• Follow Us on

Home ဖမ်းဆီးခံရသော ဟောင်ကောင်ဆန္ဒပြသူများတွင် အသက်အငယ်ဆုံး ၁၂ အရွယ်ထိပါဝင်

ဖမ်းဆီးခံရသော ဟောင်ကောင်ဆန္ဒပြသူများတွင် အသက်အငယ်ဆုံး ၁၂ အရွယ်ထိပါဝင်

Share this post

ဒုတိယမြောက်နေ့အဖြစ် ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေကြား ပဋိပက္ခဖြစ်ပွားမှုမှာ ဆန္ဒပြသူ ၃၆ ဦး ဖမ်းဆီးခံရပြီး အသက်အငယ်ဆုံး ၁၂ နှစ်အရွယ်ထိ ပါဝင်ခဲ့တယ်လို့ သြဂုတ်လ ၂၆ ရက်နေ့မှာ ဟောင်ကောင်ရဲတပ်ဖွဲ့ ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ ဆန္ဒပြမှုမှာ ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို မီးသတ်ပိုက်နဲ့ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၇ ဦးတို့ပါဝင်ခဲ့ပြီး အသက် ၁၂ က ၄၈ နှစ်အရွယ်ကြားတွေဖြစ်တယ်လို့ သိရပါတယ်။

Ref;CNA


Share this post