• Follow Us on

Home ဖားကန့္ၿမိဳ႕တြင္ Stay at Home ကာလအတြင္း ျဖတ္သန္းသြားလာသူမ်ားအား စီစစ္ေမးျမန္းရာ လက္သီးျဖင့္ ထိုးမႈျဖစ္ပြား

ဖားကန့္ၿမိဳ႕တြင္ Stay at Home ကာလအတြင္း ျဖတ္သန္းသြားလာသူမ်ားအား စီစစ္ေမးျမန္းရာ လက္သီးျဖင့္ ထိုးမႈျဖစ္ပြား

Share this post

ဖားကန့္၊ စက္တင္ဘာ ၂၂

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕တြင္ Covid 19 ပိုးေတြ႕ လူနာမ်ားလာေသာေၾကာင့္ ဖားကန့္ၿမိဳ႕နယ္ကို Stay At Home ကာလအျဖင့္ သတ္ မွတ္ကာ ေနအိမ္ျပင္ပထြက္သူမ်ားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ စစ္ေဆးေမးျမန္းရာ စစ္ေဆးေမးျမန္းသူအား လက္သီးျဖင့္ ထိုးမႈျဖစ္ပြားခဲ့ေၾကာင္း ဖားကန့္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖားကန့္ၿမိဳ႕၊ ဥ႐ုရတနာေက်ာက္စိမ္းေတာင္ တံတားထိပ္တြင္
Stay At Home ကာလ အတြင္း ​ေနအိမ္ ျပင္ပ သြားလာသူမ်ားကို ဖားကန့္ၿမိဳ႕၊ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန့္ခြဲေရးေကာ္မတီ အတြင္းေရးမႉး ဦးေျပၿငိမ္းႏွင့္သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ စစ္ေမးေမးျမန္းမႉမ်ား ျပဳလုပ္ခဲ့​စဥ္ ယင္းကဲ့သို႔ ျဖစ္ပြားခဲ့​ျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ ဖားကန့္ၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္မွ မရွီကေထာင္ရပ္ကြက္ဘက္သို႔လမ္းေလ်ာက္လာသူ ဦးလင္းမင္းဟိန္းအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ရာ ေနအိမ္ျပင္ပထြက္လာသည့္အေၾကာင္းရင္း ခိုင္လုံစြာ မေျပာနိုင္သည့္အျပင္ “မင္းတို႔ေကာင္ေတြ သတၱိရွင္ထြက္ခဲ့” ဟု ေျပာဆိုၿပီး စစ္ေဆးေရးအဖြဲ႕ မွ အဖြဲ႕ဝင္ ဦးဘရန္နန္ကို လက္သီးျဖင့္ ဆြဲထိုးခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဖားကန့္ၿမိဳ႕၊ မရွီကေထာင္ရပ္ကြက္ ေနထိုင္သူ ဦးလင္းမင္းဟိန္း အသက္(၃၀) ကို သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန့္ခြဲမႈေဆာင္႐ြက္ေနျခင္းကို ေႏွာက္ယွက္ဟန့္တားမႈ၊ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈတို႔ျဖင့္ ဥပေဒအရ အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္း ဖားကန့္ၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း – ညီညီ
ဓါတ္ပုံ – ေနာေနာ္

#PeopleMedia #EPN #ဖားကန႔္

[Unicode]
ဖားကန့်မြို့တွင် Stay at Home ကာလအတွင်း ဖြတ်သန်းသွားလာသူများအား စီစစ်မေးမြန်းရာ လက်သီးဖြင့် ထိုးမှုဖြစ်ပွား

ဖားကန့်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် Covid 19 ပိုးတွေ့ လူနာများလာသောကြောင့် ဖားကန့်မြို့နယ်ကို Stay At Home ကာလအဖြင့် သတ် မှတ်ကာ နေအိမ်ပြင်ပထွက်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းရာ စစ်ဆေးမေးမြန်းသူအား လက်သီးဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ဖားကန့်မြို့၊ ဥရုရတနာကျောက်စိမ်းတောင် တံတားထိပ်တွင်
Stay At Home ကာလ အတွင်း ​နေအိမ် ပြင်ပ သွားလာသူများကို ဖားကန့်မြို့၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးပြေငြိမ်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်မေးမေးမြန်းမှူများ ပြုလုပ်ခဲ့​စဥ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့​ခြင်း ဖြစ်သည်။

ဖြစ်စဥ်မှာ ဖားကန့်မြို့၊ မြို့မရပ်ကွက်မှ မရှီကထောင်ရပ်ကွက်ဘက်သို့လမ်းလျောက်လာသူ ဦးလင်းမင်းဟိန်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ နေအိမ်ပြင်ပထွက်လာသည့်အကြောင်းရင်း ခိုင်လုံစွာ မပြောနိုင်သည့်အပြင် “မင်းတို့ကောင်တွေ သတ္တိရှင်ထွက်ခဲ့” ဟု ပြောဆိုပြီး စစ်ဆေးရေးအဖွဲ့ မှ အဖွဲ့ဝင် ဦးဘရန်နန်ကို လက်သီးဖြင့် ဆွဲထိုးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် နေထိုင်သူ ဦးလင်းမင်းဟိန်း အသက်(၃၀) ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဆောင်ရွက်နေခြင်းကို နှောက်ယှက်ဟန့်တားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ဖြင့် ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

သတင်း – ညီညီ
ဓါတ်ပုံ – နောနော်

#PeopleMedia #EPN #ဖားကန့်


Share this post