• Follow Us on

Home ဖားကန္႔ေက်ာက္စီးေမွာ္ေဒသရွိ ကန္႔သတ္နယ္ေျမအတြင္းသုိ႔ ဝင္ေရာက္သည့္ တ႐ုတ္ႏုိင္ငံသား တစ္ဦးဖမ္းမိ

ဖားကန္႔ေက်ာက္စီးေမွာ္ေဒသရွိ ကန္႔သတ္နယ္ေျမအတြင္းသုိ႔ ဝင္ေရာက္သည့္ တ႐ုတ္ႏုိင္ငံသား တစ္ဦးဖမ္းမိ

Share this post

ဖားကန႔္၊ ဇန္နဝါရီ -၂၃

ဖားကန႔္ေက်ာက္စိမ္းေမွာ္ေဒသရွိ ႏုိင္ငံျခားသား ခရီးသြားလာခြင့္ ကန႔္သတ္နယ္ေျမအတြင္း လာေရာက္ခဲ့သည့္ တ႐ုတ္ႏုိင္ငံသားတစ္ဦးအား ယေန႔ ဇန္နဝါရီလ(၂၂) ရက္ေန႔တြင္ ဖမ္းဆီးရမိ၍ အေရးယူနိုင္ရန္ စီစဥ္ေဆာင္ ႐ြက္ေနေၾကာင္း ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈဦးစီးဌာနမွ သိရသည္။

အဆိုပါတ႐ုတ္နိုင္ငံသားမွာ ဖားကန႔္ၿမိဳ႕သို႔ ဇန္နဝါရီလ(၁၉)ရက္ေန႔မွ စတင္ေရာက္ရွိလာခဲ့ၿပီး လည္ပတ္သြား လာေနခဲ့ရာမွ တာဝန္သိလုပ္သားျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ ၿမိဳ႕နယ္လဝက႐ုံးမွ တာဝန္ရွိသူမ်ားက စစ္ေဆး၍ အေရးယူနိုင္ရန္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ယင္းတ႐ုတ္နိုင္ငံသား၏ အမည္မွာ Mr.ZHOU WEI HONG (E.C.9807912) Busines-Visa ကိုင္ေဆာင္ထား ေသာ္လည္း နိုင္ငံျခားသား(ဧည့္နိုင္ငံျခားသား) ဝင္ေရာက္လည္ပတ္ရန္ ကန႔္သတ္ထားသည့္နယ္ေျမအတြင္း လာေရာက္ခဲ့သည့္အတြက္ လဝကအက္ဥပေဒ-၄(၁)/၁၃(၁)ျဖင့္ တရားစြဲဆိုရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

#PeopleMedia #Political

(Unicode)
ဖားကန့်ကျောက်စီးမှော်ဒေသရှိ ကန့်သတ်နယ်မြေအတွင်းသို့ ဝင်ရောက်သည့် တရုတ်နိုင်ငံသား တစ်ဦးဖမ်းမိ
……………………………………………………………

ဖားကန့်၊ ဇန်နဝါရီ -၂၃

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ နိုင်ငံခြားသား ခရီးသွားလာခွင့် ကန့်သတ်နယ်မြေအတွင်း လာရောက်ခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးအား ယနေ့ ဇန်နဝါရီလ(၂၂) ရက်နေ့တွင် ဖမ်းဆီးရမိ၍ အရေးယူနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။

အဆိုပါတရုတ်နိုင်ငံသားမှာ ဖားကန့်မြို့သို့ ဇန်နဝါရီလ(၁၉)ရက်နေ့မှ စတင်ရောက်ရှိလာခဲ့ပြီး လည်ပတ်သွား လာနေခဲ့ရာမှ တာဝန်သိလုပ်သားပြည်သူများ၏ သတင်းပေးပို့ချက်အရ မြို့နယ်လဝကရုံးမှ တာဝန်ရှိသူများက စစ်ဆေး၍ အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းတရုတ်နိုင်ငံသား၏ အမည်မှာ Mr.ZHOU WEI HONG (E.C.9807912) Busines-Visa ကိုင်ဆောင်ထား သော်လည်း နိုင်ငံခြားသား(ဧည့်နိုင်ငံခြားသား) ဝင်ရောက်လည်ပတ်ရန် ကန့်သတ်ထားသည့်နယ်မြေအတွင်း လာရောက်ခဲ့သည့်အတွက် လဝကအက်ဥပဒေ-၄(၁)/၁၃(၁)ဖြင့် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

#PeopleMedia #Political


Share this post