• Follow Us on

Home ဖားကန္႔ရွိ ေက်ာက္စိမ္းလုပ္ကြက္ေဟာင္း၌ ေရမေစ်းေက်ာက္ရွာေဖြသူ မ်ား ေျမၿပိဳ၍ ေသဆုံး၊ လက္ရွိအခ်ိန္၌ အေလာင္း(၅၀)ခန္႔ ဆယ္ယူႏုိင္

ဖားကန္႔ရွိ ေက်ာက္စိမ္းလုပ္ကြက္ေဟာင္း၌ ေရမေစ်းေက်ာက္ရွာေဖြသူ မ်ား ေျမၿပိဳ၍ ေသဆုံး၊ လက္ရွိအခ်ိန္၌ အေလာင္း(၅၀)ခန္႔ ဆယ္ယူႏုိင္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္ရွိ ေက်ာက္စိမ္းလုပ္ကြက္တြင္းေဟာင္းေနရာ၌ ေရမေဆးေက်ာက္ ရွာေဖြသူ မ်ားသည္ ရွာေဖြေနစဥ္ ေျမၿပိဳ၍ လူမ်ားစြာ ေသဆုံးခဲ့ၿပီး လက္ရွိအခ်ိန္၌ အေလာင္း (၅၀)ခန္႔ ဆယ္ယူထားႏုိင္ ေၾကာင္း ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇူလုိင္(၂)ရက္ေန႔၊နံနက္(၈)နာရီခ်ိန္၌ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါေက်း႐ြာ၊ လခူး ေခ်ာင္ရပ္ကြက္ရွိ တစ္သုံးလုံး၊ ရတနာၾကယ္၊ ေက်ာက္မ်က္ေ႐ႊၾကည္၊ ရတနာဆန္း႐ႊင္၊ ဧရာရတနာစုေပါင္း လုပ္ ကြက္ေဟာင္းေနရာမ်ားတြင္ ေရမေဆးသမားမ်ား ေရမေဆးေက်ာက္ဝင္ေရာက္တူးေဖာ္ေနစဥ္ မိုး႐ြာသြန္းမႈ ေၾကာင့္ ေျမၿပိဳက်မႈျဖစ္ပြားရာ ႏြံလိႈင္း႐ုိက္ခတ္မႈျဖစ္ပြားၿပီး ေရမေဆးေက်ာက္ရွာေဖြသူမ်ား ႏြံနစ္မႈျဖစ္ပြားခဲ့ သည္။

အဆုိပါျဖစ္စဥ္အေပၚ ဖားကန႔္ၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား မွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ နံနက္( ၀၉း၃၀) အခ်ိန္တြင္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္း (၃၅)ေလာင္းႏွင့္ နံနက္(၁၀း၀၀) အခ်ိန္တြင္ ႐ုပ္အေလာင္း (၁၅)ေလာင္း စုစုေပါင္းေသဆုံးသူ (၅၀) ဦး၏ ႐ုပ္အေလာင္းမ်ားအား ဆယ္ယူနိုင္ခဲ့သည္။

လက္ရွိအခ်ိန္၌ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕မ်ား စုေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကုိ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Photo – ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕

#PeopleMedia #ဖားကန္႔ #ေရမေဆးေက်ာက္ #ျမန္မာႏုိင္ငံမီးသတ္ တပ္ဖြဲ႕

(unicode)
ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း၌ ရေမဈေးကျောက်ရှာဖွေသူ များ မြေပြို၍ သေဆုံး၊ လက်ရှိအချိန်၌ အလောင်း(၅၀)ခန့် ဆယ်ယူနိုင်
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တွင်းဟောင်းနေရာ၌ ရေမဆေးကျောက် ရှာဖွေသူ များသည် ရှာဖွေနေစဉ် မြေပြို၍ လူများစွာ သေဆုံးခဲ့ပြီး လက်ရှိအချိန်၌ အလောင်း (၅၀)ခန့် ဆယ်ယူထားနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇူလိုင်(၂)ရက်နေ့၊နံနက်(၈)နာရီချိန်၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူး ချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း လုပ် ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှု ကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားခဲ့ သည်။

အဆိုပါဖြစ်စဉ်အပေါ် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံနက်( ၀၉း၃၀) အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း (၃၅)လောင်းနှင့် နံနက်(၁၀း၀၀) အချိန်တွင် ရုပ်အလောင်း (၁၅)လောင်း စုစုပေါင်းသေဆုံးသူ (၅၀) ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့သည်။

လက်ရှိအချိန်၌ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ စုပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Photo – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#PeopleMedia #ဖားကန့် #ရေမဆေးကျောက် #မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့


Share this post