• Follow Us on

Home ဖားကန္႔တြင္ ကိုဗစ္လူနာႏွင့္ ထိေတြ႕ခဲ့သူ ၁၅ ဦး ထပ္တိုး

ဖားကန္႔တြင္ ကိုဗစ္လူနာႏွင့္ ထိေတြ႕ခဲ့သူ ၁၅ ဦး ထပ္တိုး

Share this post

ဖားကန္႔၊ စက္တင္ဘာ ၁၅

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္ ေတာင္ၿပိဳေက်းရြာမွ ကိုဗစ္အတည္ျပဳလူနာ(၁၇၁၂)ႏွင့္ ထိေတြ႕ခဲ့သူ(၁၅)ဦး ထပ္တိုးခဲ့ၿပီး လူနာႏွင့္ထိေတြ႕ခဲ့သူ စုစုေပါင္း(၃၉)ဦးရွိေနေၾကာင္း ေတာင္ၿပိဳေက်းရြာမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အဆိုပါ လူနာႏွင့္ထိေတြ႕ခဲ့သည့္ လူဦးေရ (၃၉)ဦးအနက္ (၄)ဦးကို စစ္ေဆးခဲ့ရာ ေရာဂါပိုးမရွိေၾကာင္း၊ ဆက္လက္၍ က်န္ရွိေသာ ထိေတြ႕ခဲ့သူမ်ား၏ ႏွာေခါင္း ၊ အာေခါင္ တို႔ဖက္နမႈနာမ်ားကိုလည္း စစ္ေဆးႏိုင္ရန္ ေပးပို႔ထားေၾကာင္း ေတာင္ၿပိဳေက်းရြာအုပ္ခ်ဳပ္ေရးမွဴးဦးသန္းေရႊကေျပာသည္။

“ က်ေနာတို႔က လူနာနဲ႔ ထိေတြ႕ခဲ့သူေတြကို အသြားအလာကန္႔သက္တာေတြလုပ္ထားပါတယ္၊ အရင္က လူနာမိသားစု (၄)ေယာက္ရွိခဲ့တယ္၊ အဲ့ထိေတြ႕ခဲ့သူေတြကလဲ ေရာဂါပိုးမရွိေၾကာင္းတရားဝင္သာထုတ္ထားၿပီးၿပီ၊ ေနာက္ထက္ လူနာသြားလာခဲ့တဲ့ ပတ္ဝန္းက်င္က ထိေတြ႕ခဲ့သူ (၂၀) ဦးကို အသြားအလာကန္႔သက္ က်န္းမာေရးအေျခအေနေစာင့္ၾကည့္ေနတယ္၊ ေနာက္ၿပီး အခုရက္ပိုင္ေလာက္ကပဲ လူနာနဲ႔ထိေတြသူ (၁၅)ဦးတိုးခဲ့တယ္၊ ထိေတြ႕ခဲ့သူအားလုံးရဲ႕ ႏွာေခါင္း၊အာေခါင္တို႔ဖက္ေတြလဲ ေပးပိုထားၿပီးျဖစ္ပါတယ္။” ဟု ၎ကေျပာသည္။

လက္ရွိမွာေတာ့ ပထမအႀကိမ္ ထိေတြ႕ခဲ့သူမ်ားရဲ႕ ေရာဂါပိုးရွိ ၊မရွိ အေျဖကို ေစာင့္ၾကည့္ေနၿပီး ထပ္တိုး ထိေတြ႕ခဲ့သူမ်ားရဲ႕ ႏွာေခါင္း၊အာေခါင္တို႔ဖက္ နမႈနားမ်ားကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ဗဟို) သို႔ ေပးပို႔ထားၿပီးျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ျပည္ သူ့ေဆး႐ုံမွ ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္ ကေျပာသည္။

“ ထိေတြ႕ခဲ့သူေတြထဲက ပထမ အသုတ္လူ (၂၀)ရဲ႕ ေရာဂါရွိမရွိ စာရင္းေတြကို ေစာင့္ၾကည့္ေနတယ္၊ ထပ္တိုးထိေတြတဲ့လူ(၁၅)ဦးကိုက အသြားအလာေတြကန္႔သတ္ထားတယ္၊ ေနာက္ၿပီး သူတို႔ရဲ႕ ႏွာေခါင္း၊အာေခါင္တို႔ဖက္ေတြလည္း ေပးပို႔ထားတယ္၊” ဟု ၎ကေျပာသည္။

ယင္း လူနာအမွတ္(၁၇၁၂)ေနထိုင္ခဲ့သည့္ ေတာင္ၿပိဳေက်းရြာကို စက္တင္ဘာလ (၁၁)ရက္
ေနက စတင္ကာ အသြားအလာကန္႔ သတ္ (Lock down) ခ်မွတ္ခဲ့ၿပီး လူနာႏွင့္ ထိေတြ႕ခဲ့သူမ်ားကို ေက်းရြာ ဗုဒၶယဉ္ေက်းမႈ မႈႀကိဳေက်ာင္းတြင္ Quarantine ထားရွိေၾကာင္းသိရသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ေအးျမသာယာရပ္ကြက္ ၊ ေတာင္ၿပိဳေက်းရြာအတြင္းမွာ အိမ္ေျခေပါင္း ( ၃၀၀)ေက်ာ္ႏွင့္ လူဦးေရ (၁၈၀၀) ေက်ာ္ေနထိုင္ေၾကာင္း သိရသည္။

