• Follow Us on

Home ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖော်ဆောင်ချင်ပါက NLD ပါတီအနေဖြင့် ဝန်ကြီးချုပ်နေရာကို တိုင်းရင်းသားများသာ ပေးသင့်ကြောင်း KSDP အတွင်းရေးမှူးပြော

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖော်ဆောင်ချင်ပါက NLD ပါတီအနေဖြင့် ဝန်ကြီးချုပ်နေရာကို တိုင်းရင်းသားများသာ ပေးသင့်ကြောင်း KSDP အတွင်းရေးမှူးပြော

Share this post

ကယား၊ ဇန်နဝါရီ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

NLD ပါတီအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စနှင့် တိုင်းရင်းသားအရေးကိစ္စများကို အမှန်တကယ်ဖော် ဆောင်ချင်ပါက ဝန်ကြီးချုပ်နေရာကို တိုင်းရင်းသားများသာ ပေးသင့်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်က People Media သို့ ပြောသည်။

“သူတို့က ဖက်ဒရယ်ကိစ္စရယ် တိုင်းရင်းသားအရေးကိစ္စကို တကယ် ဖော်ဆောင်ချင်တယ်၊ လက်တွဲလိုတယ်ဆိုရင် တိုင်းရင်း သားတွေကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ရာထူးပေးသင့်တာပေ့ါ။ ဒါပေမဲ့ သူတို့ပေါ်မှာဘဲ မူတည်ပါတယ်။ သူတို့ ပေးချင်တာ မပေးချင်တာကတော့ သူတို့နဲ့ပဲ ဆိုင်တာပေါ့။ ဒီလိုမဟုတ်ရင် တိုင်းရင်းသား NLD နဲ့ လက်တွဲဆောင်ရွက်မယ့်ကိစ္စတွေ ပိုပြီးဝေးသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

NLD ပါတီအနေဖြင့် ရခိုင်ပြည်နယ်၌ ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွဲဖော်ဆောင်ခြင်းမရှိတော့သည့်အပြင် NLD ပါတီနှင့် တိုင်းရင်းသားပါတီများကြားတွင် ပူးပေါင်ကာ လက်တွဲလို့ရသည့်ကိစ္စများတွင် တိုင်းရင်းသားများနှင့် အတိုက်ခံသဘောမျိုး ဆက်လက်ရှိနေပါက အစိုးရအဖွဲ့သည် အလုပ်ဖြစ်မည် မဟုတ်ကြောင်း ၎င်းဆိုသည်။

“သူတို့နဲ့ ပြိုင်နေရတဲ့ တိုင်းရင်းသားပါတီလည်း လျော့နည်းလာအောင် သူတို့အနေနဲ့ မဟာမိတ်တည်ဆောက်တာတွေ ပူးပေါင်းဆောင်ရွက်တာတွေ ယုံကြည်မှုတည်ဆောက်တာတွေ ပိုပြီးလုပ်ဖို့ သင့်တယ်လို့ မြင်တယ်။ အဲ့လို လုပ်ချင် တယ်ဆိုရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းရင်းသားတွေကို နေရာပေးတာတွေတော့ စဉ်းစားဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်း အရမ်းနေရာရချင်လို့မဟုတ်ဘူး။ ဒါပေမဲ့ တစ်ချို့ဟာတွေကျတော့ တိုင်းရင်းသားတွေ မဖြစ်မနေ တာဝန်ယူရမယ့်အပိုင်းတွေရှိတဲ့အခါကျတော့ သူတို့အနေနဲ့ နားလည်ဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု ကယားပြည်နယ်ဒီမိုက ရက်တစ်ပါတီ (KSDP) အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်က ပြောသည်။

မကြာမီ ဖွဲ့စည်းတော့မည့် အစိုးရသစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား NLD ပါတီအနိုင်ရအမတ်များ ထဲကသာ ခန့်အပ်ရန် ရာခိုင်နှုန်းများကြောင်ကိုလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်မှ မီဒီယာများကို ပြောကြားထားသည်။

NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့ ကချင်ပါတီများနှင့် တွေ့ဆုံခဲ့ကြစဉ် ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက လွှတ်တော်နှင့် အစိုးရဖွဲ့သည့်နေရာတွင် ဝန်ကြီးချုပ်ကို ပါတီတစ်ခုက ပေးရန်နှင့် လွှတ်တော်ဥက္ကဋ္ဌကိုလည်း တစ်ခြားပါတီတစ်ခုခုက သူကို တာဝန်ပေးသင့်ကြောင်းကိုလည်း ပြောဆိုထားသည်။

#PeopleMedia #KSDP

(unicode)
………………………………………………………………








#PeopleMedia #KSDP


Share this post