• Follow Us on
Latest News

Home ဖယ္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ရန္တိုင္းရင္းသားပါတီမ်ား လႊတ္ေတာ္ထဲေရာက္ရန္ လိုအပ္ၿပီး တိုင္းရင္း သားမ်ား လႊတ္ေတာ္ထဲမေရာက္ပါက ေသနတ္သံမ်ားညံလာမည္ကိုေတြးပူမိေၾကာင္း ရွမ္းနီဥကၠ႒ဆို

ဖယ္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ရန္တိုင္းရင္းသားပါတီမ်ား လႊတ္ေတာ္ထဲေရာက္ရန္ လိုအပ္ၿပီး တိုင္းရင္း သားမ်ား လႊတ္ေတာ္ထဲမေရာက္ပါက ေသနတ္သံမ်ားညံလာမည္ကိုေတြးပူမိေၾကာင္း ရွမ္းနီဥကၠ႒ဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၃
ဖယ္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ရာမွာ တိုင္းရင္းသားပါတီမ်ား လႊတ္ေတာ္ထဲ ေရာက္ရန္လိုအပ္ၿပီး လႊတ္ေတာ္ထဲတိုင္းရင္းသားမ်ားမေရာက္ပါက ေသနတ္သံမ်ား ညံလာမည္ကို ေတြးပူမိေၾကာင္း တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံၿဖိဳးတိုးတက္ေရးပါတီဥကၠ႒ ဦးစိုင္းေဌးေအာင္က ေျပာသည္။
“အဖြဲ႕အစည္းတစ္ခုရဲ့ ေအာက္မွာေနၿပီး သူတို႔ခိုင္းတာလုပ္တာ တိုင္းရင္းသားအေရး လုပ္ေနတာ မဟုတ္ဘူး၊ အဲ့ေတာ့ တိုင္းရင္းသားပါတီေတြ အားေကာင္းၿပီ လႊတ္ေတာ္ထဲ ေရာက္သြားမွဖယ္ဒရယ္ကိစၥကို ျမန္ျမန္ဆန္ဆန္ ရွင္းေပးနိုင္မယ္လို႔ ျမင္တယ္၊ ဒါမွမဟုတ္ရင္ ေသနတ္သံေတြ ညံလာမယ္လို႔ ေတြးပူမိေနတယ္၊ အဲ့လို မျဖစ္ေစခ်င္ရင္ တိုင္းရင္းသား ေဒသေတြမွာ ေရြးေကာက္ပြဲ မပိတ္နဲ႔ေလ အခုလည္း နိုင္ငံေရး စကားဝိုင္းေပၚ ဆြဲေခၚတယ္လို႔ ေျပာေနတာ၊ နိုင္ငံေရးအရ တိုင္းရင္းသားေဒသကသူေတြ လႊတ္ေတာ္ထဲကို မ်ားမ်ားေရာက္ဖို႔ လိုေနတာေလ”ဟု ၎က ေျပာသည္။
ရခိုင္ႏွင့္ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္၌ ေရြးေကာက္ပြဲက်င္းပမႈကို UEC က ဖ်က္သိမ္းလိုက္ျခင္းသည္ တိုင္းရင္းသားမ်ားအေနႏွင့္ နိုင္ငံေရးအရ ေရြးခ်ယ္၍မရပါက တစ္ျခားလမ္းေၾကာင္းတစ္ေၾကာင္းကို သြား မည္ျဖစ္ေၾကာင္း ေရြးေကာက္ပြဲပိတ္သည့္ကိစၥမ်ားမွာလည္း မရိုးရွင္းသလို ပြင့္လင္းျမင္သာမႈလည္းမရွိေၾကာင္း ဦးစိုင္းေဌးေအာင္က ဆိုသည္။
“ေရြးေကာက္ပြဲနည္းအရ နိုင္ငံေရးနည္းအရ လုပ္ပိုင္ခြင့္မရွိဘူးဆိုရင္ေတာ့ အားလုံးနိုင္ငံေရးမလုပ္နဲ႔ေတာ့ ခင္ဗ်ားတို႔ တိုင္းရင္းသားေတြ အကုန္လုံး လုပ္ခ်င္တာ လုပ္ၾကေတာ့ နိုင္ငံေရးနည္းနဲ႔လုပ္မေနနဲ႔ တျခားနည္းနဲ႔ပဲ ခင္ဗ်ားတို႔လိုခ်င္တဲ့ အခြင့္အေရးအကို လုပ္ပါၿပီး တြန္းပို႔တဲ့သေဘာမ်ား ျဖစ္ေနမလားလို႔ ထင္ရတယ္”ဟု ဖယ္ဒရယ္ျပည္ေထာင္စုပါတီဥကၠ႒ ဦးေစာသန္းျမင့္က ေျပာသည္။
တိုင္းရင္းသားအားလုံးသည္ ေျမေပၚတြင္လုပ္သည့္ နိုင္ငံေရးသမားမ်ားရွိသလို ေျမေအာက္တြင္လုပ္သည့္ လက္နက္ကိုင္ေတာ္လွန္ေရးသမားမ်ားရွိေၾကာင္း၊ သို႔ျဖစ္၍ တိုင္ရင္းသားမ်ားကို ေျမေပၚ နိုင္ငံေရးလုပ္ခြင့္ မေပးပါက တဖက္ကို တြန္းပို႔လိုက္သည္ဟု ခံစားရေၾကာင္း ဦးေစာသန္းျမင့္က ဆိုသည္။
