• Follow Us on

Home ဖယ္ခံုၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔တြင္ ဘိန္းခင္း(၄၉)ဧက ဖ်က္ဆီး

ဖယ္ခံုၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔တြင္ ဘိန္းခင္း(၄၉)ဧက ဖ်က္ဆီး

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၃၁

ရွမ္းျပည္နယ္၊ ဖယ္ခံုၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔တြင္ ဘိန္းခင္း(၄၉)ဧကကုိ တပ္မေတာ္ႏွင့္ မူးယစ္ရဲတပ္ ဖြဲ႕အပါအဝင္ လုံၿခံဳေရးအဖြဲ႕မ်ားက ေအာက္တုိဘာလအတြင္း၌ ဖ်က္ဆီးႏုိင္ခဲ့သည္။

ေအာက္တိုဘာလ ၂၈ ရက္ေန႔၌ တပ္မေတာ္သားမ်ား၊ ဖယ္ခံုအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ား၊ ဖယ္ခံုၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ တပ္ဖြဲ႕၀င္မ်ား၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕စု(၂၆)ပင္ေလာင္းမွ တပ္ဖြဲ႕ ၀င္မ်ား၊ သတင္းရဲတပ္ဖဲြ႕မွ တပ္ဖဲြ႕၀င္မ်ား၊ ေျမစာရင္းဦးစီးဌာနႏွင့္ သစ္ေတာဦးစီးဌာနတို႔မွ ၀န္ထမ္းမ်ား၊ ေက်းရြာေနျပည္သူမ်ားပါ၀င္ေသာ ပူးေပါင္းအဖဲြ႕သည္ ရွမ္းျပည္နယ္၊ ဖယ္ခံုၿမိဳ႕နယ္၊ ရီႏြဲ႕ေက်းရြာအုပ္စုႏွင့္ လံုရီကန္ေက်းရြာအုပ္စုတို႔ရွိ ေက်းရြာမ်ားတြင္ စိုက္ပ်ဳိးထားရွိေသာ စုစုေပါင္းဘိန္းစိုက္ခင္း (၁၀) ဧကခန္႔အား ဖ်က္ဆီးခဲ့သည္။

အလားတူ ေအာက္တိုဘာလ ၂၉ ရက္ေန႔၌ ပူးေပါင္းအဖဲြ႕သည္ ပင္းေလာင္းၿမိဳ႕နယ္၊ ဘန္႔ဘာေက်းရြာအုပ္စု၊ ပင္ကာလရြာ၏ အေရွ႕ေျမာက္ဘက္တြင္ စိုက္ပိ်ဳးထားရွိေသာ ဘိန္းခင္း (၂၄) ဧကခန္႔အား ဖ်က္ဆီးခဲ့ၿပီးေနာက္ ထပ္မံၿပီး ဖယ္ခံုၿမိဳ႕နယ္၊ ရီႏြဲ႕ေက်းရြာအုပ္စု၊ ဘလပလိုေက်းရြာ အေနာက္ေတာင္ဘက္ႏွင့္ လိအိေက်းရြာ အေရွ႕ ေတာင္ဘက္တို႔တြင္ စိုက္ပ်ိဳးထားေသာ ဘိန္းခင္း စုစုေပါင္း (၁၅) ဧကခန္႔အားဖ်က္ဆီးခဲ့သည္။

#PeopleMedia #CCDACMyanmar

(unicode)
ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းခင်း(၄၉)ဧက ဖျက်ဆီး
…………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၃၁

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းခင်း(၄၉)ဧကကို တပ်မတော်နှင့် မူးယစ်ရဲတပ် ဖွဲ့အပါအဝင် လုံခြုံရေးအဖွဲ့များက အောက်တိုဘာလအတွင်း၌ ဖျက်ဆီးနိုင်ခဲ့သည်။

အောက်တိုဘာလ ၂၈ ရက်နေ့၌ တပ်မတော်သားများ၊ ဖယ်ခုံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြေစာရင်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုနှင့် လုံရီကန်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာများတွင် စိုက်ပျိုးထားရှိသော စုစုပေါင်းဘိန်းစိုက်ခင်း (၁၀) ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့၌ ပူးပေါင်းအဖွဲ့သည် ပင်းလောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလရွာ၏ အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း (၂၄) ဧကခန့်အား ဖျက်ဆီးခဲ့ပြီးနောက် ထပ်မံပြီး ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘလပလိုကျေးရွာ အနောက်တောင်ဘက်နှင့် လိအိကျေးရွာ အရှေ့ တောင်ဘက်တို့တွင် စိုက်ပျိုးထားသော ဘိန်းခင်း စုစုပေါင်း (၁၅) ဧကခန့်အားဖျက်ဆီးခဲ့သည်။

#PeopleMedia #CCDACMyanmar


Share this post