• Follow Us on

Home ဖယ်ခုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်နေရာ၌ အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲရာ ရဲတပ်သားသုံးဦးတွင် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

ဖယ်ခုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်နေရာ၌ အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲရာ ရဲတပ်သားသုံးဦးတွင် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၄ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်နေရာ ၌ အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲရာ ရဲတပ်သားသုံးဦးတွင် နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကို သြဂုတ်လ ၃ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင် ယင်းနေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမရှေ့ဝင်ပေါက် Flower Box  အတွင်း အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည့် ရဲတပ်သား ထွန်းလင်းဇော်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကျဆုံးခဲ့ပြီး ရဲတပ်သား အောင်လွင်ဖြိုးနှင့် ရဲဒုတပ်ကြပ်အောင်မျိုးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဖယ်ခုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် အောင်လွင်ဖြိုးသည် ရရှိသောဒဏ်ရာများဖြင့် ထပ်မံကျ ဆုံးခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် မိုင်းပေါက်ကွဲမှုကြောင့် ကာကွယ်ဆေးလာရောက်ထိုးနှံလျက်ရှိသည့် ပြည်သူတစ်ဦးနှင့် ယင်းလုပ်ငန်း များကို လာရောက်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦး စုစုပေါင်းနှစ်ဦးအပါအဝင် မိုင်းစထိ မှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖယ်ခုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုများဆောင်ရွက် ပေးခဲ့သည်။

 

Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေး

 

#PeopleMedia #ဖယ်ခုံမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post