• Follow Us on

Home ဖားကန့္ၿမိဳ႕နယ္တြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဥ႐ုေခ်ာင္း ေရလွ်ံ

ဖားကန့္ၿမိဳ႕နယ္တြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဥ႐ုေခ်ာင္း ေရလွ်ံ

Share this post

ဖားကန့္ ၊ ၾသဂုတ္ ၁၇

ဖားကန့္ၿမိဳ႕နယ္တြင္ ၾသဂုတ္လ (၁၇)ရက္ေန႕ စတင္ကာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ဥ႐ုေခ်ာင္းႏွင့္ နီးစပ္ရာ ေနရာမ်ားတြင္ ေရလွ်ံ မႈ ျဖစ္ေပၚခဲ့သည္။

အဆိုပါေခ်ာင္းေရ ဝင္ေရာက္ေနသည့္ ငွက္ေပ်ာေတာရပ္ကြက္ ၊ ၿမိဳ႕မရပ္ကြက္၊ လုံးခင္းေက်း႐ြာအုပ္စု ၊ ကံဆီးေက်း႐ြာႏွင့္ လုံးခင္းေက်း႐ြာ၊ ရပ္ကြက္(၄)တြင္ ေခ်ာင္းေရ စတင္ဝင္ေရာက္ေသာ္လည္း ေနအိမ္မ်ား ေ႐ႊ႕ေျပာင္းေနထိုင္မႈ မရွိေသးေၾကာင္း သိရသည္။

“အကိုတို႔ အထက္ဘက္က မိုးမ်ားရင္ ဒီဘက္ ဥ႐ုေခ်ာင္းဘက္ကို ဝင္တာေပါ့၊ အဲ့လိုၾကရင္ ဒီေရဝင္တဲ့ပိုင္းမွာ ရွိတဲ့သူ တစ္ခ်ိဳ႕က အိမ္အေပၚထပ္မွာ တက္ေနတာမ်ိဳးတို႔ ရွိတယ္။ကိုယ္အိမ္ကို ဆုပ္ခြာတာမ်ိဳးေတာ့ မရွိဘူး”ဟု ဖားကန့္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ယင္းဖားကန့္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာ ရပ္ကြက္(၄)တြင္ ဥ႐ုေခ်ာင္းေရမွာ ယေန႕ (၃) ေပခန့္ ျမင့္တက္ခဲ့တာေၾကာင့္ ဆိုင္ကယ္ႏွင့္ကားမ်ား ျဖတ္သန္းသြားလာ၍ မရရွိေၾကာင္းႏွင့္ ေနအိမ္မ်ားေ႐ႊ႕ေျပာင္းေနထိုင္မႈ မရွိေသးေၾကာင္း သိရသည္။

ေဝယံ

#PeopleMedia #ဖားကန႔္

[Unicode]
ဖားကန့်မြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံ
………………………………………………………………….

ဖားကန့် ၊ သြဂုတ် ၁၇

ဖားကန့်မြို့နယ်တွင် သြဂုတ်လ (၁၇)ရက်နေ့ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်းနှင့် နီးစပ်ရာ နေရာများတွင် ရေလျှံ မှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါချောင်းရေ ဝင်ရောက်နေသည့် ငှက်ပျောတောရပ်ကွက် ၊ မြို့မရပ်ကွက်၊ လုံးခင်းကျေးရွာအုပ်စု ၊ ကံဆီးကျေးရွာနှင့် လုံးခင်းကျေးရွာ၊ ရပ်ကွက်(၄)တွင် ချောင်းရေ စတင်ဝင်ရောက်သော်လည်း နေအိမ်များ ရွှေ့ပြောင်းနေထိုင်မှု မရှိသေးကြောင်း သိရသည်။

“အကိုတို့ အထက်ဘက်က မိုးများရင် ဒီဘက် ဥရုချောင်းဘက်ကို ဝင်တာပေါ့၊ အဲ့လိုကြရင် ဒီရေဝင်တဲ့ပိုင်းမှာ ရှိတဲ့သူ တစ်ချို့က အိမ်အပေါ်ထပ်မှာ တက်နေတာမျိုးတို့ ရှိတယ်။ကိုယ်အိမ်ကို ဆုပ်ခွာတာမျိုးတော့ မရှိဘူး”ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၄)တွင် ဥရုချောင်းရေမှာ ယနေ့ (၃) ပေခန့် မြင့်တက်ခဲ့တာကြောင့် ဆိုင်ကယ်နှင့်ကားများ ဖြတ်သန်းသွားလာ၍ မရရှိကြောင်းနှင့် နေအိမ်များရွှေ့ပြောင်းနေထိုင်မှု မရှိသေးကြောင်း သိရသည်။

ဝေယံ

#PeopleMedia #ဖားကန့်


Share this post