• Follow Us on

Home ဖါးကန့္၊ ေဝွခါ႐ြာ၌ ေျမၿပိဳ၍ ေရမေဆးေက်ာက္ ရွာေဖြသူမ်ားေသဆုံးခဲ့သည့္ေနရာသို႔ သီတဂူဆရာေတာ္ႀကီး ႂကြေရာက္ ေမတၱာပို႔သေပး

ဖါးကန့္၊ ေဝွခါ႐ြာ၌ ေျမၿပိဳ၍ ေရမေဆးေက်ာက္ ရွာေဖြသူမ်ားေသဆုံးခဲ့သည့္ေနရာသို႔ သီတဂူဆရာေတာ္ႀကီး ႂကြေရာက္ ေမတၱာပို႔သေပး

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၂

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ၁၂-၇-၂၀၂၀ ရက္ေန႕၊ နံနက္ ၁၀:၃၀ နာရီအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ သို႔ေရာက္ရွိပါသည္။ ျမစ္ႀကီးနားၿမိဳ႕၊ သီတဂူစကၡဳဒါနေဆး႐ုံတြင္ သီတဂူအေထာက္အကူျပဳအဖြဲ႕က ဆပ္ကပ္ေသာ ေန႕ဆြမ္းဘုဥ္းေပးၿပီးေနာက္ ၁၁:၃၀ နာရီ အခ်ိန္ ဖါးကန့္သို႔ တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပင့္ေဆာင္ၾကရာ ၁၂:၀၀ နာရီအခ်ိန္ ခ်မ္းသာေခ်ာေမာစြာျဖင့္ ေရာက္ရွိပါသည္။

ဖါးကန့္ၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆး႐ုံေတာ္တြင္ ေခတၱေန႕သန့္စင္ၿပီးေနာက္ ၁:၃၀ နာရီအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္ျဖင့္ မိုင္-၃၀ ခန့္ေဝးကြာေသာ ေဝွခါ႐ြာသို႔ ႂကြေရာက္ပါသည္။

ေဝွခါေမွာ္ ေျမစာပုံၿပိဳက်သည့္ အခင္းျဖစ္ပြါးရာေနရာသို႔ ႂကြေရာက္ၿပီး ကြယ္လြန္သြားၾကသူမ်ားအတြက္ ေမတၱာပို႔သေပးၿပီးေနာက္ ၁၃ ရက္ေန႕၊ ေန႕လည္ခင္း၊ အခင္းျဖစ္ပြါးရာေနရာအနီးတြင္ ကြယ္လြန္သူမ်ားအား ရည္စူး၍ ဖါးကန့္ၿမိဳ႕နယ္အတြင္းမွ သံဃာေတာ္-၂၀၀ ပါးအတြက္ သကၤန္းတစ္စုံႏွင့္ နဝကမၼ-၁သိန္းက်ပ္စီကို သီတဂူသာသနာျပဳအဖြဲ႕က လႉဒါန္းေပးကာ အမွ်အတန္း ေပးေဝမည္ျဖစ္သည့္အတြက္ ကုသိုလ္ေဝစုကို သာဓုေခၚဆိုနိုင္ရန္ ႂကြေရာက္ေပးၾကဖို႔ အမည္ေခၚဖိတ္ၾကားေပးခဲ့သည္။

ထို႔ေနာက္ ဖါးကန့္ၿမိဳ႕ သီတဂူစကၡဳဒါနေဆး႐ုံရွိ စံေက်ာင္းသို႔ ျပန္ႂကြပါသည္။

photo – သီတဂူစတား

#PeopleMedia #သီတဂူဆရာေတာ္ႀကီး #ဖားကန႔္

[Unicode]
ဖါးကန့်၊ ဝှေခါရွာ၌ မြေပြို၍ ရေမဆေးကျောက် ရှာဖွေသူများသေဆုံးခဲ့သည့်နေရာသို့ သီတဂူဆရာတော်ကြီး ကြွရောက် မေတ္တာပို့သပေး
………………………………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၂

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့ရောက်ရှိပါသည်။ မြစ်ကြီးနားမြို့၊ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူအထောက်အကူပြုအဖွဲ့က ဆပ်ကပ်သော နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ၁၁:၃၀ နာရီ အချိန် ဖါးကန့်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပင့်ဆောင်ကြရာ ၁၂:၀၀ နာရီအချိန် ချမ်းသာချောမောစွာဖြင့် ရောက်ရှိပါသည်။

ဖါးကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ခေတ္တနေ့သန့်စင်ပြီးနောက် ၁:၃၀ နာရီအချိန်တွင် မော်တော်ယာဉ်ဖြင့် မိုင်-၃၀ ခန့်ဝေးကွာသော ဝှေခါရွာသို့ ကြွရောက်ပါသည်။

ဝှေခါမှော် မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွါးရာနေရာသို့ ကြွရောက်ပြီး ကွယ်လွန်သွားကြသူများအတွက် မေတ္တာပို့သပေးပြီးနောက် ၁၃ ရက်နေ့၊ နေ့လည်ခင်း၊ အခင်းဖြစ်ပွါးရာနေရာအနီးတွင် ကွယ်လွန်သူများအား ရည်စူး၍ ဖါးကန့်မြို့နယ်အတွင်းမှ သံဃာတော်-၂၀၀ ပါးအတွက် သင်္ကန်းတစ်စုံနှင့် နဝကမ္မ-၁သိန်းကျပ်စီကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းပေးကာ အမျှအတန်း ပေးဝေမည်ဖြစ်သည့်အတွက် ကုသိုလ်ဝေစုကို သာဓုခေါ်ဆိုနိုင်ရန် ကြွရောက်ပေးကြဖို့ အမည်ခေါ်ဖိတ်ကြားပေးခဲ့သည်။

ထို့နောက် ဖါးကန့်မြို့ သီတဂူစက္ခုဒါနဆေးရုံရှိ စံကျောင်းသို့ ပြန်ကြွပါသည်။

photo – သီတဂူစတား

#PeopleMedia #သီတဂူဆရာတော်ကြီး #ဖားကန့်


Share this post