• Follow Us on
Latest News

Home ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်စေရန်အတွက် မိမိတို့နိုင်ငံရေးပါတီတစ်ခုတည်းနှင့်မရ၍ တိုင်းရင်းလူမျိုးစု များ၊ ကရင်ပြည်သူလူထုအားလုံးပါဝင်လှုပ်ရှားရန်လိုကြောင်း KNPP အမြဲတမ်းဗဟိုကော်မတီဝင်ပြော

ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်စေရန်အတွက် မိမိတို့နိုင်ငံရေးပါတီတစ်ခုတည်းနှင့်မရ၍ တိုင်းရင်းလူမျိုးစု များ၊ ကရင်ပြည်သူလူထုအားလုံးပါဝင်လှုပ်ရှားရန်လိုကြောင်း KNPP အမြဲတမ်းဗဟိုကော်မတီဝင်ပြော

Share this post

ရန်ကုန်၊ သြဂုတ် ၁၇ (People Media)

 

ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရန်အတွက် မိမိတို့ နိုင်ငံရေးပါတီတစ်ခုတည်းနှင့်မရ၍ တိုင်းရင်းလူမျိုး စုများ၊ ကရင်ပြည်သူလူထုအားလုံး ပါဝင်လှုပ်ရှားရန်လိုကြောင်း ယနေ့ကျရောက်သည့် ၇၃ နှစ်မြောက် ကရင်နီ ခုခံတော်လှန်ရေးနေ့ အခမ်းအနားမှာ KNPP အမြဲတမ်းဗဟိုကော်မီတီဝင် ခွန်းရီမာန်ထူးက ပြောပါတယ်။

 

“အခုချိန်မှာ ဖယ်ဒရယ်ပြည်ထောင်စု တကယ်ပေါ်ထွန်းစေဖို့အတွက် ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ခုတည်းနဲ့ မရပါဘူး။ တိုင်းရင်းလူမျိုးစုတွေ ကရင်ပြည်သူလူထုအားလုံး ပါဝင်ပြီး လှုပ်ရှားဖို့ လိုပါတယ်။ ဒါကျွန်တော်တို့ အတွက် အခွင့်ကောင်းအခါကောင်းပဲ။ အဲ့လို မလုပ်ဘူးဆိုရင် ကျွန်တော်တို့ တသက်လုံး မြန်မာပြည် စစ်အာ ဏာရှင်အောက်မှာ နင်းပြားပြီး နေနေရမှာလဲ။ ဒါကြောင့် ဒီအချိန်ဒီအခါမှာ တက်တက်ကြွကြွလုပ်ဆောင်ဖို့ လိုပါ တယ်” လို့ ၎င်းက ပြောပါတယ်။

 

မိမိတို့ရဲ့ ခုခံကာကွယ်ရေးက ပါတီတစ်ခုရဲ့ ခုခံကာကွယ်ရေးမဟုတ်ဘဲနဲ့ ကရင်နီတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ခုခံကာကွယ်ရေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စနစ်တစ်ခုကို တော်လှန်တာ မဟုတ်ကြောင်း၊ တိုင်းပြည်အုပ် ချုပ်တဲ့ အစိုးရကို တော်လှန်တာ မဟုတ်ကြောင်း၊ ဟိုဟာလိုချင်လို့ ဒီဟာလိုချင်လို့ တောင်းဆိုနေတာ မဟုတ် ကြောင်း၊ မိမိတို့ဆီ လာရောက်ကျူးကျော်တဲ့သူတွေကိုပဲ တိုက်ထုတ်တဲ့အတွက် ခုခံကာကွယ်ရေးလို့ ပြောတာ ဖြစ်ကြောင်း ခွန်းရီမာန်ထူးက ပြောပါတယ်။

 

ဆက်လက်ပြီး အခုလိုအချိန်က မိမိတို့အတွက် အင်မတန် အရေးကြီးတဲ့ အချိန်အခါ ဖြစ်သလို အင်မတန်မှ လုပ်ဆောင်သင့်တဲ့ အချိန်အခါလည်းဖြစ်ကြောင်း၊ အခု နိုင်ငံရေးအခြေအနေအရ ၂၀၂၁ ခုနှစ်မှာ ဖယ်ဒရယ် ပြည်ထောင်စုဖော်ဆောင်ဖို့ တခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဦးတည်သွားကြောင်း၊ ဒါကြောင့် အခုချိန်မှာ ဖယ်ဒရယ်ပြည်ထောင်စု တကယ်ပေါ်ထွန်းစေဖို့အတွက် မိမိတို့ နိုင်ငံရေးပါတီတစ်ခု တည်းနဲ့ မရကြောင်း တိုင်းရင်းလူမျိုးစုတွေ ကရင်ပြည်သူလူထုအားလုံး ပါဝင်ပြီး လှုပ်ရှားဖို့ လိုအပ်ကြောင်း KNPP အမြဲတမ်းဗဟိုကော်မီတီဝင် ခွန်းရီမာန်ထူးက ပြောပါတယ်။

 

#PeopleMedia #KNPP #Peace

 

(unicode)


……………………………………………………………

 


 


 


 


 


 

#PeopleMedia #KNPP #Peace


Share this post