• Follow Us on

Home ဖားကန့်က အလွတ်တန်းသတင်းထောက်တစ်ဦး ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရ

ဖားကန့်က အလွတ်တန်းသတင်းထောက်တစ်ဦး ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရ

Share this post

ဖားကန့်၊ ဖေဖော်ဝါရီ ၂၅

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အလွတ်တန်းသတင်းထောက်တစ်ဦး ၆၆(ဃ) ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမှုဖွင့်ခံထားရကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

 

အဆိုပါ အမှုဖွင့်ထားရသည့် သတင်းထောက်မှာ ဖားကန့်ဒေသက အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ်မှ ကျေးရွာ တာဝန်ခံတစ်ဦးက တရားလိုပြုလုပ်အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းရေးသားဖော်ပြထားသည့် အကြောင်းအရာများမှာ ယခုဖော်ပြပါ Screenshot အတိုင်း ရေးသားဖော်ပြ ထားသည့် အကြောင်းအရာများကြောင့် ဖြစ်သည်ဟု ကနဦး သိရသည်။

 

ယခု ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသူသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ၆၆(ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရ ဖူးသည့် လက်ရှိဖေ့ဘုတ်လူမှုကွန်ရက်၌ follower ခြောက်သောင်းကျော်ရှိသည့် အကောင့်ပိုင်ရှင် ဖားကန့်မြို့ နယ်က အလွတ်သတင်းထောက်ဖြစ်သူ ကိုဇော်မိုးထက်ဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုသိရ သည်။

 

သတင်းအပြည့်အစုံ ဆက်လက်ဖော်ပြပါမည်။

 

သတင်း – ကိုဖြိုး

 

Photo  – အဆိုပါအကောင့်ပိုင်ရှင်၏ ရေးသားဖော်ပြခဲ့သည့် SS များ

 

#PeopleMedia

 

(unicode)

……………………………………………









#PeopleMedia


Share this post