• Follow Us on

Home ဖားကန္႔သို႔ တရားမ၀င္ ၀င္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္ ေခၚေဆာင္လာသူမ်ားကို ဥပေဒအရ အေရးယူရန္ စီစဥ္ေန

ဖားကန္႔သို႔ တရားမ၀င္ ၀င္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္ ေခၚေဆာင္လာသူမ်ားကို ဥပေဒအရ အေရးယူရန္ စီစဥ္ေန

Share this post

ဖားကန္႔၊ ဇြန္ ၂၆

ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စု၊ မကားပင္ေက်းရြာအနီးရွိ ဆပ္ျပားေခ်ာင္း ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဇြန္လ ၂၅ ရက္ေန႔ ညေနပိုင္းက တရားဝမ၀င္ ေရာက္ရွိလာသည့္ တ႐ုတ္ႏိုင္ငံသား (၂)ဦးႏွင့္ ၄င္းတို႔အား ေခၚေဆာင္လာၾကသူမ်ားကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္းသိရသည္။

လက္ရွိတြင္ အဆိုပါ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္အတူ ၄င္းတို႔အား ေခၚေဆာင္လာသူႏွင့္ ယာဥ္ေမာင္းျဖစ္သူတို႔ ကို လ၀ကအက္ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးအတြက္ ဖားကန္႔ၿမိဳ႕၊ လုံခင္းရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္း ထားေၾကာင္းသိရသည္။

အဆိုပါ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးမွာ Mr Qi Xing ႏွင့္ Mr Teng Zhanfeng ဆိုသူတို႔ျဖစ္ၿပီး ၄င္းတို႔အား ေခၚ ေဆာင္လာသူမွာ ဦးထြန္းရွင္၊ (၂၅)ႏွစ္၊ (ဘ) ဦးဖူေကြး၊ နယ္ေျမ(၁)၊ ရပ္ကြက္(၅)၊ လားရႈိးၿမိဳ႕ေနထိုင္သူ ျဖစ္ ေၾကာင္းႏွင့္ ယာဥ္ေမာင္းမွာ ကိုမင္းေဇာ္၊ (၃၆)ႏွစ္၊ (ဘ) ဦးထြန္းတင္၊ ယာဥ္ေမာင္း၊ ဆယ္ဇင္းေက်းရြာ ဖားကန္႔ ၿမိဳ႕နယ္ ေနထိုင္သူျဖစ္ေၾကာင္းသိရသည္။

၄င္းတို႔အား စစ္ေဆးေပၚေပါက္ခ်က္အရ အဆိုပါ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္ ဦးထြန္းရွင္ဆိုသူမွာ မႏၲေလး- မိုးညႇင္း – ဟိုပင္- အင္းေတာ္ႀကီး – မကားပင္လမ္းအတိုင္း ကိုမင္းေဇာ္ေမာင္းႏွင္သည့္ Pajero ေမာ္ေတာ္ ယာဥ္ျဖင့္ တင္ေဆာင္လာျခင္းျဖစ္ေၾကာင္းသိရသည္။

ေနာေနာ္

#PeopleMedia

(unicode)
ဖားကန့်သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် ခေါ်ဆောင်လာသူများကို ဥပဒေအရ အရေးယူရန် စီစဉ်နေ
…………………………………………………………

ဖားကန့်၊ ဇွန် ၂၆

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မကားပင်ကျေးရွာအနီးရှိ ဆပ်ပြားချောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တရားဝမဝင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား (၂)ဦးနှင့် ၄င်းတို့အား ခေါ်ဆောင်လာကြသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့်အတူ ၄င်းတို့အား ခေါ်ဆောင်လာသူနှင့် ယာဉ်မောင်းဖြစ်သူတို့ ကို လဝကအက်ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဖားကန့်မြို့၊ လုံခင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်းသိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးမှာ Mr Qi Xing နှင့် Mr Teng Zhanfeng ဆိုသူတို့ဖြစ်ပြီး ၄င်းတို့အား ခေါ် ဆောင်လာသူမှာ ဦးထွန်းရှင်၊ (၂၅)နှစ်၊ (ဘ) ဦးဖူကွေး၊ နယ်မြေ(၁)၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေထိုင်သူ ဖြစ် ကြောင်းနှင့် ယာဉ်မောင်းမှာ ကိုမင်းဇော်၊ (၃၆)နှစ်၊ (ဘ) ဦးထွန်းတင်၊ ယာဉ်မောင်း၊ ဆယ်ဇင်းကျေးရွာ ဖားကန့် မြို့နယ် နေထိုင်သူဖြစ်ကြောင်းသိရသည်။

၄င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့် ဦးထွန်းရှင်ဆိုသူမှာ မန္တလေး- မိုးညှင်း – ဟိုပင်- အင်းတော်ကြီး – မကားပင်လမ်းအတိုင်း ကိုမင်းဇော်မောင်းနှင်သည့် Pajero မော်တော် ယာဉ်ဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

နောနော်

#PeopleMedia


Share this post