• Follow Us on

Home ဖမ်းဆီးထားသည့်ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ဆူရ်ခွါးမှ ဟားခါးသို့ ပြောင်းရွေ့ပေးရန်အပါအဝင် ကတိခံ ဝန်ချက်ရေးထိုးပြီးမှသာ လွှတ်ပေးမည်ဟု CDF-Hakha ထုတ်ပြန်

ဖမ်းဆီးထားသည့်ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ဆူရ်ခွါးမှ ဟားခါးသို့ ပြောင်းရွေ့ပေးရန်အပါအဝင် ကတိခံ ဝန်ချက်ရေးထိုးပြီးမှသာ လွှတ်ပေးမည်ဟု CDF-Hakha ထုတ်ပြန်

Share this post

ဟားခါး၊ သြဂုတ် ၂ (People Media)

 

CDF-Hakha မှ ဖမ်းဆီးထားသည့် ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ဆူရ်ခွါးမှ ဟားခါးသို့ပြောင်းရွေ့ပေးရန် အပါအဝင် ကတိခံဝန်ချက်ရေးထိုးပြီးမှသာ လွှတ်ပေးမည်ဟုဖြစ်ကြောင်း Chinland Defense Force – Hakha ထုတ်ပြန်ခဲ့သည်။

 

န-စ-ကနှင့် အဆက်အသွယ်ရှိခြင်းကြောင့်ဟုဆိုကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဟားခါး CDF အဖွဲ့က ဖမ်းဆီး ထားသည့် ဆူရ်ခွားမြို့ ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဟားခါးသာသနာ ဆရာ တော်ကြီးမှ သြဂုတ် ၁ ရက်နေ့တွင် တောင်းဆိုထားမှုအပေါ် CDF-Hakha မှ ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

CDF-Hakha ထုတ်ပြန်ချက်တွင် Rev. Fr. Noel Hrang Tin Thang ဖမ်းဆီးရခြင်းမှာ (က) ဆုရ်ခွါးမြို့မှ စစ်ကောင်စီတပ်မှ ခြေကုတ်ယူရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်မှုကို Rev.Fr. Joel Hrang Tin Thang က ဆက်သွယ်ကူညီပံ့ပိုးပေးနေခြင်း၊ (ခ) Rev. Fr. Noel Hrang Tin Thang သည် စစ်ကောင်စီ၏ Tender ကို ဘုန်းကြီးကိုယ်တိုင် Seng Thang company ထောင်ပြီး Managing Director ရာထူးအနေဖြင့် စစ်ကောင်စီ လုပ်ငန်းများဆောင်ရွက်နေခြင်း၊ (ဂ) ဟားခါးမှ CDF- Hakha Battalion 2 (Senthang Area) အတွင်း ကျုးကျော်ဝင်ရောက်လာသော ခလရ-၃၀၅ (ကသာ) စစ်ကောင်စီတပ် (၅၇) ဦးကို ၂၀၂၁ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့ ဆူရ်ခွါးမြို့တွင် Rev. Fr. Noel Hrang Tin Thang မှ ကြိုဆိုခဲ့ခြင်း၊ (ဃ) စစ်ကောင်စီတပ်မှ နယ်မြေ စိုးမိုးမှုဖြင့် ပေးအပ်သော ဆေးဝါးပစ္စည်းများကို ဇူလိုင်လ ပထမအပတ်တွင် ထုတ်ယူရုံသာမက နီးစပ်ရာရွာများ ကို အကြမ်းဖက်စစ်တပ်မှ ဆေးဝါးထောက်ပံ့များယူကြရန် သွေးဆောင်စည်းရုံးပေးခြင်းနှင့် (င) CDF-Hakha ၏ မဟုတ်မမှန်သော လုပ်ကြံသတင်းများကို သက်ဆိုင်ရာလူကြီးထံသို့ သတင်းပေးခြင်းစသည်တို့ကြောင့် ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အထက်ပါလုပ်ရပ်များနှင့်ပတ်သက်ပြီး CDF-Hakha တပ်ရင်း(၂) တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၁ ခု နှစ်၊ ဇူလိုင် (၆) ရက်နေ့တွင် Rev. Fr. Noel Hrang Tin Thang ခေါ်ယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင် ရွက်ခြင်း၊ ကူညီထောက်ပံ့မှုရယူခြင်း လုံးဝမပြုလုပ်ရန် ဆွေးနွေးသတိပေးခဲ့ကြောင်း ထိုသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်အတွက် စစ်ကောင်စီနဲ့ တွေ့ဆုံရန်သွားစဉ် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

Rev. Fr. Noel Hrang Tin Thang သည် ဘာသာရေးလုပ်ငန်းမဟုတ်ဘဲ စစ်ကောင်စီနှင့် မိမိကိုယ်ကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူ့တော်လှန်ရေးကို ထိခိုက်နေသည့်အတွက် Rev. Fr. Noel Hrang Tin Thang တာဝန်ထမ်းဆောင်နေသည့် ဆူရ်ခွါးမှ ဟားခါးသို့ ပြောင်းရွေ့ပေးရန်အပါအဝင် နောက်ထပ်သတိ ပေးခြင်းလိုက်နာရန် ကတိဝန်ခံချက်လွှာကို ဟားခါးနှင့် ဆူရ်ခွါးရှိ သူနှင့် သက်ဆိုင်သော အသင်းတော်လူကြီး (၂) ဦး အသိသက်သေလက်မှတ်ထိုးပြီးဖြင့်သာ လွှတ်ပေးမည်ဖြစ်ကြောင်း Chinland Defense Force – Hakha မှ ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #CDF

 

(unicode)


…………………………………………………

 


 


 


 


 


 


 

#PeopleMedia #CDF


Share this post