• Follow Us on

Home ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၃၁၃ ဦး ဆေးရုံမှ ဆင်းခွင့်ရ

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၃၁၃ ဦး ဆေးရုံမှ ဆင်းခွင့်ရ

Share this post

ကလေး၊ စက်တင်ဘာ ၃ (People Media)

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၃၁၃ ဦးသည် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဒေါက်တာစန်းမာကပြောသည်။

 

ရိခေါ်ဒါရ်မြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ အထိ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၃၁၆ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးနှင့် ကျန်းမာရေးကောင်း မွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၁၃ ဦးရှိကာ လက်ရှိဆေးကုသမှုခံနေသူ ၁ ဦးရှိကြောင်း သိရသည်။

 

“လက်ရှိက ဒီနေ့ ပိုးတွေ့တဲ့တစ်ယောက်ဘဲ ကျန်တာပါ။ ပိုးတွေ့မှုကတော့ တော်တော်လေးကို လျော့သွားပါပြီ။ တစ်ရက်ကို ပုံမှန် အယောက် ၇၀ ကျော်စစ်ဆေးတဲ့အနေအထားမှာ ရောဂါပိုးမတွေ့တာ ၁၀ ရက်ကျော်သွား ပြီ။ဒီနေ့ တစ်ယောက်ဘဲတွေ့တယ်။ ဌာနနဲ့ Volunteer လူငယ်တွေက ပူးပေါင်းလုပ်ဆောင်နိုင်တာကြောင့် ထိန်းချုပ်နိုင်တာပါ” ဟု ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာကပြောသည်။

 

အဆိုပါကိုဗစ်အတည်ပြုလူနာများထဲတွင် ဖျားခြင်း၊ နာခြင်း၊ ချောင်းဆိုးခြင်းလူနာများကိုသာ ရိခေါ်ဒါရ်တိုက်နယ် ဆေးရုံ၌ ထားရှိပြီး ကျန်လူနာများကိုတော့ နေအိမ်၌ ထားရှိ၍ ဆေးကုသပေးနေကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှုများပြားလာခြင်းကြောင့် ထိန်းချုပ်သည့်အနေဖြင့် မြို့ခံလူငယ်များ ၏ အစီအစဉ်ဖြင့် ဇွန်လ ၂၆ ရက်နေ့မှစ၍ Lock down ချမှတ်ထားခြင်းဖြစ်သည်။

 

 

ကိုဗစ်ရောဂါပိုးကူးစက်မှု များပြားလာခြင်းကြောင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်နှင့် တီးတိန်မြို့ နယ်တို့ကို Stay at home ဒေသအဖြစ် ဇွန်လ ၅ ရက် မနက် ၄ နာရီအချိန်မှစ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကြေညာထားကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိအောင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်မ ထွက်ရန်၊ လူစုလူဝေရှောင်ရှားရန်နှင့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်အတွက် လိုအပ်ပြီး မြို့ အဝင်အထွက်နေရာ၌ ကျန်းမာရေးစစ်ဆေးမှုများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ရိခေါ်ဒါရ်ပြန်ဆက်

 

#PeopleMedia #COVID19

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 

 


 


 


 

#PeopleMedia #COVID19


Share this post