ေဝယံ(EPN)

Photo – Naw Naw

#PeopleMedia #EPN #COVID19

(unicode)
ဖားကန့်တွင် ကိုဗစ်လူနာနှင့် ထိတွေ့ခဲ့သူ ၁၅ ဦး ထပ်တိုး
……………………………………….

ဖားကန့်၊ စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှ ကိုဗစ်အတည်ပြုလူနာ(၁၇၁၂)နှင့် ထိတွေ့ခဲ့သူ(၁၅)ဦး ထပ်တိုးခဲ့ပြီး လူနာနှင့်ထိတွေ့ခဲ့သူ စုစုပေါင်း(၃၉)ဦးရှိနေကြောင်း တောင်ပြိုကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လူနာနှင့်ထိတွေ့ခဲ့သည့် လူဦးရေ (၃၉)ဦးအနက် (၄)ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးမရှိကြောင်း၊ ဆက်လက်၍ ကျန်ရှိသော ထိတွေ့ခဲ့သူများ၏ နှာခေါင်း ၊ အာခေါင် တို့ဖက်နမှုနာများကိုလည်း စစ်ဆေးနိုင်ရန် ပေးပို့ထားကြောင်း တောင်ပြိုကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းရွှေကပြောသည်။

“ ကျနောတို့က လူနာနဲ့ ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သက်တာတွေလုပ်ထားပါတယ်၊ အရင်က လူနာမိသားစု (၄)ယောက်ရှိခဲ့တယ်၊ အဲ့ထိတွေ့ခဲ့သူတွေကလဲ ရောဂါပိုးမရှိကြောင်းတရားဝင်သာထုတ်ထားပြီးပြီ၊ နောက်ထက် လူနာသွားလာခဲ့တဲ့ ပတ်ဝန်းကျင်က ထိတွေ့ခဲ့သူ (၂၀) ဦးကို အသွားအလာကန့်သက် ကျန်းမာရေးအခြေအနေစောင့်ကြည့်နေတယ်၊ နောက်ပြီး အခုရက်ပိုင်လောက်ကပဲ လူနာနဲ့ထိတွေသူ (၁၅)ဦးတိုးခဲ့တယ်၊ ထိတွေ့ခဲ့သူအားလုံးရဲ့ နှာခေါင်း၊အာခေါင်တို့ဖက်တွေလဲ ပေးပိုထားပြီးဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

လက်ရှိမှာတော့ ပထမအကြိမ် ထိတွေ့ခဲ့သူများရဲ့ ရောဂါပိုးရှိ ၊မရှိ အဖြေကို စောင့်ကြည့်နေပြီး ထပ်တိုး ထိတွေ့ခဲ့သူများရဲ့ နှာခေါင်း၊အာခေါင်တို့ဖက် နမှုနားများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ဗဟို) သို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဖားကန့်မြို့နယ်ပြည် သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ မင်းလွင် ကပြောသည်။

“ ထိတွေ့ခဲ့သူတွေထဲက ပထမ အသုတ်လူ (၂၀)ရဲ့ ရောဂါရှိမရှိ စာရင်းတွေကို စောင့်ကြည့်နေတယ်၊ ထပ်တိုးထိတွေတဲ့လူ(၁၅)ဦးကိုက အသွားအလာတွေကန့်သတ်ထားတယ်၊ နောက်ပြီး သူတို့ရဲ့ နှာခေါင်း၊အာခေါင်တို့ဖက်တွေလည်း ပေးပို့ထားတယ်၊” ဟု ၎င်းကပြောသည်။

ယင်း လူနာအမှတ်(၁၇၁၂)နေထိုင်ခဲ့သည့် တောင်ပြိုကျေးရွာကို စက်တင်ဘာလ (၁၁)ရက်
နေက စတင်ကာ အသွားအလာကန့် သတ် (Lock down) ချမှတ်ခဲ့ပြီး လူနာနှင့် ထိတွေ့ခဲ့သူများကို ကျေးရွာ ဗုဒ္ဓယဉ်ကျေးမှု မှုကြိုကျောင်းတွင် Quarantine ထားရှိကြောင်းသိရသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက် ၊ တောင်ပြိုကျေးရွာအတွင်းမှာ အိမ်ခြေပေါင်း ( ၃၀၀)ကျော်နှင့် လူဦးရေ (၁၈၀၀) ကျော်နေထိုင်ကြောင်း သိရသည်။

ဝေယံ(EPN)

Photo – Naw Naw

#PeopleMedia #EPN #COVID19


Share this post