• Follow Us on

Home ဖားကန္႔၊ ေဝွခါေမွာ္၌ ထပ္မံေျမၿပိဳရာ လူေနအိမ္အခ်ိဳ႕ပါသြား

ဖားကန္႔၊ ေဝွခါေမွာ္၌ ထပ္မံေျမၿပိဳရာ လူေနအိမ္အခ်ိဳ႕ပါသြား

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၁

ကခ်င္ျပည္နယ္၊ ဖားကန္႔ ေဝွခါေမွာ္တြင္ ဇူလိုင္ ၁၀ ရက္ ညပိုင္းကေျမၿပိဳက်မႈထပ္မံျဖစ္ပြားရာ လူထိခိုက္မႈ မရွိေသာ္လည္း ေရႊ႕ေျပာင္းထားသည့္လူမ်ား၏ က်န္ရွိတဲအိမ္ငယ္အခ်ိဳ႕ပါသြားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ဦးဒါရွီလဆိုင္းကေျပာသည္။

ေျမၿပိဳက်မႈအေျခအေနႏွင့္ပတ္သက္၍ ဇူလိုင္ ၁၁ ရက္ PEOPLE MEDIA မွ ဆက္သြယ္ေမးျမန္းရာတြင္ ကခ်င္ ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ဦးဒါရွီလဆိုင္းကေျပာၾကား ခဲ့သည္။

“မေန႔က ညက ၁၁ မတ္တင္း၀န္းက်င္ေလာက္မွာေပါ့ ေျမၿပိဳက်မႈျဖစ္တယ္လို႔ သတင္းပို႔လာပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔ဆီကလည္း သြားၾကည့္ပါတယ္ခင္ဗ်။ သူကေတာ့ လူေတြထိခိုက္တာေတာ့မရွိဘူး။ ဘာေၾကာင့္ လူေတြထိခိုက္တာမရွိသလဲဆိုတဲ့အခါၾကေတာ့ သူက အဲဒီေနရာမွာက ဟိုလြန္ခဲ့တဲ့ေျမမၿပိဳခင္ကတည္း ကိုက ေျမအက္ေၾကာင္းေတြရွိတဲ့အခ်ိန္ၾကေတာ့ လူေတြမေနထိုင္ဖို႔အတြက္ကို သူတို႔ကိုယာယီေနထိုင္ဖို႔အတြက္ကို ေရႊ႕ေျပာင္းၿပီးသားေပါ႔။ သူတို႔တဲအိမ္ေလးေတြကေတာ့ ဒီေျမၿပိဳတဲ့အထဲပါသြားတယ္’’ ဟု ၎ကေျပာသည္။

ကခ်င္ျပည္နယ္ဖားကန္႔ ေဝွခါေမွာ္တြင္ ဇူလိုင္၂ရက္ေန႔က ေျမၿပိဳက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ ၁၇၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လူ ၅၀ ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

“ၿပိဳက်ႏိုင္တဲ့ေနရာေတြ သတိေပးဆိုင္းဘုတ္ကပ္ထားေတာ့ တခ်ိဳ႕လည္း သူတို႔၀မ္းစာေရးအတြက္ လူ၀င္တာ ေတြရွိတယ္လို႔လည္း ေျပာၾကတာေတြရွိတာေပါ႔။ ဒါေပမဲ့ ေန႔ခင္းေၾကာင္ေတာင္ အမ်ားအျပားနဲ႔ သြား၀င္တာ ေတာ့ မရွိေတာ့ဘူး။ တစ္ေယာက္တစ္ေလကေတာ့ ေမ်ာေၾကာင္းထဲမွာေတြ႕မလားဆိုၿပီး သြားလာတာေတာ့ ရွိတာေပါ႔။ ေဝွခါမွာေတာ့ မရွိၾကေတာ့ဘူး။ တျခားေမွာ္ေတြမွာေတာ့ သံတိုင္ေတြနဲ႔ လုပ္ေနတာေလးေတြရွိပါ တယ္” ဟု ၀န္ႀကီးဦးဒါရွီလဆိုင္းကထပ္မံေျပာသည္။

#PeopleMedia #ဖားကန္႔

(unicode)
ဖားကန့်၊ ဝှေခါမှော်၌ ထပ်မံမြေပြိုရာ လူနေအိမ်အချို့ပါသွား
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ ဖားကန့် ဝှေခါမှော်တွင် ဇူလိုင် ၁၀ ရက် ညပိုင်းကမြေပြိုကျမှုထပ်မံဖြစ်ပွားရာ လူထိခိုက်မှု မရှိသော်လည်း ရွှေ့ပြောင်းထားသည့်လူများ၏ ကျန်ရှိတဲအိမ်ငယ်အချို့ပါသွားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကပြောသည်။

မြေပြိုကျမှုအခြေအနေနှင့်ပတ်သက်၍ ဇူလိုင် ၁၁ ရက် PEOPLE MEDIA မှ ဆက်သွယ်မေးမြန်းရာတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကပြောကြား ခဲ့သည်။

“မနေ့က ညက ၁၁ မတ်တင်းဝန်းကျင်လောက်မှာပေါ့ မြေပြိုကျမှုဖြစ်တယ်လို့ သတင်းပို့လာပါတယ်ခင်ဗျ။ ကျွန်တော်တို့ဆီကလည်း သွားကြည့်ပါတယ်ခင်ဗျ။ သူကတော့ လူတွေထိခိုက်တာတော့မရှိဘူး။ ဘာကြောင့် လူတွေထိခိုက်တာမရှိသလဲဆိုတဲ့အခါကြတော့ သူက အဲဒီနေရာမှာက ဟိုလွန်ခဲ့တဲ့မြေမပြိုခင်ကတည်း ကိုက မြေအက်ကြောင်းတွေရှိတဲ့အချိန်ကြတော့ လူတွေမနေထိုင်ဖို့အတွက်ကို သူတို့ကိုယာယီနေထိုင်ဖို့အတွက်ကို ရွှေ့ပြောင်းပြီးသားပေါ့။ သူတို့တဲအိမ်လေးတွေကတော့ ဒီမြေပြိုတဲ့အထဲပါသွားတယ်’’ ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်ဖားကန့် ဝှေခါမှော်တွင် ဇူလိုင်၂ရက်နေ့က မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ပြိုကျနိုင်တဲ့နေရာတွေ သတိပေးဆိုင်းဘုတ်ကပ်ထားတော့ တချို့လည်း သူတို့ဝမ်းစာရေးအတွက် လူဝင်တာ တွေရှိတယ်လို့လည်း ပြောကြတာတွေရှိတာပေါ့။ ဒါပေမဲ့ နေ့ခင်းကြောင်တောင် အများအပြားနဲ့ သွားဝင်တာ တော့ မရှိတော့ဘူး။ တစ်ယောက်တစ်လေကတော့ မျောကြောင်းထဲမှာတွေ့မလားဆိုပြီး သွားလာတာတော့ ရှိတာပေါ့။ ဝှေခါမှာတော့ မရှိကြတော့ဘူး။ တခြားမှော်တွေမှာတော့ သံတိုင်တွေနဲ့ လုပ်နေတာလေးတွေရှိပါ တယ်” ဟု ဝန်ကြီးဦးဒါရှီလဆိုင်းကထပ်မံပြောသည်။

#PeopleMedia #ဖားကန့်


Share this post