• Follow Us on

Home ဖခင်ရောဂါဖြင့် ဆုံးသွား၍ နေစရာမရှိသည့် မောင်နှမ(၃)ယောက်အတွက် နေစရာအိမ်အလှူရှင်နှင့် ကျောင်း ထားပေးမည့်အလှူရှင်ရရှိ

ဖခင်ရောဂါဖြင့် ဆုံးသွား၍ နေစရာမရှိသည့် မောင်နှမ(၃)ယောက်အတွက် နေစရာအိမ်အလှူရှင်နှင့် ကျောင်း ထားပေးမည့်အလှူရှင်ရရှိ

Share this post

ရန်ကုန်၊ ဇူလိုင် – ၂၀ (People Media)

 

ဖခင်ရောဂါနဲ့ ဆုံးသွား၍ နေစရာမရှိသည့် မောင်နှမ(၃)ယောက်အတွက် နေစရာအိမ်အလှူရှင်နဲ့ ကျောင်း ထားပေးမယ့် အလှူရှင်ရရှိလာပြီဖြစ်တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ဦးဆောင်သူ ကိုထိန်လင်းအောင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

မနေ့က သင်္ဃန်းကျွန်းမြို့အတွင်းမှာ ဖခင်ဖြစ်သူက ရောဂါနဲ့ဆုံးသွားတဲ့အတွက် အတူနေထိုင်တဲ့ မောင်နှမ (၃)ယောက် နေစရာအိမ်မရှိ စားစရာမရှိ အခတ်အခဲဖြစ်နေတာ ဖြစ်ပါတယ်။

 

“ကလေးတွေအတွက် Q ဝင်ပြီး ပြန်ထွက်လာရင်နေဖို့ တိုက်ခန်းကူညီမယ့် အလှူရှင်ပေါ်လာပါပြီခင်ဗျာ၊ ကျောင်းဆက်တက်ရင်လည်း ကူညီမယ့် အလှူရှင်ပေါ်လာပါပြီခင်ဗျာ” လို့ ယနေ့ ကိုထိန်လင်းအောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

လက်ရှိ ကျန်ရစ်ခဲ့တဲ့ မောင်နှမ(၃)ယောက်မှာ Quaratine ဝင်ရောက်နေတယ်လို့ သိရပါတယ်။

 

#PeopleMedia #လူမှုကူညီရေး

 

(unicode)


……………………………………………………….

 


 


 


 


 


 



Share this post