• Follow Us on

Home ဖလမ်းမြို့နယ်၌ ဆည်မြောင်းဦးစီးအရာရှိတစ်ဦးသည် သေနတ်ပစ်ခတ်ခံရ၍ ဆေးရုံသို့ပို့ဆောင်စဉ် လူနာတင် ယာဉ် ထပ်မံပစ်ခတ်ခံရပြီး ဦးစီးအရာရှိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရ

ဖလမ်းမြို့နယ်၌ ဆည်မြောင်းဦးစီးအရာရှိတစ်ဦးသည် သေနတ်ပစ်ခတ်ခံရ၍ ဆေးရုံသို့ပို့ဆောင်စဉ် လူနာတင် ယာဉ် ထပ်မံပစ်ခတ်ခံရပြီး ဦးစီးအရာရှိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (People Media)

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍  ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းကို ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လူနာတင်ယာဉ်ကို ထပ်မံပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွှာရပ်ကွက်၌ ထီး ရိပ်ဆိုင်ခွဲ(၂) လက်ဖက်ရည်ဆိုင်၌ ဖလမ်းမြို့ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းသည် ၎င်း၏မိတ်ဆွေ ၁ ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ် လက်နက်ကိုင် (၂)ဦးမှ ရောက်ရှိလာပြီး ဦး သန်းဝင်းအား သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ ဦးသန်းဝင်းပိုင် SURF မော်တော်ယာဉ်အား ယူဆောင် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဝင်းတွင် ဆီးခုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက် ပြင်အောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၃ ချက်ရရှိခဲ့သဖြင့် ဆေးဝါး ကုသမှုခံယူနိုင်ရေး ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပို့ဆောင်စဉ် ယနေ့ နံနက် ၁ နာရီခွဲအချိန်တွင် ဖလမ်းမြို့နယ်၊ ခေါလယ်လမ်းခွဲသို့အရောက်၌ လက်နက်ကိုင်အဖွဲ့မှ လူနာတင်ယာဉ်အား လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်အား ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူ ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့မှာ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနာတင်ယာဉ်ပေါ်တွင် ကျန်ရှိခဲ့သူ ဦးသန်းဝင်းအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

လက်နက်ကိုင်အဖွဲ့မှ လူနာတင်ယာဉ်အား ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဖြစ်သူ ဦးငယ်ပီးတွင် ယာလက် မောင်း၊ ယာလက်ပြင်နှင့် ယာချိုင်းအောက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာ ၃ ချက် ရရှိခဲ့သဖြင့် လမ်ဘန်းတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် လက်နက်ကိုင် ၃ ဦးရောက်ရှိလာပြီး ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့၏ လက်ကိုင်ဖုန်းများအား သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ချင်းပြည်နယ်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post