရီးဆက္လာ ၿပီး အမ္းေတာင္ေပၚေတာလမ္းမွ မင္းဘူး- ပဒါန္းကားလမ္းသို႔ (၁၇) ရက္ၾကာ ေျခလ်င္ခရီးဆက္လာခဲ့ရျခင္း ျဖစ္ေၾကာင္း ၎တို႔ကထြက္ခ်က္ေပးခဲ့ၾကသည္။

မတ္လ ၂၁ ရက္ နံနက္ ၄ နာရီခြဲအခ်ိန္တြင္ ပဒါန္းဘက္မွ မင္းဘူးဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ ယာဥ္တစ္စီးတား၍ လိုက္ပါလာခဲ့ၾကေၾကာင္း၊ လက္ရွိဖမ္းဆီးခံခဲ့သည့္ေနရာသည့္ ၎ခရီးသည္တင္ယာဥ္က ရန္ကုန္အဝင္ ေရာက္ၿပီေျပာ၍ ခ်ထားခဲ့၍ ၎လမ္းေဘး ခရီးဆက္ရန္ ခက္ခဲေနစဥ္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ ေၾကာင္း ထြက္ခ်က္ေပးခဲ့ၾကသည္။

ေက်ာက္ေတာ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔အေရာက္ တစ္ဦးလွ်င္ (၃၄) သိန္းႏႈန္းျဖင့္ ပြဲစားထံေငြေခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရၿပီး စကုနယ္ေျမရဲစခန္းတြင္ ၎တို႔အားဆက္လက္စစ္ေဆး၍ ျမန္မာနိုင္ငံတြင္း ေနထိုင္ၾကသူမ်ား အက္ ဥပေဒျဖင့္အေရးယူနိုင္ရန္စီစဥ္ေဆာင္႐ြက္လွ်က္ရွိေနေၾကာင္းသိရသည္။

သက္ေနာင္(မင္းလွ)

#PeopleMedia

(Unicode)
ပွဲစားကို တစ်ဦးလျှင် ငွေကျပ်(၃၄)သိန်းပေး၍ ရန်ကုန်သို့ ခိုးဝင်ရန်လာ သည့် ဘင်္ဂလီ(၆)ဦး မကွေးတိုင်း၌ ဖမ်းမိ
…………………………………………………

မကွေး၊ မတ် – ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး-ပဒါန်းသွားကားလမ်းမိုင်တိုင်(၁၈/၃)နှင့်(၁၈/၄)ကြားတွင် ဘင်္ဂလီကျား (၅) ဦး နှင့် မ(၁)ဦး စုစုပေါင်း (၆) ဦးကို မတ်လ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမ်းတောင်ခြေသို့ မတ်လ ၂ ရက် နံနက် (၂) ရက်ကြာ ခရီးဆက်လာ ပြီး အမ်းတောင်ပေါ်တောလမ်းမှ မင်းဘူး- ပဒါန်းကားလမ်းသို့ (၁၇) ရက်ကြာ ခြေလျင်ခရီးဆက်လာခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့ကထွက်ချက်ပေးခဲ့ကြသည်။

မတ်လ ၂၁ ရက် နံနက် ၄ နာရီခွဲအချိန်တွင် ပဒါန်းဘက်မှ မင်းဘူးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်တစ်စီးတား၍ လိုက်ပါလာခဲ့ကြကြောင်း၊ လက်ရှိဖမ်းဆီးခံခဲ့သည့်နေရာသည့် ၎င်းခရီးသည်တင်ယာဉ်က ရန်ကုန်အဝင် ရောက်ပြီပြော၍ ချထားခဲ့၍ ၎င်းလမ်းဘေး ခရီးဆက်ရန် ခက်ခဲနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း ထွက်ချက်ပေးခဲ့ကြသည်။

ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့အရောက် တစ်ဦးလျှင် (၃၄) သိန်းနှုန်းဖြင့် ပွဲစားထံငွေချေခဲ့ပြီးဖြစ်ကြောင်း သိရပြီး စကုနယ်မြေရဲစခန်းတွင် ၎င်းတို့အားဆက်လက်စစ်ဆေး၍ မြန်မာနိုင်ငံတွင်း နေထိုင်ကြသူများ အက် ဥပဒေဖြင့်အရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။

သက်နောင်(မင်းလှ)

#PeopleMedia


Share this post