• Follow Us on

Home “ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံး ခြွင်းချက်မရှိ အမြန် ဆုံးလွှတ်ပေးပြီး၊ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာရန်” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့ (PPST) သဘောတူ

“ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံး ခြွင်းချက်မရှိ အမြန် ဆုံးလွှတ်ပေးပြီး၊ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာရန်” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး ဆောင်အဖွဲ့ (PPST) သဘောတူ

Share this post

PPST သုံးရပ်ကြာဆွေးနွေးအပြီးတွင် နိုင်ငံရေးရည်မှန်ချက် (၇) ရပ်ကို ချမှတ်ခဲ့

 

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၁၉/၂၀၂၁) သည် ယနေ့ စက်တင်ဘာလ (၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးနောက် နိုင်ငံရေးရည်မှန်ချက်များ (၇) ရပ် ချမှတ်နိုင်ခဲ့ကြောင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

“မိမိတို့ PPST အနေနဲ့ NCA အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများအား အကာအ ကွယ်ပေးရေးတို့ကို အခြေခံလို့ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် (၇)ရပ်ကိုချမှတ်နိုင်ခဲ့ပါတယ်” လို့ PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောသည်။

 

အဆိုပါ နိုင်ငံရေးရည်မှန်းချက် (၇) ရပ်မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး၊ နိုင်ငံရေး မတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သက်ဆိုင်သူများအားလုံး ပါဝင်ပြီး၊ နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများနှင့် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန်၊ တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ မူဘောင်အတွင်း စောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာရန်တို့ ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်း ပြည်၏ အခြေခံအဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်၊ တည်ငြိမ်ရေး သာယာဝပြောရေး တို့ကို ရှေ့ရှူပြီး လူထုကို ကာကွယ်မှုပေးသော လုံခြုံရေးစနစ်တည်ဆောက်ရန်၊ ပြည်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်ရန်နှင့် ရေရှည်တည်ငြိမ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖယ်ဒ ရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် စသည့် အချက်(၇)ရပ်ကို ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #Peace #PPST

 

(unicode)


 


…………………………………………………………………..

 


 


 


 


 


 

#PeopleMedia #Peace #PPST


Share this post