• Follow Us on

Home ဖားကန္႔က နိုင္ငံေတာ္ႏွင့္ အက်ိဳးတူ ေက်ာက္စိမ္းလုပ္ကြက္မ်ားအပါအ၀င္၊ ပုဂၢလိကကုမၸဏီမ်ားပိုင္ ေက်ာက္စိမ္းလုပ္ကြက္အားလုံး ဇြန္လတြင္ သက္တမ္းကုန္မည္

ဖားကန္႔က နိုင္ငံေတာ္ႏွင့္ အက်ိဳးတူ ေက်ာက္စိမ္းလုပ္ကြက္မ်ားအပါအ၀င္၊ ပုဂၢလိကကုမၸဏီမ်ားပိုင္ ေက်ာက္စိမ္းလုပ္ကြက္အားလုံး ဇြန္လတြင္ သက္တမ္းကုန္မည္

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမၻာေက်ာ္ ေက်ာက္စိမ္းထြက္ရွိရာ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ၌ နိုင္ငံေတာ္ႏွင့္ အက်ိဳးတူ ေက်ာက္စိမ္း လုပ္ကြက္မ်ား အပါအ၀င္၊ ပုဂၢလိက ကုမၸဏီမ်ားပိုင္ ေက်ာက္စိမ္း လုပ္ကြက္အားလုံး ၂၀၂၁ ခုႏွစ္ ဇြန္လတြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ၀န္ႀကီးဌာနမွ သိရသည္။

လက္ရွိ ဖားကန္႔ေဒသတြင္ ယခင္အစိုးရလက္ထက္က ခြင့္ျပဳေပးခဲ့သည့္ လုပ္ကြက္မ်ားႏွင့္ သက္တမ္း တိုးျမႇင့္ ေပးထားသည့္ လုပ္ကြက္ေပါင္းမွာ နိုင္ငံေတာ္ႏွင့္ အက်ိဳးတူေက်ာက္စိမ္းလုပ္ကြက္(၃)ကြက္၊ ပုဂၢလိကပိုင္ ကုမၸဏီမ်ားပိုင္ ေက်ာက္စိမ္းလုပ္ကြက္ (၂၀၉) ကြက္ ရွိၿပီး ၂၀၂၁ ဇြန္လထဲတြင္ လုပ္ကြက္မ်ားအားလုံး လုပ္ကိုင္ခြင့္သက္တမ္းကုန္ဆုံးမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရးဝန္ႀကီး ဦးဒါရွီလ ဆိုင္းက ဆိုသည္။

“ပုဂၢလိက ကုမၸဏီေတြရဲ့ လုပ္ကြက္ႏွစ္ရာကိုးကြက္ထဲမွာ အခုဒီဇင္ဘာလထဲမွာ သက္တမ္းကုန္မယ့္ဟာ ေတြရွိတယ္။ ၿပီးရင္ အခုလာမယ့္ ၂၀၂၁ ဇန္နဝါရီလထဲမွာသက္တမ္း ကုန္မယ့္ ဟာေတြရွိတယ္။ ဒီ ၂၀၂၁ ဇြန္လမွာ အားလုံးကေတာ့ သက္တမ္းကုန္မယ့္အေနအထားမွာ ရွိတယ္လို႔ သူတို႔ေပးပို႔လာတဲ့ စာေတြအရ သိရတတယ္”ဟု ဝန္ႀကီး ဦးဒါရွီလဆိုင္းကေျပာသည္။

လက္ရွိ အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီဦးေဆာင္သည့္ အစိုးရ လက္ထက္တြင္ ဖားကန္႔ေဒသ၌ လက္လုပ္ လက္စား လုပ္ကြက္မ်ားသာ ခ်ထားေပးခဲ့ၿပီး ယခုသက္တမ္း ကုန္ဆုံးေတာ့မည့္ အႀကီးစား ေက်ာက္စိမ္းလုပ္ကြက္မ်ားမွာ ယခင္အစိုးရလက္ထက္က ခြင့္ျပဳထားသည့္ လုပ္ကြက္မ်ား ျဖစ္ေၾကာင္း ကိုလည္း ဝန္ႀကီး ဦးဒါရွီလဆိုင္းက ယခုကဲ့သို႔ ထည့္သြင္း ေျပာဆိုခဲ့သည္။