#PeopleMedia #Political
(unicode)
ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရန်တိုင်းရင်းသားပါတီများ လွှတ်တော်ထဲရောက်ရန် လိုအပ်ပြီး တိုင်းရင်း သားများ လွှတ်တော်ထဲမရောက်ပါက သေနတ်သံများညံလာမည်ကိုတွေးပူမိကြောင်း ရှမ်းနီဥက္ကဋ္ဌဆို
…………………………………………………………..
ရန်ကုန်၊ အောက်တိုဘာ ၁၃
ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရာမှာ တိုင်းရင်းသားပါတီများ လွှတ်တော်ထဲ ရောက်ရန်လိုအပ်ပြီး လွှတ်တော်ထဲတိုင်းရင်းသားများမရောက်ပါက သေနတ်သံများ ညံလာမည်ကို တွေးပူမိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောသည်။
“အဖွဲ့အစည်းတစ်ခုရဲ့ အောက်မှာနေပြီး သူတို့ခိုင်းတာလုပ်တာ တိုင်းရင်းသားအရေး လုပ်နေတာ မဟုတ်ဘူး၊ အဲ့တော့ တိုင်းရင်းသားပါတီတွေ အားကောင်းပြီ လွှတ်တော်ထဲ ရောက်သွားမှဖယ်ဒရယ်ကိစ္စကို မြန်မြန်ဆန်ဆန် ရှင်းပေးနိုင်မယ်လို့ မြင်တယ်၊ ဒါမှမဟုတ်ရင် သေနတ်သံတွေ ညံလာမယ်လို့ တွေးပူမိနေတယ်၊ အဲ့လို မဖြစ်စေချင်ရင် တိုင်းရင်းသား ဒေသတွေမှာ ရွေးကောက်ပွဲ မပိတ်နဲ့လေ အခုလည်း နိုင်ငံရေး စကားဝိုင်းပေါ် ဆွဲခေါ်တယ်လို့ ပြောနေတာ၊ နိုင်ငံရေးအရ တိုင်းရင်းသားဒေသကသူတွေ လွှတ်တော်ထဲကို များများရောက်ဖို့ လိုနေတာလေ”ဟု ၎င်းက ပြောသည်။
ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၅ မြို့နယ်၌ ရွေးကောက်ပွဲကျင်းပမှုကို UEC က ဖျက်သိမ်းလိုက်ခြင်းသည် တိုင်းရင်းသားများအနေနှင့် နိုင်ငံရေးအရ ရွေးချယ်၍မရပါက တစ်ခြားလမ်းကြောင်းတစ်ကြောင်းကို သွား မည်ဖြစ်ကြောင်း ရွေးကောက်ပွဲပိတ်သည့်ကိစ္စများမှာလည်း မရိုးရှင်းသလို ပွင့်လင်းမြင်သာမှုလည်းမရှိကြောင်း ဦးစိုင်းဌေးအောင်က ဆိုသည်။
“ရွေးကောက်ပွဲနည်းအရ နိုင်ငံရေးနည်းအရ လုပ်ပိုင်ခွင့်မရှိဘူးဆိုရင်တော့ အားလုံးနိုင်ငံရေးမလုပ်နဲ့တော့ ခင်ဗျားတို့ တိုင်းရင်းသားတွေ အကုန်လုံး လုပ်ချင်တာ လုပ်ကြတော့ နိုင်ငံရေးနည်းနဲ့လုပ်မနေနဲ့ တခြားနည်းနဲ့ပဲ ခင်ဗျားတို့လိုချင်တဲ့ အခွင့်အရေးအကို လုပ်ပါပြီး တွန်းပို့တဲ့သဘောများ ဖြစ်နေမလားလို့ ထင်ရတယ်”ဟု ဖယ်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောသည်။
တိုင်းရင်းသားအားလုံးသည် မြေပေါ်တွင်လုပ်သည့် နိုင်ငံရေးသမားများရှိသလို မြေအောက်တွင်လုပ်သည့် လက်နက်ကိုင်တော်လှန်ရေးသမားများရှိကြောင်း၊ သို့ဖြစ်၍ တိုင်ရင်းသားများကို မြေပေါ် နိုင်ငံရေးလုပ်ခွင့် မပေးပါက တဖက်ကို တွန်းပို့လိုက်သည်ဟု ခံစားရကြောင်း ဦးစောသန်းမြင့်က ဆိုသည်။
#PeopleMedia #Political


Share this post