• Follow Us on
Latest News

Home ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အဖွဲ့အစည်းအားလုံးနှင့်အတူတကွ ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း KIO ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အဖွဲ့အစည်းအားလုံးနှင့်အတူတကွ ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း KIO ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၆ (People Media)

 

ဖက်ဒရက်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIO ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရန် အာရုံစိုက် ကြိုးပမ်း နေကြသော အိမ်နီးချင်းနိုင်ငံများ၊ ASEAN, UN, SAC-M တို့၏ ကြိုးပမ်းမှုကိုလည်း ကြိုဆိုကြောင်း၊ တိုက်ပွဲ ကာလကြာရှည်ပြီး ယင်းအကြပ်အတည်းအား အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်း ရေးသို့ ရောက်ရှိသွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံ၏ ကြုံတွေ့နေရသော ပြဿနာအကြပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထား ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

အရပ်ဖက်လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ်ခံစားနေရသော လူထုအား အကာအကွယ်ပေးရေး၊ အစားအစာလုံခြုံမှု၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးကိစ္စရပ်များကို နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ကူညီ ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

 

Photo – ALEN YANG TV

 

#PeopleMedia #KIO

 

(unicode)


…………………………………………………………………..

 


 


 


 


 


 

Photo – ALEN YANG TV

 

#PeopleMedia #KIO


Share this post