• Follow Us on

Home ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်‌ပေးရန်နှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင် ရန် ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင် ထပ်လောင်းပြောကြား

ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်‌ပေးရန်နှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင် ရန် ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင် ထပ်လောင်းပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၈ (People Media)

 

အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်‌ပေးရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ရန် စစ်အာဏာရှင်ကိုတောင်းဆိုကြောင်း မိမိတို့ထပ်လောင်း ပြောကြားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကင်က ကြေညာချက် ထုတ်ပြန်လိုက် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံသည် အစိုးရသစ်တစ်ရပ်ရွေးကောက်တင်မြှောက်ရန်အတွက် လွန်ခဲ့သောတစ်နှစ်က ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲသည် ရတက်ပွားစရာအချို့ရှိခဲ့သော်လည်း အများက ယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့သည်ဟု လွတ်လပ်၍ အမှီအခိုကင်းသော လေ့လာစောင့်ကြည့်သူများက အစီရင်ခံခဲ့ကြသည်။

 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်၏အာဏာသိမ်းမှုက ဒီမိုကရေစီအတွက်ထားရှိသည့် မြန်မာပြည်သူလူထု၏ ကတိ ကဝတ်ကိုဖယ်ရှားရန်ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်သည့် အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ သည်။ စစ်တပ်၏ နောက်ဆက်တွဲလုပ်ဆောင်လျက်ရှိသော အကြမ်းဖက်ဖြိုခွင်းမှုများက လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး မြန်မာပြည်သူလူထုက ပြတ်သားစွာတောင်းဆိုခဲ့ပြီး ယခုတိုင်တောင်းဆိုလျက်ရှိသည့် စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်ဆီသို့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှု များကို နောက်ကြောင်းပြန်လှည့်စေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

 

ဤ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနှစ်ပတ်လည်နေ့တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစာလိုက်နာရေးနှင့် နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်း အားထုတ်နေကြသော၊ ယင်းသို့ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရသော အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆို သည်။

 

ဤကိစ္စရပ်များနှင့်အခြားသော ဖိနှိပ်ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အတွက် တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post