“NLD အစိုးရ လက္ထက္မွာေတာ့ လက္လုပ္လက္စား လုပ္ကြက္ေတြပဲခ်ေပးတာ အခုလုပ္ေနတဲ့အႀကီး စားလုပ္ကြက္ေတြနဲ႔ ပတ္သက္ၿပီးမွ ခ်ထားေပးျခင္း မရွိဘူး။ ယခင္အစိုးရက ေနၿပီးေတာ့မွ သက္တမ္းတိုးေပးထားတယ္။ ၂၀၂၁ မွာ သက္တမ္း ကုန္မယ့္ ဟာေတြကေတာ့ ယခင္တုန္းက အစိုးရေတြ ခ်ထားေပးတဲ့ဟာေတြကို ေရြးေကာက္ပြဲမွာ တက္လာတဲ့ အစိုးရေတြက ျပန္ၿပီးေတာ့မွ သက္တမ္း တိုးေပးထားတာေပါ့။ ဆိုေတာ့ ဒီအခု NLD အစိုးရကေတာ့ သူတို႔္ကို ျပန္လည္ၿပီးမွ သက္တမ္းတိုးေပးတာ မလုပ္ခဲ့ဘူး။”ဟု ကခ်င္ျပည္နယ္ သယံဇာတ ဝန္ႀကီး ဦးဒါရွီလဆိုင္းက ဆိုသည္။

သက္တမ္းကုန္ဆုံးသြားသည့္ ေက်ာက္စိမ္း လုပ္ကြက္ ကုမၸဏီ မ်ားအေနျဖင့္ မိုင္းပိတ္သိမ္းျခင္းလုပ္ငန္းမ်ား စီစဥ္ေဆာင္ရြက္ရမည္ျဖစ္ၿပီး ေနာက္ထပ္လုပ္ငန္းလုပ္ကိုင္လိုပါက ျပည္ေထာင္စုအစိုးရမွလုပ္ကြက္မ်ား အဆိုျပဳလႊာျပန္ေခၚသည့္အခါ၌ ေလၽွာက္ထားနိုင္ၿပီး ဥေပဒ၊ နည္းဥပေဒအသစ္ျဖင့္ျပန္လည္ လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖားကန္႔ေဒသက ေက်ာက္စိမ္းလုပ္ကြက္မ်ားကို ယခင္မိုးတြင္းကာလတြင္ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚနိုင္ေသာေၾကာင့္ ဇူလိုင္လ (၁)ရက္ေန႔မွ စက္တင္ဘာလ (၃၀) ရက္ေန႔ အထိ သုံးလ ရပ္နားထားၿပီးေနာက္ ဖားကန္႔ၿမိဳ႕နယ္အတြင္း ကိုဗစ္ ၁၉ ကူးစက္ႏႈန္း ျမႇင့္မားခဲ့ေသာေၾကာင့္ ေအာက္ဘာလ (၁)ရက္ေန႔မွ ၂၀၂၁ ဇန္နဝါရီလ တစ္ရက္ေန႔အထိ ေလးလ ထပ္တိုး ရပ္နားထားသည္။

လြမ္းေအာင္(EPN)

#PeopleMedia # ဖားကန႔္ၿမိဳ႕

(unicode)
ဖားကန့်က နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်းလုပ်ကွက်များအပါအဝင်၊ ပုဂ္ဂလိကကုမ္ပဏီများပိုင် ကျောက်စိမ်းလုပ်ကွက်အားလုံး ဇွန်လတွင် သက်တမ်းကုန်မည်
…………………………………………………………

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသ၌ နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်း လုပ်ကွက်များ အပါအဝင်၊ ပုဂ္ဂလိက ကုမ္ပဏီများပိုင် ကျောက်စိမ်း လုပ်ကွက်အားလုံး ၂၀၂၁ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဖားကန့်ဒေသတွင် ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်များနှင့် သက်တမ်း တိုးမြှင့် ပေးထားသည့် လုပ်ကွက်ပေါင်းမှာ နိုင်ငံတော်နှင့် အကျိုးတူကျောက်စိမ်းလုပ်ကွက်(၃)ကွက်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများပိုင် ကျောက်စိမ်းလုပ်ကွက် (၂၀၉) ကွက် ရှိပြီး ၂၀၂၁ ဇွန်လထဲတွင် လုပ်ကွက်များအားလုံး လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးဒါရှီလ ဆိုင်းက ဆိုသည်။

“ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လုပ်ကွက်နှစ်ရာကိုးကွက်ထဲမှာ အခုဒီဇင်ဘာလထဲမှာ သက်တမ်းကုန်မယ့်ဟာ တွေရှိတယ်။ ပြီးရင် အခုလာမယ့် ၂၀၂၁ ဇန်နဝါရီလထဲမှာသက်တမ်း ကုန်မယ့် ဟာတွေရှိတယ်။ ဒီ ၂၀၂၁ ဇွန်လမှာ အားလုံးကတော့ သက်တမ်းကုန်မယ့်အနေအထားမှာ ရှိတယ်လို့ သူတို့ပေးပို့လာတဲ့ စာတွေအရ သိရတတယ်”ဟု ဝန်ကြီး ဦးဒါရှီလဆိုင်းကပြောသည်။

လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် အစိုးရ လက်ထက်တွင် ဖားကန့်ဒေသ၌ လက်လုပ် လက်စား လုပ်ကွက်များသာ ချထားပေးခဲ့ပြီး ယခုသက်တမ်း ကုန်ဆုံးတော့မည့် အကြီးစား ကျောက်စိမ်းလုပ်ကွက်များမှာ ယခင်အစိုးရလက်ထက်က ခွင့်ပြုထားသည့် လုပ်ကွက်များ ဖြစ်ကြောင်း ကိုလည်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့သည်။

“NLD အစိုးရ လက်ထက်မှာတော့ လက်လုပ်လက်စား လုပ်ကွက်တွေပဲချပေးတာ အခုလုပ်နေတဲ့အကြီး စားလုပ်ကွက်တွေနဲ့ ပတ်သက်ပြီးမှ ချထားပေးခြင်း မရှိဘူး။ ယခင်အစိုးရက နေပြီးတော့မှ သက်တမ်းတိုးပေးထားတယ်။ ၂၀၂၁ မှာ သက်တမ်း ကုန်မယ့် ဟာတွေကတော့ ယခင်တုန်းက အစိုးရတွေ ချထားပေးတဲ့ဟာတွေကို ရွေးကောက်ပွဲမှာ တက်လာတဲ့ အစိုးရတွေက ပြန်ပြီးတော့မှ သက်တမ်း တိုးပေးထားတာပေါ့။ ဆိုတော့ ဒီအခု NLD အစိုးရကတော့ သူတို့်ကို ပြန်လည်ပြီးမှ သက်တမ်းတိုးပေးတာ မလုပ်ခဲ့ဘူး။”ဟု ကချင်ပြည်နယ် သယံဇာတ ဝန်ကြီး ဦးဒါရှီလဆိုင်းက ဆိုသည်။

သက်တမ်းကုန်ဆုံးသွားသည့် ကျောက်စိမ်း လုပ်ကွက် ကုမ္ပဏီ များအနေဖြင့် မိုင်းပိတ်သိမ်းခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ထပ်လုပ်ငန်းလုပ်ကိုင်လိုပါက ပြည်ထောင်စုအစိုးရမှလုပ်ကွက်များ အဆိုပြုလွှာပြန်ခေါ်သည့်အခါ၌ လျှောက်ထားနိုင်ပြီး ဥပေဒ၊ နည်းဥပဒေအသစ်ဖြင့်ပြန်လည် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်များကို ယခင်မိုးတွင်းကာလတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် ဇူလိုင်လ (၁)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိ သုံးလ ရပ်နားထားပြီးနောက် ဖားကန့်မြို့နယ်အတွင်း ကိုဗစ် ၁၉ ကူးစက်နှုန်း မြှင့်မားခဲ့သောကြောင့် အောက်ဘာလ (၁)ရက်နေ့မှ ၂၀၂၁ ဇန်နဝါရီလ တစ်ရက်နေ့အထိ လေးလ ထပ်တိုး ရပ်နားထားသည်။

လွမ်းအောင်(EPN)

#PeopleMedia # ဖားကန့်မြို့


Share this post