• Follow Us on

Home ဖမ်းဆီးခံ သတင်းထောက် ၅၀ ဦးရှိပြီဖြစ်ကြောင်း Myanmar Press Freedom In-Depth မှထုတ်ပြန်

ဖမ်းဆီးခံ သတင်းထောက် ၅၀ ဦးရှိပြီဖြစ်ကြောင်း Myanmar Press Freedom In-Depth မှထုတ်ပြန်

Share this post

မန္တလေး၊ အောက်တိုဘာ ၁၂ (People Media)

 

ဖမ်းဆီးခံသတင်းထောက် ၅၀ ဦးရှိပြီဖြစ်ကြောင်း Myanmar Press Freedom In-Depth မှ ထုတ်ပြန်ထား သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီး နောက် သတင်းမီဒီယာများကို ပိတ်ပင်ခြင်း၊ သတင်းများကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ဖိ နှိပ်နေခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလက်ရှိ ဖမ်းဆီးထားသော သတင်းသမားအရေအတွက် ၅၀ ဦးရှိ ကြောင်း MPFI-D မှ စာရင်းပြုလုပ်ချက်အရ သိရှိရကြောင်း ဖော်ပြပါရှိသည်။

 

ယင်းဖမ်းဆီးခံသတင်းသမား ၅၀ ဦးတွင် အချို့မှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူ ၃ ဦးရှိကြောင်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသူ ၁ ဦးရှိကြောင်း စာရင်းများအရ သိရှိရသည်။

 

ထို့အပြင် န.စ.ကမှ သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်းလုပ်ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ် ခွင့်ကို ဖိနှိပ်ချိုးဖောက်နေကြောင်း MPFI-D ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အလားတူ MPFI-D အနေဖြင့် မတရားဖမ်းဆီးခံထားရသည့် သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်းချက် မရှိ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးရန်၊ သတင်းမီဒီယာများအားလုံး ကို သတင်းလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုကြောင်း ထုတ်ပြန်ထား သည်။

 

Photo – MPFI-D

 

#PeopleMedia #MPFID #Media

 

(unicode)


……………………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၁၂ (People Media)

 


 


 


 


 


 

Photo – MPFI-D

 

#PeopleMedia #MPFID #Media


Share this post