• Follow Us on

Home ဖမ်းဆီးထားသော သတင်းသမားများလွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ပေးရန် UK၊ Norwegian၊ Canada တို့ တောင်းဆို

ဖမ်းဆီးထားသော သတင်းသမားများလွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ပေးရန် UK၊ Norwegian၊ Canada တို့ တောင်းဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂ (People Media)

 

ဖမ်းဆီးထားသော သတင်းသမားများကို လွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ UK၊ Norwegian နှင့် Canada သံရုံးတို့က တောင်းဆိုလိုက်သည်။

 

မြန်မာသတင်းသမားများသည် ၎င်းတို့၏အလုပ်ကို ရိုးရှင်းစွာထမ်းဆောင်ရုံမျှဖြင့် တရားစွဲဆိုခြင်း၊ ထောင်ချခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း အန္တရာယ်များနှင့် ကြုံတွေ့ရလျက်ရှိကြောင်း၊ သတင်းထောက်များအပေါ် ကျူးလွန် သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းမရှိစေရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အနေဖြင့် မတရားဖမ်း ဆီးခံထားရသော သတင်းသမားအားလုံးကို လွှတ်ပေးရန်နှင့် သတင်းသမားများသည် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှုမရှိဘဲ လုပ်ဆောင်ခွင့်ပြုရန် ယူကေအစိုးရက တောင်း ဆိုထားသည်။

 

သတင်းသမားများနှင့် လွတ်လပ်စွာပြောရေးဆိုခွင့်အတွက် ဦးဆောင်လှုပ်ရှားသူ အများအပြားမှာ နှိပ်ကွပ်ခံ နေရကြောင်း၊ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းအများအပြားသည် ၎င်းတို့၏ လုပ်ငန်းခွင်များကို စွန့်ခွာရန်၊ ဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းရန် အင်အားသုံးဖိအားပေးခြင်းနှင့် ရင်ဆိုင်နေကြရကြောင်း၊ မြန်မာနှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများသည် သူတို့၏အလုပ်များကို စိုးရိမ် ကြောက်ရွံ့မှုကင်းပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးမှ  ထုတ်ပြန်ထားသည်။

 

ထိုနောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှလည်း ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မီဒီယာ အဖွဲ့အစည်း တွေ၊ သတင်းသမားတွေရဲ့ ဆိုးရွားတဲ့အခြေအနေတွေအပေါ် များစွာ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ သတင်း သမားတွေနဲ့ မီဒီယာဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေကို ထိခိုက်စေတဲ့လုပ်ရပ်တွေကိုလည်း ရှုတ်ချလိုပါတယ်။ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့ အပါအဝင် လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကိုလည်း အပြည့်အဝ လိုက်နာဖို့ ဆက်လက် တောင်းဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမျိုးအစားစုံလင်ကွဲပြားတဲ့ မီဒီယာတွေ ပေါ်ထွက်လာရေး ကြိုးပမ်းမှုများကို ကနေဒါနိုင်ငံက ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် မျှော်မှန်းချက်များနဲ့ ထပ်တူလည်း ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #Media #ဖမ်းဆီးခံသတင်းသမားများ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post