• Follow Us on

Home ဖားကန္႔တြင္ တူဝမ္းကြဲက ဦးေလးျဖစ္သူကို ဓားျဖင့္ ခုတ္

ဖားကန္႔တြင္ တူဝမ္းကြဲက ဦးေလးျဖစ္သူကို ဓားျဖင့္ ခုတ္

Share this post

ဖားကန္႔၊ စက္တင္ဘာ ၂၀

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း ရြာအုပ္စု ေဝွခါေက်းရြာ ေမွာ္သစ္ကုန္းရပ္ကြက္တြင္ တူဝမ္းကြဲျဖစ္သူက ဦးေလးကို ဓါးျဖင့္ ခုတ္မႈ စက္တင္ဘာ ၁၉ ရက္က ျဖစ္ခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕မရဲစခန္းမွ သိရသည္။

ယင္းေန႔ညက ဦးေလးျဖစ္သူမွာ တစ္ရပ္ကြက္တည္းေနထိုင္ေန သူငယ္ခ်င္း၏ ေနအိမ္ သို႔ ဆိုင္ကယ္ျဖင့္အလည္သြားေရာက္ၿပီး အျပန္ ေနအိမ္ၿခံေရွ႕သို႔ အေရာက္တြင္ တူဝမ္းကြဲေတာ္စပ္သူ ေက်ာ္မင္းဦးသည္ အျခားဆိုင္ ကယ္တစ္စီးျဖင့္ ေနာက္မွေရာက္ရွိလာကာ ဦးေလး၏ အေနာက္မွေန၍ မည္သည့္ စကားတစ္ခြန္းမၽွမေျပာဘဲ အသင့္ယူေဆာင္ လာသည့္ ဓားျဖင့္ခုတ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ဓားျဖင့္ ခုတ္ခဲ့မႈေၾကာင့္ ဦးေလးျဖစ္ သူ ဦးညီညီမ်ိဳးကို(ခ)အူဝဲေလးမွာ ဦးေခါင္းေနာက္ေစ့(၁)ခ်က္၊ ဝဲဘက္မ်က္ခုံး(၁)ခ်က္၊ ဝဲဘက္မ်က္ခုံးစြန္းေပါက္ျပဲဒဏ္ရာ(၁)ခ်က္တို႔ဒဏ္ရာရရွိကာ ယင္းေနအိမ္ၿခံဝန္းအတြင္း ဝင္ေရာက္ေျပးခဲ့ရာ ေက်ာ္မင္းဦးမွာလည္း ေနအိမ္ၿခံဝန္းအတြင္းထဲထိ ဝင္ေရာက္လိုက္ပါလာၿပီး ဓါးျဖင့္ခုတ္ခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားရသိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဦးေလးျဖစ္သူက တရားလိုျပဳ၍ နာက်င္ဒဏ္ရာမ်ားရရွိေအာင္ျပဳလုပ္ၿပီး ေနအိမ္ၿခံဝန္းအတြင္းထဲထိ ဝင္ေရာက္၍ ဓါးျဖင့္ခုတ္သူ ေက်ာ္မင္းဦးကို အေရးယူ ေပးရန္ တိုင္တန္းခဲသျဖင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၄ / ၄၅၂ ျဖင့္ အမူဖြင့္ထားေၾကာင္းသိရသည္။

ေကသီ၊ ေနာေနာ္
ဓာတ္ပုံ။ ေနာေနာ္
#PeopleMedia #EPN #ဖားကန႔္

[Unicode]
ဖားကန့်တွင် တူဝမ်းကွဲက ဦးလေးဖြစ်သူကို ဓားဖြင့် ခုတ်

ဖားကန့်၊ စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေး ရွာအုပ်စု ဝှေခါကျေးရွာ မှော်သစ်ကုန်းရပ်ကွက်တွင် တူဝမ်းကွဲဖြစ်သူက ဦးလေးကို ဓါးဖြင့် ခုတ်မှု စက်တင်ဘာ ၁၉ ရက်က ဖြစ်ခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းနေ့ညက ဦးလေးဖြစ်သူမှာ တစ်ရပ်ကွက်တည်းနေထိုင်နေ သူငယ်ချင်း၏ နေအိမ် သို့ ဆိုင်ကယ်ဖြင့်အလည်သွားရောက်ပြီး အပြန် နေအိမ်ခြံရှေ့သို့ အရောက်တွင် တူဝမ်းကွဲတော်စပ်သူ ကျော်မင်းဦးသည် အခြားဆိုင် ကယ်တစ်စီးဖြင့် နောက်မှရောက်ရှိလာကာ ဦးလေး၏ အနောက်မှနေ၍ မည်သည့် စကားတစ်ခွန်းမျှမပြောဘဲ အသင့်ယူဆောင် လာသည့် ဓားဖြင့်ခုတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဓားဖြင့် ခုတ်ခဲ့မှုကြောင့် ဦးလေးဖြစ် သူ ဦးညီညီမျိုးကို(ခ)အူဝဲလေးမှာ ဦးခေါင်းနောက်စေ့(၁)ချက်၊ ဝဲဘက်မျက်ခုံး(၁)ချက်၊ ဝဲဘက်မျက်ခုံးစွန်းပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ဒဏ်ရာရရှိကာ ယင်းနေအိမ်ခြံဝန်းအတွင်း ဝင်ရောက်ပြေးခဲ့ရာ ကျော်မင်းဦးမှာလည်း နေအိမ်ခြံဝန်းအတွင်းထဲထိ ဝင်ရောက်လိုက်ပါလာပြီး ဓါးဖြင့်ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းများရသိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဦးလေးဖြစ်သူက တရားလိုပြု၍ နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်ပြီး နေအိမ်ခြံဝန်းအတွင်းထဲထိ ဝင်ရောက်၍ ဓါးဖြင့်ခုတ်သူ ကျော်မင်းဦးကို အရေးယူ ပေးရန် တိုင်တန်းခဲသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄ / ၄၅၂ ဖြင့် အမူဖွင့်ထားကြောင်းသိရသည်။

ကေသီ၊ နောနော်
ဓာတ်ပုံ။ နောနော်
#PeopleMedia #EPN #ဖားကန့်


Share this post