• Follow Us on

Home ဖားကန္႔ေက်ာက္စိမ္းေမွာ္တြင္ ကမ္းပါးၿပိဳက်မႈေၾကာင့္ ဘက္ဟိုးႏွစ္စီးနစ္ျမဳပ္၍ ယာဉ္ေမာင္းေပ်ာက္ဆုံးေန

ဖားကန္႔ေက်ာက္စိမ္းေမွာ္တြင္ ကမ္းပါးၿပိဳက်မႈေၾကာင့္ ဘက္ဟိုးႏွစ္စီးနစ္ျမဳပ္၍ ယာဉ္ေမာင္းေပ်ာက္ဆုံးေန

Share this post

ဖားကန္႔၊ ဇန္နဝါရီ-၂၀

ဖားကန္႔ၿမိဳ႕နယ္၊ဆိပ္မူေက်းရြာအုပ္စု၊ေကာင္ဆန္ေက်းရြာဧရိယာအတြင္းရွိ ေက်ာက္စိမ္းတူေဖာ္ေရးကုမၸဏီလုပ္ကြက္အတြင္းတြင္ ဇန္နဝါရီ(၁၈)ရက္၊ည(၉)နာရီအခ်ိန္ခန္႔က ကမ္းပါးၿပိဳက်မႈေၾကာင့္ ဘက္ဟိုးႏွစ္စီးႏွင့္အတူ ဘက္ဟိုးေမာင္းႏွင္သူတစ္ဦးေပ်ာက္ဆုံးေနၿပီး၊တစ္ဦးဒဏ္ရာရရွိေၾကာင္း သိရသည္။

ျဖစ္စဉ္မွာ ဆိုင္းအင္ဝမ္းေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီလုပ္ကြက္အတြင္းသို႔ အျမင့္ေပ(၅၀၀)ခန္႔ရွိ ယခင္လုပ္ကြက္ေဟာင္းမွ ေက်ာက္ေၾကာေျမစာအက်ယ္ေပ(၆၀၀)ခန္႔ ကမ္းပါးေျမၿပိဳက်ရာမွ ဘက္ဟိုး (၂)စီးႏွင့္အတူ ဘက္ဟိုးေမာင္းႏွင္သူတစ္ဦးေပ်ာက္ဆုံးေနၿပီး၊တစ္ဦးဒဏ္ရာ ရရွိေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

ေပ်ာက္ဆုံးေနေသာဘက္ဟိုးေမာင္းႏွင္သူမွာ ဦးေနေအာင္(၂၃)ႏွစ္၊(ဘ)ဦးစိန္ဝင္းလႈိင္၊၈/စလန(ႏိုင္) ၁၉၃၀၁၆၊ဗမာ၊ဗုဒၶ၊ဆိုင္းအင္ဝမ္းကုမၸဏီဝန္ထမ္းျဖစ္ၿပီး၊ဒဏ္ရာရရွိသူ ဘက္ဟ္ိုးယာဉ္ေမာင္းေနာက္တစ္ဦးအား ေဆးဝါးကုသမႈခံယူထားေၾကာင္းသိရသည္။

အဆိုပါအခင္းျဖစ္ပြါးရာေနရာသို႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေဆာင္ရြက္ရန္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊လုံၿခဳံေရးရဲတပ္ရင္းမ်ားႏွင့္ နယ္ေျမခံရဲကင္း၊ၾကက္ေျခနီအဖြဲ႕၊မီးသတ္တပ္ဖြဲ႕မ်ား၊လူမႈကူညီေရးအသင္းအဖြဲ႕မ်ားမွ ယေန႔နံနက္ပိုင္းအခ်ိန္မွ စတင္၍ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း – ​ေနာင္႐ိုး

ဓါတ္ပုံ – ဆိပ္မူေက်းရြာအုပ္ခ်ဳပ္ေရးမွဴး႐ုံး

#peoplemedia #EPN

(unicode)
ဖားကန့်ကျောက်စိမ်းမှော်တွင် ကမ်းပါးပြိုကျမှုကြောင့် ဘက်ဟိုးနှစ်စီးနစ်မြုပ်၍ ယာဉ်မောင်းပျောက်ဆုံးနေ
……………………………………………………………………………………………….

ဖားကန့်၊ ဇန်နဝါရီ-၂၀

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ကောင်ဆန်ကျေးရွာဧရိယာအတွင်းရှိ ကျောက်စိမ်းတူဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းတွင် ဇန်နဝါရီ(၁၈)ရက်၊ည(၉)နာရီအချိန်ခန့်က ကမ်းပါးပြိုကျမှုကြောင့် ဘက်ဟိုးနှစ်စီးနှင့်အတူ ဘက်ဟိုးမောင်းနှင်သူတစ်ဦးပျောက်ဆုံးနေပြီး၊တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်းအင်ဝမ်းကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းသို့ အမြင့်ပေ(၅၀၀)ခန့်ရှိ ယခင်လုပ်ကွက်ဟောင်းမှ ကျောက်ကြောမြေစာအကျယ်ပေ(၆၀၀)ခန့် ကမ်းပါးမြေပြိုကျရာမှ ဘက်ဟိုး (၂)စီးနှင့်အတူ ဘက်ဟိုးမောင်းနှင်သူတစ်ဦးပျောက်ဆုံးနေပြီး၊တစ်ဦးဒဏ်ရာ ရရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပျောက်ဆုံးနေသောဘက်ဟိုးမောင်းနှင်သူမှာ ဦးနေအောင်(၂၃)နှစ်၊(ဘ)ဦးစိန်ဝင်းလှိုင်၊၈/စလန(နိုင်) ၁၉၃၀၁၆၊ဗမာ၊ဗုဒ္ဓ၊ဆိုင်းအင်ဝမ်းကုမ္ပဏီဝန်ထမ်းဖြစ်ပြီး၊ဒဏ်ရာရရှိသူ ဘက်ဟ်ိုးယာဉ်မောင်းနောက်တစ်ဦးအား ဆေးဝါးကုသမှုခံယူထားကြောင်းသိရသည်။

အဆိုပါအခင်းဖြစ်ပွါးရာနေရာသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များ၊လုံခြုံရေးရဲတပ်ရင်းများနှင့် နယ်မြေခံရဲကင်း၊ကြက်ခြေနီအဖွဲ့၊မီးသတ်တပ်ဖွဲ့များ၊လူမှုကူညီရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းအချိန်မှ စတင်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း – ​နောင်ရိုး

ဓါတ်ပုံ – ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံး

#peoplemedia #EPN


Share this post